#အမွှာတဲ့ဟေ့#


"ထိုက်ဆေးခန်း"


ဆေးခန်းဆိုင်းဘုတ်ကိုကြည့်၍အောင်ပုပြုံးလိုက်

သည်။သူ့သူငယ်ချင်းဒေါက်တာသန်းထိုက်၏ဆေး

ခန်းဖြစ်သည်။


အောင်ပုကရောဂါဖြစ်၍ဆေးခန်းလာသည်မဟုတ်၊

မိန်းမဈေးပိတ်ရက်ဖြစ်၍တစ်ကိုယ်တည်းလျှောက်

လည်ရင်းဤနေရာသို့ရောက်လာခြင်းဖြစ်သည်။

ရောက်တုန်းရောက်ခိုက်သူငယ်ချင်းဆီဝင် လည်

မည်။


နေ့ခင်းဖြစ်၍ဆေးခန်းမှာလူရှင်းနေသည်။ဒေါက်

တာသန်းထိုက်ကထမင်းစားရန်ပင်ပြင်နေသည်။


"ဟ အောင်ပုပါလား၊လာသူငယ်ချင်း၊ထိုင်ကွာ"


အောင်ပုဝင်လာသည်ကိုတွေ့သဖြင့်ဒေါက်တာသန်း

ထိုက်ကဝမ်းသာအားရနှုတ်ဆက်သည်။အောင်ပု

ကကုလားထိုင်တစ်လုံးတွင်ဝင်ထိုင်ရင်း


"ဘာရယ်မဟုတ်ဘူးသူငယ်ချင်း၊ဒီနေ့မိန်းမဈေးပိတ်

တော့ငါချေဦးတည့်ရာလျောက်လည်၊တွေ့တဲ့သူငယ်

ချင်းနဲ့လဘက်ရည်သောက်၊ကြုံတဲ့ဘတ်စ်ကားစီး

ဆင်းလိုက်တော့မင့်းဆေးခန်းရှေ့ရောက်လာတာ၊မင်း

ကိုလည်းမတွေ့တာကြာလို့ဝင်လာတာ။" ဟုပြောပြီး

ဟိုကြည့်သည်ကြည့်နှင့်ဆက်ပြောသည်။


"ဒါနဲ့သူငယ်ချင်း၊လူရှင်းတုန်းငါ့ဗိုက်ခဏကြည့်ပေး

ပါဦးတစ်နေ့တစ်ခြားပူလာသလိုပဲ"


"မင်းဗိုက်ကဘီယာဗိုက်ပဲဘာကြည့်ဖို့လိုမလဲ"ဒေါက်

တာသန်းထိုက်ကမိန်းမထည့်လာပေးသောထမင်းချိုင့်

ကိုစာပွဲပေါ်တင်ရင်းပြောလိုက်သည်။


"ငါကအသည်းကြီးတာဘာညာဖြစ်မှာစိုးလို့ကွ"


အောင်ပုကဆက်ရစ်နေစဉ်ဒေါက်တာသန်းထိုက်၏

ဝါသနာဟောင်းကလှစ်ကနဲပေါ်လာသည်။


"အေး၊ဒါလည်းဟုတ်တာပဲ၊မင်းကအသောက်အစား

နည်းနည်းရှိတယ်ဆိုတော့၊လာကုတင်ပေါ်တက်၊ငါ

စမ်းကြည့်လိုက်မယ်။"


အောင်ပုကကုတင်ပေါ်တွင်ပက်လက်လှန်ရင်းအစမ်း

ခံသည်၊ငါ့သူငယ်ချင်းကဒီလိုအားကိုးရတာဟုဂုဏ်

ယူနေသည်။ဒေါက်တာသန်းထိုက်ကအသေအချာ

စမ်းနေရာမှ


"ဟင်"


မျက်စိမျက်နှာပျက်နေသောဒေါက်တာသန်းထိုက်၏

အာမေဒိတ်သံကြောင့်အောင်ပုစိတ်ပူသွားသည်။


"ဘာဖြစ်လို့လည်းသန်းထိုက်"


အလောတကြီးမေးလာသောအောင်ပုကိုဒေါက်တာ

သန်းထိုက်ကကြောင်ကြည့်နေပြီး


"အောင်ပု ငါ့မျက်လုံးတွေသေချာကြည့်စမ်း၊ပုံမှန်

ပဲလား" ဟုမေးသည်။


အောင်ပုကသေသေချာချာကြည့်ပြီး"ပုံမှန်ပါပဲကွ

ဘာဖြစ်လို့လဲ"


"အေးငါမရူးဘူးဆိုရင်တော့မပြောမဖြစ်ပြောရမှာ

ပဲ၊ မင်း မှာကိုယ်ဝန် လေး လကျော်ရှိနေပြီ"


ဒေါက်တာသန်းထိုက်ကမျက်စိမျက်နှာပျက်လျက်

ပြောလာသဖြင့်အောင်ပုပါးစပ်ဟောင်းလောင်းဖြစ်

သွားသည်။


"သန်းထိုက်၊မင်းရူးနေလား၊ယောကျ်ားဗိုက်ကြီးတာ

ထုံးစံမှမရှိတာ"


အောင်ပုတစ်ယောက်စိတ်လည်းတိုသလိုစိုးရိမ်စပြု

လာသည်။သန်းထိုက်ကသူငယ်ချင်းထဲတွင်အတော်

ဆုံးဖြစ်သည်၊မိန်းမယူစော၍ပါရဂူမဖြစ်သေးစေ

ကာမူသူ့ကိုလျှော့တွက်၍မရ။


"ငါလည်းရူးချင်သွားပြီအောင်ပု၊ငါသေချာစမ်းတာ

မမှားနိုင်ဘူး၊ဒီလိုလုပ်ကွာ၊ လမ်းဟိုဘက်ထိပ်မှာ OG ဆေးခန်းရှိတယ်၊ယောက်ျားဆရာဝန်ပဲ၊မင်းသွားပြ

ကြည့်ပါလား၊"


ဒေါက်တာသန်းထိုက်ကစိတ်မကောင်းသောအမူအရာ

ဖြင့်အကြံပေးသည်။


"အေးသွားမယ်၊မဟုတ်ရင်တော့"


အောင်ပုကဆက်မပြောပဲအလျင်စလိုလုံခြည်ပြင်ဝတ်၊ပိုက်ဆံအိတ်ချိုင်းကြားညှပ်လျက်ထွက်သွားသည်။


အောင်ပုထွက်သွားသည်နှင့်ဒေါက်တာသန်းထိုက်က

ဖုန်းကောက်လှည့်လိုက်သည်။


"ဟဲလို ဟေ့ကောင် OG လား"


ဒေါက်တာသန်းထိုက်နှင့်လမ်းထိပ်ကOGမှာကျောင်း

နေဘက်သူငယ်ချင်းဖြစ်သည်။နာမည်မခေါ်ပဲOG

ဟုသာခေါ်သည်။


"ဒီမှာ ငါ့သူငယ်ချင်းအောင်ပုဆိုတဲ့အကောင်မင်းဆီ

လာလိမ့်မယ်၊ဒီကောင်ကိုငါဂျင်းထည့်လိုက်တယ်။

မင်းလိုအပ်သလိုကြည့်လုပ်လိုက်"


အောင်ပုရောက်သွားတော့ OG ဆေးခန်းမှာလူရှင်း

နေသည်။ ဆရာဝန်ကပုတီးစိပ်ပြီးလမ်းလျောက်

နေသည်။သူဝင်လာတာမြင်တော့ဆရာဝန်မျက်ခုံး

တစ်ဘက်မြင့်တက်သွားသည်။


"မိတ်ဆွေနေရာမှားနေတယ်ထင်တယ်၊ဒါသားဖွား

မီးယပ်အထူးကုဆေးခန်းလေ။"


OG ကမင်သေသေနှင့်ပြောလိုက်သည်။


"ကျွန်တော်သိပါတယ်ဆရာ၊လမ်းဟိုဘက်ထိပ်က

ကျွန်တော့်သူငယ်ချင်းဒေါက်တာသန်းထိုက်ကလွှတ်

လိုက်လို့ပါ၊" အောင်ပုကအသံတုန်တုန်နှင့်ပြန်ဖြေ

သည်။


"ဪလမ်းထိပ်မှာဆေးခန်းတစ်ခုရှိတာတော့သိပါ

တယ်၊ဆရာဝန်နာမည်တော့မသိဘူး၊ဒါနဲ့သူကဘာ

ဖြစ်လို့ခင်ဗျားကိုဒီလွှတ်ရတာလဲ" OGကအံဩဟန်

ဖြင့်မေးသည်။


"ပြောရလည်းခက်တယ်ဆရာ၊ဒီကောင်‌ကြောင်နေ

ပြီလားမသိဘူး၊ ကျွန်တော့်မှာကိုယ်ဝန်ရှိနေပြီတဲ့"


အောင်ပုကရှက်ရှက်နဲ့ပြန်ဖြေရှာသည်။


"ဟား ဟား ဟားဟား"

ဆရာဝန်ကအားပါးတရရယ်လိုက်သည်၊


"ခင်ဗျားကိုစမ်းစရာမလိုဘူး၊ခင်ဗျားသူငယ်ချင်းကို

စိတ္တဇဆေးရုံပို့ရမှာ၊ဘာဆရာဝန်လဲ၊ယောက်ျားရင့်

မာကြီးကကိုယ်ဝန်ရှိတယ်ဆိုတာ၊"


OG ကပြောလိုက်မှအောင်ပုက စိတ်သက်သာရာ

ရသွားသည်။ OG ကဆက်ပြောသည်။


"ကဲကဲဆရာဝန်အချင်းချင်းညွှန်လာတာဂရုမစိုက်

ဘူးဆိုတာမဖြစ်ရအောင်ဝတ္တရားအရစမ်းပေးမယ်

ဗျာ၊ကုတင်ပေါ်တက်။"


အောင်ပုကအနည်းငယ်စိတ်အေးသွားပြီးအစမ်းသပ်

ခံနေသော်လည်းOG စမ်းသပ်နေသည်မှာကြာလှသ

ဖြင့်စိတ်ပူလာပြန်သည်။ OG နဖူးမှချွေးကိုသုတ်

လျက်


"ထူးဆန်းလိုက်တာဗျာ၊လမ်းထိပ်ကဆရာဝန်ပြော

တာမှန်တယ်ဗျ၊ ခင်ဗျားမှာကိုယ်ဝန်ရှိနေပြီ၊ လေးလ

ကျော်နေပြီ၊ ပြီးတော့အမွှာဗျ" ဟုဆိုပြီးခေါင်းခါနေ

သည်။OG ကအတော်မင်မောင်းကောင်းသည်။


အောင်ပုတုန်တုန်ရီရီဖြင့်ကုတင်ပေါ်မှဆင်းလာသော

အခါOGကအားဆေးအချို့ကိုပေး၍


"ဖြစ်လာမှတော့အားမငယ်ပါနဲ့၊ဆေးမှန်မှန်သောက်၊

အလေးအပင်မ မနဲ့၊ မနက်စောစောလမ်းလျောက်

ပေါ့၊ ပိုက်ဆံပေးစရာမလိုဘူး"


အောင်ပုဒေါနှင့်မောနှင့်အိမ်ပြန်လာပြီး

အိမ်ဝမှမိန်းမ

ဖြစ်သူကိုလှမ်းအော်သည်။


"ဟေ့ အေးဖြူမ ၊ အေးဖြူ"


"ဘာတုန်း " 


အထဲမှ အသံမာမာနှင့်ပြန်ထူးသဖြင့်အောင်ပုဒေါသ

အထွတ်အထိပ်ရောက်သွားသည်။


"နင့်ကိုအစကတည်းကငါပြောတယ်။ကိုယ့်နေရာ

ကိုယ်နေပါလို့၊ အခုတော့အမွှာတဲ့ ဟေ့ အမွှာတဲ့ "


😄😂😂


(အပန်းပြေနိုင်ကြပါစေ)

Crd


#credit

via #WN

Comments

Popular posts from this blog

ချောတယ်လို့