တိတ်ဆိတ်သော ညတစ်ညမှာ messenger က​နေ ကောင်မလေးတစ်ယောက် ဆက်သွယ်လာတယ်။ အစ်ကိုရေ တဲ့။ လိုင်းပေါ်မှာ ခင်နေတာကြာပြီဖြစ်ပေမယ့် ထွေထွေထူးထူး စကားမပြောဖူးဘူး။ ကိုယ်တင်သမျှ post တွေမှာ အမြဲ love react ပေးတတ်သူမို့ သတိထားမိနေတယ်။ ထွေထွေထူးထူး အကြောင်းအရာမရှိပဲ ထူးထူးဆန်းဆန်း သတိရလို့ ဆက်သွယ်မိတာပါတဲ့။

     ပြောရရင် ကိုယ်ကလဲ ကောင်မလေးတွေနဲ့ ခပ်ကင်းကင်း နေလေ့ရှိတာမို့ တော်တန်ရုံ ဘယ်သူနဲ့မှ စာပို့လေ့ မရှိပါဘူး။

        တိုတိုပြောရရင် ဒီလိုနဲ့ဒီတစ်ယောက်နဲ့တော့ အမြဲလိုလို ဆက်သွယ်မိသွားတယ်ဆိုပါတော့။ တစ်ရက်မှာတော့ သူ့ကို ပုဂံလိုက်ပို့ပါ ဆိုပြီး တောင်းဆိုလာတယ်။ ကိုယ့်မှာ မိသားစုနဲ့ ဝေးနေချိန် မိသားစုက တောင်းဆိုတာတောင် အကြောင်းအမျိုးမျိုးပြပြီး လိုက်မပို့ဖြစ်ခဲ့ပေမယ့် ဒီတစ်ယောက်ကိုတော့ ငြင်းဖို့ အားမရှိသလိုလို သံယောဇဉ် တွယ်မိသလိုလို ဖြစ်နေခဲ့တယ်။  

        ဒီလိုနဲ့ မသင့်မှန်းသိလို့ ငြင်းမယ်ကြံပေမယ့် မသိစိတ်က လိုက်လျောသွားမိတယ် ဆိုပါတော့လေ။ သူ့ wall ထဲ ဝင်ကြည့်တော့လဲ ခင်စရာကောင်းလောက်အောင် လှနေတာကိုး။ သွားမယ်ဆိုတော့ သူတောင်းဆိုတာရှိသေးတယ် ရောက်တုန်းရောက်ခိုက် ဟိုတယ်မှာ မိသားစုအခန်းကြီးကြီးနဲ့ တည်းချင်တယ်တဲ့။ မတူညီတဲ့ ဒေသကနေ လာကြပြီးမှ ဟိုတယ်မှာ စုံကြမယ်ဆိုပြီး စီစဉ်ကြတာပေါ့။ စိတ်ကူးထဲတော့ ရင်ခုန်သလိုလို ဘာလိုလိုပေါ့လေ။

      တကယ်လဲ ချိန်းတဲ့နေ့မှာ သူက ဟိုတယ်ကိုအရင်ရောက်တယ်။ ကိုယ်က နောက်ကျမှရောက်ပြီး ကြိုငှါးထားတဲ့အခန်းကို ရင်ခုန်စွာနဲ့အဖွင့် အခန်းထဲကနေ “ ဖေဖေ “ဆိုတဲ့ ကိုယ့်သားရဲ့အသံနဲ့အတူ ရှင့်ကို လိုက်ပို့ပါဆိုတော့အကြောင်းအမျိုးမျိုးပြနေလို့ ခုလိုစီစဉ်ရတာဆိုတဲ့ ဒေါသအိုးအသံက ကပ်ပါလာခဲ့တယ်လေ။ 

   မကောင်းပါဘူး။ ခေါင်းကွဲသွားလို့ ချုပ်ရတာလဲမကောင်းဘူး။ ဖောက်ပြန်တဲ့စိတ် ရှိတာလဲ မကောင်းဘူး။ အဲ မကောင်းတကာ့ မကောင်းတဲ့ထဲမှာ ကိုယ့်အကောင့်ထဲမှာ မိန်းမရဲ့ အကောင့်အတု ရှိနေပြီး အဲ အကောင့်တုနဲ့ သွားကြူမိတာ မကောင်းဆုံးပဲဗျို့။

( အသိတစ်ယောက်ရဲ့ ကိုယ်တွေ့ ဖြစ်ရပ်ကို ဖောက်သည်ချကြည့်တာ)


crd

Comments

Popular posts from this blog

ချောတယ်လို့