မေးရဲမေးကြည့်😆😅😂
မြို့နယ်တရားရုံးတွင် အမှုတစ်ခုကို စစ်ဆေးနေသည်။
ရှေ့နေက သက်သေအဘွားကြီးကို မေးသည်။
"ဒေါ်လေး ကျွန်တော့်ကို သိပါသလား"😎
"သိတာပေါ့အေ... 😋
ဘောင်းဘီမပါဘဲ ပြေးဆော့ကစားတဲ့ အရွယ်ကတည်းက သိခဲ့တာပဲ...
ရှင့်ကို... သေးစိုလို့ အနှီးလဲပေးခဲ့ရတာတောင် မှတ်မိနေတယ်...
တကယ်တန်း ပြောရရင် ရှင့်ကိုကြည့်ပြီး ကျွန်မ အကြီးအကျယ် စိတ်ပျက်မိတယ်...
ရှင်ဟာ... အမြဲတန်း မုသားပြောတယ်...
မယားငယ်ထားပြီး မယားကြီးကို နှိပ်စက်တယ်...
လူတွေကိုအထက်စီးက ဆက်ဆံတယ်...
ကိုယ့်ကိုယ်ကို ငါမှငါဆိုပြီး လက်မထောင်တယ်...
တကယ့်တကယ်မှာတော့ ရှင်ဟာ ဒုတိယတန်းစား ရှေ့နေမျှသာပဲရှင့်...
ကိုင်း... အခု ကျွန်မ ပြောတာကို ထောက်ခြင်းအားဖြင့် ကျွန်မ ရှင့်ကို ကောင်းကောင်းသိတယ်ဆိုတာ ပေါ်လွင်ပါတယ်နော်"😆
ရှေ့နေကြီး မမျှော်လင့်တာ ကြားရသဖြင့် ဘာလုပ်ရမှန်း မသိဖြစ်သွားသည် သို့နှင့် တဖက်အမှုသည်၏ ရှေ့နေကို လက်ညှိုးညွှန်ကာ မေးလိုက်သည်။
"ဒေါ်လေး တစ်ဖက်က ရှေ့နေကိုရော... သိပါသလား"😎
"သူ့လဲ ကျွန်မသိပါတယ်ရှင်...😋
ရှင့်လိုပဲ ငယ်ငယ်တုန်းက သူ့ကိုထိန်းခဲ့ အနှီးလဲပေးခဲ့ရပါသတော်...
အဲ... သူနဲ့ပတ်သက်လို့လည်း အများကြီးစိတ်ပျက်မိပါရဲ့ အပျင်းအင်မတန်ထူတာကလား...
ဝက်တစ်ကောင်လို စက်ဆုတ်ရွံရှာစရာကောင်းအောင် အရက်သောက်တဲ့လူ...
မိန်းမ အတည်တကျ မယူဘဲ အလေလိုက်နေတဲ့လူ...
သူ့ရုံးခန်းကလည်း စုတ်ချာလိုက်တာ လွန်ရော...
သူ့ကို အမှုအပ်တဲ့သူ ခပ်ရှားရှားရယ်...
အဲ... အခု သူ လူလိုသူလို နေနိုင်တာက တစ်ဖက်က မှောင်ခိုလုပ်နေလိုံရှင့်...
ကိုင်း... သူ့ကိုလည်း ကျွန်မ ကောင်းကောင်းသိတယ် ဆိုတာ ပေါ်လွင်ပါတယ်နော်"😆
ရုံးခန်းထဲ ရောက်နေသူအားလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည် အချင်းချင်း တီးတိုးပြောကြသည်။
တရားသူကြီးသည် နှစ်ဖက်ရှေ့နေများကို မိမိဆီ ချက်ချင်းလာရန် အရိပ်ပြလိုက်သည် ရှေ့နေနှစ်ယောက် ရောက်လာသောအခါ မာကျောခက်ထန်သောလေသံနှင့် ၄င်းတို့ ကြားလောက်ရုံပြောသည်။
"ခင်ဗျားတို့အထဲက တစ်ယောက်ယောက်ကများ ခုသက်သေကို😈 တရားသူကြီးကိုရော သိပါသလားလို့ မေးရဲရင်မေးကြည့် ရုံးတော်ကို မထေမဲ့မြင်လုပ်မှုနဲ့ မေးတဲ့လူကို ငါးမိနစ်အတွင်း ထောင်ချပစ်မယ် နားလည်လား"😬
😅😅😅😅
Oိာန်!💥
Htoo Htoo😅
#Credit
#Kokolin

Comments
Post a Comment