ေဩာ်... ဘဝဘဝ
ကံအကျိုးပေးနည်းလာပြီဆို
ဘာလုပ်လုပ် အဆင်မပြေတော့ဘူး ။
စိတ်ညစ်လို့ လမ်းထိပ်က
ဓါတ်မီးတိုင်အောက်
တစ်ညလုံးသွားအိပ်နေတာ
မှောင်ရိပ်ခိုမှုနဲ့
ရဲဖမ်းခံလိုက်ရပါရောလား ။
အမေကပြောရှာတယ်
မင်းကွယ် ...
ဓါတ်မီးတိုင်အောက် အိပ်တာကို
မှောင်ရိပ်ခိုတယ် ဖြစ်ရသလားတဲ့ ။
မပြောပါတော့နဲ့ အမေရာ...
ကျုပ်အိပ်တဲ့ ဓါတ်တိုင်က
မီးပျက်သွားတာဗျ။
သူ့သားအဖြစ်လည်း ကြားရော...
အမေ့ခမျာ ယူကျုံးမရငိုလိုက်တာလေ
စခန်းမှူးကိုလည်း တောင်းပန်ရှာတယ်။
ဆရာရယ်...
ကျွန်မအာမခံလည်း မလုပ်ပါဘူး ။
အချုပ်ထဲ ခေါ်ထားလို့ရသလောက်
ခေါ်ထားစမ်းပါ။
အိမ်မှာထားရတာ ဆန်ကုန်လို့တဲ့ ။
အမေက ကျုပ်ဆိုသိပ်ချစ်တာလေ ။
ဓါတ်တိုင်အောက်...
သွားအိပ်တယ်ဆိုတာကိုက
အမေနှင်ချလိုက်တာ ။
ကျုပ်အိပ်ခါစက မီးလာပါသေးတယ်။
မှေးခနဲ ခွေးသေဝက်သေ
အိပ်ပျော်နေတော့မှ မီးပျက်သွားတာ ။
"ဟေ့ကောင် ထစမ်း"ဆိုပြီး
လာလည်းနှိုးရော...
အမေစိတ်ဆိုးပြေလို့
လိုက်ခေါ်တယ်ထင်တာပေါ့။
ကုန်းကျုံးထကြည့်လိုက်တော့မှ
ရပ်ကွက်လူကြီးနဲ့ ရဲတွေ
ဖြစ်နေပါရောလား ။
"ဟာ၊ ဆရာတို့...
လှည့်ကင်းလား"ဆိုတော့
"မဟုတ်ဘူး။
အရက်ဆိုင်က ထလာတာ။
မင်းတွေ့လို့ အမှုလုပ်ရအောင်
ဝင်ခေါ်တာ"တဲ့။
ကြားလို့မှ ကောင်းကြသေးရဲ့လား ။
စခန်းမှာ သိပ်မကြာပါဘူး
ထုံးစံအတိုင်း ဟိုမေးဒီမေးနဲ့
တစ်ပတ်လောက်နေရတာ ။
ဒါတောင် အမေစခန်းမှူးကို
လာဘ်ထိုးလိုက်လို့့
သုံးရက်ထပ်အိပ်လိုက်ရသေးတယ် ။
စုစုပေါင်း ဆယ်ရက်ပေါ့ ။
စခန်းမှူးကလည်း...
အမေနောက်တစ်ခါ
လာလာဘ်ထိုးတော့ ပြောတယ်။
"အစ်မ၊ ပိုက်ဆံပေးလည်း
ကျွန်တော် ဒီကောင့်ကို
ဆက်မထားနိူင်တော့ဘူး။
ကြာရင် တခြားအချုပ်သားတွေပါ
ပျက်စီးလိမ့်မယ်"တဲ့ ။
စောက်ကျိုးနဲ ငါပါလားပေါ့ ။
အမေကလည်း
ဝမ်းသာအားရ ပြောရှာတယ်။
"စခန်းမှူးရယ်...
နောက်တစ်ခါ အမှုလိုရင်
ကြုံရင် ကြုံသလို ဝင်ဖမ်းပါ။
ကျွန်မကိုယ်တိုင် ဂုတ်ဆွဲပြီး
စခန်းလိုက်ပို့ပါမယ်"ဆိုလား ။
လေပေးလေယူတွေ
ဖြောင့်နေလိုက်ကြတာ ။
လူချစ်လူခင်
ပေါပုံများ ပြောပါတယ် ။
ကျုပ်စဉ်စားတယ် ။
"ေဩာ် ... ဒီအတိုင်းဆက်နေရင်တော့
ငါ့ဘဝ ဆုံးဆုံးမြုပ်တော့မယ် ။
မဖြစ်ဘူး ပြင်မှဟ"လို့တွေးပြီး
ဗဟုသုတလေး ရှာမှီးရင်း
တည်တည်ငြိမ်ငြိမ်နေချင်လို့
ရှိစု, မရှိအမေ့ဆီက ဘတ်ထားတဲ့
ပိုက်ဆံနဲ့ ဖုန်းတစ်လုံး ဝယ်ကိုင်တယ် ။
ဖုန်းက ကိုးပတ် သတ်ဂျန်နရေးရှင်းပါ ။
နားရှုပ်သွားလား ။
ဖုန်းအသစ်မဝယ်နိူင်ရင်
စကန်းဝယ်ကိုင်ကြတယ်မို့လား ။
ကျုပ်ဝယ်တဲ့ဖုန်းက
စကန်းဝယ်ကိုင်တဲ့လူဆီက
ပြန်ဝယ်လိုက်တာကို ပြောတာ ။
အဲ့တော့ သတ်ဂျန်နရေးရှင်းပေါ့ ။
သက်ဂျန်နရေးရှင်းဆိုလို့
လျှော့မတွက်နဲ့။
ဖုန်းဝယ်တုန်းက
နားကြပ်ပါတယ် ။
အားသွင်းကြိုးပါတယ် ။
ပါဝါဘန့်တောင် ပါသေးတယ် ။
နားကြပ်က သီချင်းနားထောင်ရင်
နားကြပ်ထည့်ထားတဲ့ကျုပ်
ဘာမှ မကြားရဘူး ။
အဲ ... ပတ်ဝန်ကျင်မှ လူတွေကသာ
ကျုပ်ဘာသီချင်းဖွင့်ထားလဲဆိုတာ
လုံးစေ့ပတ်စေ့ အကုန်ကြားရတယ် ။
ဒီလို ကွာလတီကောင်းတာ ။
အားသွင်းကြိုးကတော့
ဖုန်းအားသွင်းချင်ရင်
အားသွင်းကြိုးကို
ဖုန်းနဲ့ ပလပ်ပေါက်တပ်ပြီး
ပစၴားလို့ မရဘူး ။
အားမပြည့်မချင်း
လက်ကကိုင်ထားရတာ ။
အဲ .. ကိုယ်များ လက်ညောင်းလို့
နည်းနည်းလှုပ်လိုက်ရင်
ရှိသမျှအား ကုန်ပြီသာမှတ် ။
ဒင်းက နည်းနည်းမှ
အတိမ်းအစောင်းမခံဘူးရယ် ။
အားကို ချော့သွင်းနေရတာ ။
ပါဝါဘန့်ကတော့ ကောင်းတယ် ။
ခုအားသွင်းထားလို့
အားအပြည့် ကျန်သေးတယ်။
( ၁၅ )မိနစ်လောက်နေလို့
ဖွင့်ကြည့်လိုက်ရင် ကုန်နေပြီ ။
မဆိုးပါဘူး။
ဖုန်းလေးကတော့
သုံးလို့ အဆင်ပြေတယ်။
ဖုန်းသုံးချင်လို့ ပါဝါဖွင့်ရင်
မနက်အစော ၅ နာရီလောက် ထဖွင့်ထား။
ညနေ ၄ နာရီထိုးရင် ပါဝါပွင့်ပြီ ။
ပါဝါပွင့်လို့ ဆဲဖီးဓာတ်ပုံ ရိုက်မယ်ဆိုရင်
ဗိုက်ပါဆိုတဲ့ ဆော့ဝဲကို
အဆက်မပျက် ၁၀ ခါလောက်နှိပ်လိုက်။
နာရီဝက်လောက်နေရင် စ,ရိုက်လို့ရပြီ ။
ဒီနေရာမှာ ကျုပ်ဖုန်းရဲ့ အားသာချက်က
ဓါတ်ပုံရိုက်မယ်ဆိုရင် တခြားဖုန်းတွေလို
ကင်မရာခလုတ် နှိပ်စရာမလိုဘူး။
သူ့ဘာသူ အော်တိုနှိပ်နေတာ။
ကျုပ်က....
လက်နှစ်ချောင်းထောင်လိုက်
ပါးဖောင်လိုက် ပိုစ့်ပေးနေရုံပဲ ။
ပုံ ၅၀ လောက် သွသူဇွတ်ရိုက်ပစ်တာ ။
တားလို့လည်း မရဘူး ။
ဖလပ်မီးတွေ စွတ်ပွင့်ပြီး
တဖျပ်ဖျပ်ရိုက်နေတော့တာပဲ ။
ပိုစ့်သာ အမျိုးမျိုးပေးဖို့ပြင်ထား။
ဓါတ်ပုံရိုက်ပြီးလို့ ပြန်ကြည့်ချင်ရင်
မြူးဇစ်ဆိုတဲ့ ဆော့ဝဲထဲဝင်ကြည့်လိုက်ရုံပဲ ။
အင်း ... တခြားဖုန်းတွေလို
ဂယ်လာရီထဲ သွားဖွင့်ကြည့်ရင်တော့
ဖုန်းခေါ်တဲ့နေရာ ရောက်သွားရော ။
ဖုန်းခေါ်ချင်ရင်လည်း
အစ စာလုံး ဇီးရိုးပဲနှိပ်လိုက်။
ကျန်တဲ့ နံပါတ်တွေကို
ဖုန်းက သွသူ သိတယ်။
ဂဏန်း ၁၆ လုံးလောက်ကို
သူ့အသိနဲ့သူ တန်းရိုက်ပစ်တာ ။
ဘယ်နိူင်ငံတွေ ရောက်လို့
ရောက်ကုန်မှန်းကို မသိတာ ။
တခါတုန်းကလဲ ပေါ်ချင်တဲ့
ဂဏန်းတွေ ပေါ်လာပြီး
သွသူ ဖုန်းခေါ်တာ။
စီးတီးFM ရေဒီယိုအစီအစဉ်ကို
ရောက်သွားလို့ စိုင်းစိုင်းခမ်းလှိုင်ရဲ
"ဝမ်းနည်းမှတ်တမ်း"သီချင်းတောင်
တောင်းလိုက်ရသေးတယ် ။
ကိုယ့်ဘက်က ဖုန်းခေါ်ထားရင်
ကိုယ်ဖုန်းချချင်တဲ့အချိန်
ဖုန်းချလို့မရဘူး ။
စခရင်မှာ ပေါ်နေတဲ့
အဖြူရောင်စပေါ့လေး
လျှောက်ပြေးနေတာကို ကြည့်ထား။
ဖုန်းချတဲ့ အနီရောင်အန့်ပေါ်
မရောက်မချင်း ဆုတောင်းနေရုံကလွဲလို့
ဘာမှ မတက်နိူင်ဘူးရယ် ။
တခါတေလဆို
တော်တော်နဲ့ဖုန်းမကျလို့
ရှိတဲ့ဘေကုန်မှ ပါဝါပိတ်သွားတာ။
ဘေမကုန်မချင်း ဖုန်းမကျဘူး။
သစ္စာရှိချက်များ ပြောပါတယ်
ကျုပ်ကိုယ်တိုင်သာ...
ဘယ်ဆင်းကဒ်က ဘေချေးရင်
ဘယ်နံပါတ်တွေ ခေါ်ရတယ် မသိဘူး ။
ဖုန်းက အကုန်မှတ်မိတယ် ။
ဘေကုန်သွားရင် သွသူ တန်းချေးပစ်တာ ။
ဖုန်းကသာ ဟန်းနေတာ
ကြည့်လိုက်ရင် အစုတ်အတိုင်းပဲ ။
မှန်က စပိုက်တာကွက်လေး
ကွဲနေတာကလွဲရင်
ခလုတ်တစ်ခုမှ နှိပ်မရဘူး ။
ဒါနဲ့ ဖုန်းပြင်ဆိုင်သွားပြဖူးတယ်။
"သုံးရက်လောက်နေရင်
လာယူဆိုလို့ သွားယူတော့
ကျုပ်ဖုန်းကို ပြင်တဲ့လူ
ရူးချင်သလိုလိုဖြစ်လို့
အလုပ်ထုတ်ပစ်လိုက်ပြီ"တဲ့ ။
"ဒီဖုန်းကို...
ဘယ်တော့မှ လာမပြင်ပါနဲ့။
ဖြစ်နိူင်ရင် ဆိုင်ရှေ့ကတောင်
ဖြတ်မလျှောက်ပါနဲ့"လို့ပြောပြီး
နှင်လွှတ်လိုက်ပါရောလား ။
အခုအဲ့ဒီဖုန်း ပြန်ရောင်းလိုက်ပါပြီ ။
အထမ်းသည်ကုလား ဝယ်သွားတာ ။
စျေးလည်းရလိုက်တယ် ။
(၁၅၀၀) ပေးသွားတယ် ။
ဝယ်သွားတဲ့ကုလား
သုံးသေးလားလို့ မေးကြည့်တော့...
"အိမ်မှာ ပါဝါဖွင့်ထားခဲ့တယ်။
ညနေပြန်မှ သိရမယ်"တဲ့ ။
အမယ် ... ဒါလေးမေးတာကို
ကုလားက မျက်နှာကြီးကို မည်းလို့ ... ။
🖊 ᶜʳᵉᵈⁱᵗ🖊
Comments
Post a Comment