"ညီ ဦးကာဇင် အိမ်က ဘယ်နားလဲ"


"ဒီနားလေးမှာပဲ ဘာကိစ္စရှိလို့လဲဗျ"


"အော် သူထီပေါက်တာ လာအကြောင်းကြားတာပါ"


"ဘယ်လောက်လဲ"


"သိန်းပေါင်း တစ်သောင်းပါ"


"ဗျာ!!"


"ဟုတ်တယ်ဗျ သူ့ဖုန်းဆက်တာ စက်ပိတ်ထားလို့"


"နေအုံးဗျ ဦးကာဇင်က နှလုံးရောဂါသည်ဗျ သူ့ကို ချက်ချင်းသွားပြောလို့မရဘူး တော်ကြာ ဂေါက်ကနဲသေသွားအုံးမယ်"


"ဟုတ်လား "


"ခင်ဗျား အမှုပတ်မှာစိုးလို့ စေတနာနဲ့ သတိပေးတာပါ"


"ဟုတ်ကဲ့ ကျနော်ကို လိုက်ပို့ပေးနိုင်မလား"


"ရပါတယ် ဟိုရောက်ရင်သာ ခင်ဗျားက ဦးကာဇင်ကို ဖြည်းဖြည်းချင်း ပြောပေးပေါ့"


"စိတ်ချပါဗျာ"

.

.

.

.

ငအွပ်တ်လဲ ဦးကာဇင်ရဲ့အပျော်တွေမျှဝေချင်လို့ 

ဝမ်းသာတဲ့အနေနဲ့ ထီသည်ကို ဦးကာဇင်ရဲ့အိမ်အရောက် လိုက်ပို့ပေးလိုက်တယ်

.

.

.

"လာ..မောင်ရင်တို့လာ"


"ဦးနေကောင်းတယ်နော်"


"အိန်း...ဒါနဲ့ ဘာကိစ္စလဲ"


"ဦးလေး သိန်းထီထိုးထားသေးလား"


"ထိုးထားတယ်လေ"


"အဲ့သိန်းထီက တစ်သောင်းဆုပေါက်သွားရင်ကော"


အံမာ...ထီသည်က နှပ်တော့နှပ်သားဗျအစချီပုံက တော်တယ် ပညာယူထားအုံးမှ ငအွပ်တ်ဆိုတဲ့ကောင်လဲ ပညာကို ရသလောက်စုတာ စပ်စုတာမဟုတ်ဘူးနော်


"မင်းကို လာပြောပေးလို့ ကျေးဇူးဆပ်ခ ၁ထောင်ပေးမယ်ကွာ"


"ဒါဆိုဦးလေး ၁သိန်းဆုပေါက်သွားရင်ကော"


"မင်းကို ၂သောင်းပေးလိုက်မယ်ကွာ"


"ဦးလေးရဲ့ ထီလက်မှတ်က သိန်းငါးဆယ် ပေါက်နေခဲ့ရင်ကောဗျာ"


"မင်းကို ၁၀သိန်းပေးပစ်မယ်"


"ဦးလေး သိန်း၅၀၀ပေါက်သွားရင်ကော"


ထီသည် တဖြည်းဖြည်းနဲ့ အသံကျယ်လာတယ်လေ


"ကွာ..မင်းကို သိန်းတစ်ရာပေးလိုက်မယ်"


"!!!ဦးလေး သိန်းတစ်ထောင်ပေါက်ခဲ့ရင်ကော!!ဟော..ဟဲ..ဟော..ဟဲ.."


ထီသည် ပြောရင်း နဲနဲမောလာတယ်


"မင်းကို သိန်း သုံးရာ ပေးလိုက်မယ်"


"ဥ...ဥ...ဦး...လေး..လေး..သိန်း..သိန်း....တ..တ...တစ်သောင်း...ဆ..ဆ..ဆု..ပ..ပ..ပ.. ပေါက်ခဲ့ရင်...ဘယ်...ဘယ်...လောက်....ပေး..ပေး..."


ထီသည် စကားတောင် မပီတော့တဲ့အပြင် မနည်းအားယူပြီး ပြောနေတာပေါ့

မောလဲ အရမ်းမောနေပြီ 


"3ိာု !!!!!ကြာသလားလို့ မင်းကို သိန်း ငါးထောင် တစ်ယောက် တစ်ဝက် ယူပစ်မယ်ကွာ"


ထီသည်စကားမဆုံးခင် ဦးဇင်ကာ ထအော်ပြောလိုက်တဲ့ စကားကြောင့် ထီသည်....

.

.

.

.

.

"ဗျာ..!!!ဂစ်..ဂစ်..ဂစ်.."


"အမလေးလုပ်ကြပါအုံး ထီသည်ကြီးတက်သွားလို့"


ထီသည် အပျော်လွန်ပြီး တက်သွားတယ်လေ

ဆေးရုံရောက်ခဲ့ပေမဲ့.......ဝမ်းသာလုံးဆို့ပြီးသေသွားတယ်လေ


နှလုံးရောဂါ ဦးကာဇင်က ဘာမျှမဖြစ်ပါ


😊😊😊😊😊😊😊😊

Crd


Crd ## ငအွတ်

Comments

Popular posts from this blog

ချောတယ်လို့