"တီ...တီ"
"ဟာGameဆော့နေပါတယ်ဆို...ဒီဖုန်းကလည်းကွာ"
"သားကြီး...Motherဆိုပါလား...ကိုင်လိုက်လေကွာ...ဘာအရေးကြီးလည်းမှမသိတာ"
"ဟာကွာ...မကိုင်ဘူးရှုံးတော့မယ်...starတစ်လုံးရဖို့လွယ်တာမှတ်လို့...ထပ်ခေါ်ပြန်ပြီ...Blockထားမယ်ကွာ"
"Defeat...ရှုံးပြီကွာ...Epicကကိုတက်ရမှာမဟုတ်ဘူး...အိမ်မှာဆိုဆူလို့...ဆိုင်လာဆော့တာတောင်
ဖုန်းလိုက်ခေါ်နေတယ်...အာရုံပဲကွာ..."
"သားကြီးgameလည်းပြီးပြီပဲပြန်ခေါ်လိုက်ပါကွာ"
"မခေါ်ဘူးကွာ...starတစ်လုံးပြန်ယူမယ်...ပြီးမှခေါ်မယ်"
Victory..."ဟားဟား...sun pro ကွတွေ့လား
ငါMVPပဲ...ကဲကဲ mother gyiဖုန်းblockဖြည်ပြီးပြန်ခေါ်ဦးမယ်...ဟခေါ်ထားတာအများကြီးပါလား...ဘာအရေးကြီးလည်းမသိဘူး...ပြန်ခေါ်ဦးမှ...ဟာ..မကိုင်ပလားသားကြီးငါအိမ်ခဏပြန်ဦးမယ်...ဘာဖြစ်လည်းမသိဘူး"
လမ်းတလျှောက်လုံးဖုန်းခေါ်လာသည်။ဖုန်းကလုံးဝမကိုင်...သူစိတ်ပူစပြုလာသည်...အမေကအိမ်မှာတစ်ယောက်ထဲ...အဖေကအလုပ်မှာ...ပြီးတော့အမေ့မှာသွေးတိုးနှလုံးရောဂါစုံလှသည်...
အိမ်မှာအမေတစ်ခုခုများဖြစ်နေပြီလား...ဘုရားဘုရား...ဘာမှမဟုတ်တဲ့gameအတွက်အမေ့ကိုပစ်ထားမိသွားပြီ...အပြေးအလွှားပြေးကာပြန်လာမိသည်။
အိမ်ရှေ့ရောက်တော့အိမ်တံခါးပိတ်ထားသည်။
"အမေ..အမေ"
ထူးသံမကြားရ...အမေတစ်ခုခုဖြစ်လို့ဆေးရုံရောက်နေတာလား...မျက်ရည်တွေကျလာသည်
အမေအကျယ်ကြီးအော်မိလိုက်သည်။
ဘေးအိမ်မှအန်တီကြီးထွက်လာကာ...
"ဟိုအကောင်ခုမှအကျယ်ကြီးအော်မနေနဲ့...
နင့်အမေနင့်ကိုစာပေးသွားတယ်...ရော့"
စာရွက်ကိုတုန်တုန်ရီရီယူပြီးမျက်ရည်ကြားမှဖတ်ကြည့်လိုက်တော့
"ဒီယားမိုင်ဆန်း...ဒီစာကိုမင်းဖတ်နေတဲ့အချိန်မှာ..အမေကအဝေးတနေရာရောက်နေပါပြီ...
မင်းအဖေအမျိုးတွေရောက်လာလို့ တို့ချောင်းသာကိုအားချင်းလိုက်သွားကြပြီ...မင်းကိုဖုန်းခေါ်သားပဲ...
မင်းမှမကိုင်ပဲ...သုံးရက်ကြာမယ်...
Gemဖြည့်ဖို့ဆိုမင်းဘတ်ထားတဲ့ပိုက်ဆံနဲ့စားပါ...ဘုန်းကြီးကျောင်းမှာညအိပ်ပါ...ph မခေါ်နဲ့တော့...silentလုပ်ထားတယ်...မင့်အဖေအတွက်ပဲအချိန်သီးသန့်ပေးချင်လို့...မင်းဒါတွေနားလည်မှာမဟုတ်ပါဘူး...မင်းကFAဆိုတော့...ကဲနောက်၃ရက်နေမှတွေ့မယ်...စော်ပစ်Epicကမတက်တဲ့အမေ့သားရုပ်ဆိုးလေး"
"ရက်စက်လိုက်တာအမေရယ်...ရက်စက်လိုက်တာ..အီး...ဟီး...ဟီး"🤧🤧🤧
Crd
re-create Sai Sai
Credit. Original🤗

ငိုရတော့မလိုလို😂😂
ReplyDelete