ကျမ ဒီနေ့ ဘဏ်သွားတယ် ပိုက်ဆံထုတ်ဖို့စောင့်နေ

တဲ့အချိန် .. ကျမ နားကို အဖွားတစ်ယောက်လာထိုင်

တယ်..လူတွေက ရှုပ်နေတော့ ပိုက်ဆံထုပ်ဖို့

တော်တော်ကြာအောင်စောင့်နေရတယ်……………


အဲ့ချိန်မှာ အဖွားက ကျမ ကိုစကားလာပြောတယ်


 ```````မြေး ပိုက်ဆံလာထုတ်တာလား´´´´´´´တဲ့


~~~~ဟုတ်ကဲ့ အဖွား~~~~


``````Aww အဖွားလည်း သမီးက ပိုက်ဆံပို့လိုက်လို့ ပိုက်ဆံလာထုတ်တာလေ´´´´´´´´


 ~~~အော် ဟုတ်~~~


```````အဖွားမှာ သားနဲ့သမီးနှစ်ယောက်ရှိတယ်

သားက အရာရှိလေ(ဂုဏ်ယူတဲ့မျက်ဝန်းတွေနဲ့)

 သမီးကတော့ဘွဲ့ရပြီးတော့ အိမ်ထောင်ကျသွားပြီ ´´´´´


~~~ aww ဟုတ်လား အဖွား သားသမီးရတာကံကောင်း

တယ်နော် နှစ်ယောက်စလုံး ကတော်ပြီး မိဘ ကိုပြန်ကြည့်တဲ့ သားသမီးနဲ့တွေ့ရတာ~~~~~


``````ဟုတ်တယ် အခုလည်းသမီးကပိုက်ဆံနှစ်သောင်းပို့

လိုက်လို့လာထုပ်တာ သမီးတို့ကအဆင်ပြေတယ်

          သူနေတဲ့မြို့မှာစျေးဆိုင်အကြီးကြီးဖွင့်ထားတာ

(ပီတိဖြစ်နေတဲ့မျက်နှာနဲ့ )´´´´´´´


~~~ဟုတ်လား ~~~~


အဲ့အချိန်မှာ ဘဏ်ဝန်ထမ်းက လာပြောတယ်

အဖွား ပိုက်ဆံကမရောက်သေးဘူး ခင်ဗျ………


`````သမီးကဒီနေ့ပို့လိုက်မယ် ပြောတာပဲ´´´´´´


::::ဟုတ်ကဲ့ ခင်ဗျ ဒီမှာတော့မရောက်သေးဘူး ဟိုဘက်ကို

တစ်ချက် ဖုန်းဆက်ကြည့်လိုက်နော်အဖွား::::::


အဲ့ဒါနဲ့အဖွားကကျမကို~


``````သမီး အဖွားကို ဖုန်းလေးတစ်ခါလောက်ခေါ်ပေး

ပါ့လား´´´´´


~~~ ~ဟုတ်အဖွား ရပါတယ် Ph နံပါတ်လေး

ပြော ဆိုတော့ စာအုပ်ခပ်နွမ်းနွမ်းလေး ထုတ်ပြီးတော့ သမီးပါ့သာ ဖတ်ပြီးခေါ်လိုက်နော်တဲ့

အဲ့ဒါနဲ့ Ph ဝင်သွားတယ်

ကျမ က အဖွား Ph ဝင်ပြီပြောလိုက် ဆိုတော့

Phယူပြောတယ် ကျမ လည်းဟိုဘက်က ပြောတာ မကြားရဘူး လေ ……


ဟိုဘက်က အဖွားသမီးက ဘာပြောလဲမသိဘူး

အဖွားက Ph လာပေးတယ် အဖွားသမီးပြောတာ အဖွားသိပ်မကြားရလို့သမီးနားထောင်ပေးလို့ပြောတယ်

ကျမလည်း ~~~~hello အမ ~~~~


အဖွားသမီးကပြန်ပြောတယ်


``````ညီမရေ ပြောပေးအုံးဟိုဘက်က နားလေး ကို ဒီနေ့ပိုက်ဆံမပို့နိုင်ဘူး အလုပ်ရှုပ်နေလို့ Ph 

လဲ ခဏ ခဏ တဂျီ ဂျီလည်း မဆက်နဲ့လို့ပြောပေးလိုက်´´´


 တဲ့ ... ကျမလည်း ရင်ဘက်ထဲမှာစို့လာပြီးနားထောင်နိုင်စွမ်း

မရှိတော့တာနဲ့

````ဟုတ်ကဲ့အမပြောပေးပါ့မယ်

လို့ပြောလိုက်တယ်………


ဟိုဘက်က ဖုန်းချသွားတယ်.,


ကျမကိုမျှော်လင့်ချက်မျက်ဝန်းတွေနဲ့ကြည့်နေတဲ့

အဖွားကို ကျမ ဘယ်လိုပြောပြရမလဲ..


~~~~အဖွားရဲ့သမီးကလေ ဒီနေ့အလုပ်တွေရှုပ်နေလို့

 ပိုက်ဆံမပို့နိုင်တာ အရမ်းစိတ်မကောင်းဖြစ်နေတာ

သိလား~~~~


```````ဟုတ်လား သမီးအလုပ်တွေရှုပ်နေတာ ကို 

အဖွားဒုက္ခပေးသလိုဖြစ်နေပြီ´´´´´


အဲ့ချိန်မှ ဒေါ်ဖြူလေးညို ပိုက်ဆံထုပ်လို့ရပါပြီလို့

ခေါ်သံကြားတော့


ကျမလည်း အဖွား သမီးကိုခဏစောင့်ပေးနော်……


`````အေးအေး မြေး…´´´´´


ပိုက်ဆံထုပ်ပြီးတော့


~~~~အဖွားဘယ်ပြန်မှာလဲ ဘာနဲ့ပြန်မှာလဲ~~~


``````လိုင်းကားနဲ့ ပြန်မှာ(ညှိုးငယ်သောမျက်

ဝန်းတွေနဲ့ )´´´´


~~~သမီး လိုက်ပို့ပေးမယ်လေအဖွား~~~~


`````လိုက်မပို့နဲ့ မြေးအိမ်ကဝေးတယ် မြေးလည်းရုံး

ပြန်သွားရမှာမဟုတ်လား´´´´´


~~~~အဲ့ဒါဆို အဖွား နည်းတယ်များတယ်သဘောမ

ထားပါနဲ့ သမီးအိမ်ကပို့တဲ့ မုန့်ဖိုးထဲက တစ်သောင်း 

ကန်တော့ပါရစေ~~~~


`````သာဓု သာဓု သာဓု ပါ မြေး´´´´

(မျက်ရည်တွေစို့နင့်စွာနဲ့ ဆုတွေအများကြီး

ပေးသွားတယ်) 

ကားဂိတ်အထိလိုက်ပို့လိုက်တယ် 

ကျမလှူလိုက်တဲ့ပိုက်ဆံက အများကြီး

မဟုတ်ပေမယ့် အဖွားတွက်တော့ အခိုက်တန့်

လေးအဆင်ပြေသွားမှာပါ

တကယ်ကိုရင်ထဲစိတ်မကောင်းကြီးစွာခံစားလိုက်ရတယ် သူ့တို့အတွက် ပိုက်ဆံနှစ်သောင်းက

ဘာမှမဟုတ်ပေမယ့် မိဘတွေအတွက် သားသမီး ဆီကပို့လိုက်တဲ့ ပိုက်ဆံကဘယ်

လောက်တန်ဖိုးကြီးမှန်း မသိကြဘူး

မိဘဆိုတာ ဘယ်လောက်ပဲပိုက်ဆံရှိရှိ

သားသမီးဆီက အသိမှတ်ပြုမှုကို

မိဘတိုင်းလိုချင်ကြတာချည်းပဲ

မိဘကိုတန်ဖိုးထားရကောင်းမှန်းဒီအသက်ဒီအရွယ်ထိ မသိကြတာပဲလား မသိချင်ယောင်ဆောင်

နေကြတာလား

ကျမ သံဝေဂ ရမိတယ်

အဲ့နေရမှာ ကျမ မိဘဆိုရင်ရော လို့ 

အတွေးနဲ့လေးနဲ့တင် ကျမရင်ကွဲအောင်ခံစားမိတယ်

ဒီအချိန်မှာ မိဘတွေဘက်က သားသမီးတွေ

အတွက်လိုသေးမရှိအောင် ထားပေးတယ်

ဘာပဲလိုအပ်လိုအပ် အရာရာကိုမညည်းမညူ

ပဲဖြည့်ဆည်းပေးကြတယ်

ကျမ အလှည့်မှာရော မိဘတွေကို 

လိုလေသေးမရှိအောင် အရာရာကိုဖြည့်ဆည်း

ပေးနိုင်ပါ့မလား

ကျမ အရမ်းတုန်လှုပ်မိတယ်

ကျမ မိဘတွေအသက်ကြီးလာတဲ့အချိန်

လိုလေသေး နည်းနည်းမှမရှိအောင်

အရာရာကို ဖြည့်ဆည်းပေးနိုင်ဖို့ အများကြီး

အများကြီးကြိုးစားရအုံးမယ်

တစ်ချိန်ချိန်မှာ ဒီလို သားသမီး မဖြစ်ဖို့ ၊

သားသမီးတာဝန်ကျေနိုင်ဖို့ .. ကြိုးစားရအုံးမယ်

အဆုံးထိဖတ်ပေးလို့-

ကျေးဇူးတင်ပါတယ်ရှင် ...


မိမိကသာလှူနိူင်ပေးနိူင်သောသူ ဖြစ်ရပါလို၏

မိဘဆီကနေ...လက်ဖြန့်တောင်းနေမယ့်အစား...

မိဘကိုပေးနိူင်သော...သူများသာ ဖြစ်ကြပါစေရှင့် 🙏🙏🙏


Crd : ဖူးလေးညို


Via _ ခင်နန္ဒာသူ
 

Comments

Popular posts from this blog

ချောတယ်လို့