*
အထက်ပေါက်နဲ့အောက်ပေါက်*
တစ်ခါတုန်းက အထက်အညာဒေသမှာ သီတင်းသုံးနေတဲ့ဘုန်းကြီးတပါးရှိတယ်။
ဘုန်းကြီးကိုအမြဲဆွမ်းကွမ်းလှူနေတဲ့ဒကာမတစ်ယောက်လဲရှိသတဲ့
တစ်နေ့မှာ ဒကာမက ဆွမ်းဟင်းမမှီတာနဲ့
ပေါက်ပွင့်လေးပြုပ်ပြီး မြေပဲဆန်များများနဲ့သုပ်
ဘုန်းကြီးဆွမ်းဘုန်းမှီအောင် ကပ်လိုက်တာပေါ့ ဘုန်းကြီးလဲခံတွင်းတွေ့သွားလေရဲ့ ဆွမ်းဘုန်းလို့လဲပြီးရော ပေါက်ပွင့်သုပ်လေးကဆွမ်းမြိန်လိုက်တာလို့
မိန့်သတဲ့ ဒါကိုစေတနာပိုတတ်တဲ့ ဒကာမက ဘုန်းကြီးပေါက်ပွင့်ကြိုက်တာပဲဆိုပြီး နေ့တိုင်း
ပေါက်ပွင့်ပြုပ်သုပ် ပေါက်ပွင့်ကြော် ပေါက်ပွင့်ဘာညာပေါ့ တနေ့့တမျိုးမရိုးနိုင်အောင်လက်စွမ်းပြပါလေရော
ကြာတော့ဘုန်းကြီးက ဒါမကြိုက်ဘူးဆိုပြီး ငြင်းမရတာကတကြောင်း ပေါက်ပွင့်သုပ်ရိုးလာတာကတကြောင်း ပေါက်ပွင့်နဲ့ဝေးရာ အောက်ပြည်အောက်ရွာကို
ပြေးခဲ့သတဲ့ အဲ့ဒီမှာ အောက်ပြည်အောက်ရွာရောက်တော့လဲ တိုက်တိုက်ဆိုင်ဆိုင် ဆွမ်းပွဲထဲ ဒီပေါက်ပွင့်သုပ်က ပါလာပြန်ရောတဲ့
ဘုန်းကြီးလဲ စိတ်နာနာနဲ့ကျိတ်မှိတ်ဘုန်းပေးပြီး အောက်ပြည်ကဒကာမကိုတော့ သူပေါက်ပွင့်မစားချင်တာကို အရိပ်အမြွတ် ပြောထားမှပဲဆိုပြီး အိမ်းးးးကျုပ်အရင်သီတင်းသုံးခဲ့တဲ့ အထက်အညာဒေသက ဒကာမလဲ ကျုပ်ကို ပေါက်ပွင့်အမြဲသုပ်ပြီးကပ်တယ် လို့စကားအစပဲချီရသေး အောက်ပြည်သူဒကာမက တမျိုးတွေးပြီး
သူ့လက်ရာနဲ့အထက်ကလက်ရာ ဘယ်ဟာကပိုကောင်းသလဲမေးလျှောက်အုံးမှဆိုပြီး မေးလိုက်သတဲ့ အရှင်ဘုရား အထက်ပေါက်နဲ့အောက်ပေါက် ဘယ်ပေါက်က ပိုကောင်းပါသလဲဘုရားတဲ့ ဘုန်းကြီးလဲ ခုလက်ရှိကအောက်ပြည်မှာဆိုတော့ အောက်ပေါက်ကပိုကောင်းတာပေါ့လို့ဖြေလိုက်သတဲ့ …………
Crd
CRD

Comments
Post a Comment