"သူ့မှမတည့်တာ"


ဒီနေ့ သူငယ်ချင်းကျော်ကြီးက သူ့ယောက္ခမကို ဘုရားလိုက်ပို့ပေးဖို့ အကူအညီတောင်းလို့ လိုက်ပို့ဖြစ်တယ်။ 


သူ့ယောက္ခမကြီးက မွန်မွန်ရည်ရည်နဲ့ 

အေးအေးဆေးဆေးနေတတ်တဲ့ပုံပါ။ 

ဘုရားကိုရောက်တော့ သူ့ကိုအေးအေးဆေးဆေး အာရုံပြုပါစေဆိုပီး ဘုရားရှိခိုးသံကို တိတ်တိတ်လေး နားထောင်ရင်း စောင့်နေတာပေါ့။


သူက ဘုရားရှိခိုးပီးလို့ အမျှလဲဝေရော 

ကျွန်တော်မျက်လုံးပြူးသွားတယ်။ 

ပြူးဆိုဗျာ..သူအမျှဝေပုံကို နားထောင်ကြည့်လိုက်ဦး


"သဗ္ဗေသတ္တာငကျော်မပါ....ချမ်းသာကိုယ်စိတ်မြဲပါစေ

ဥပဒ်ရန်ဘေး ကင်းစင်ဝေး..ငြိမ်းအေးကြပါစေ" တဲ့

နောက်ထပ်ဆိုသေးတယ်..

"တို့အိမ်တွင်းမှာ ငကျော်မပါ...ချမ်းသာကိုယ်စိတ်မြဲပါစေ

တို့မြို့တွင်းမှာ ငကျော်မပါ.. .ချမ်းသာကိုယ်စိတ်မြဲပါစေ" တဲ့


မေတ္တာပို့တာကထူးဆန်းနေတော့ ကျုပ်လဲသိချင်တာကို မအောင့့်နိုင်တာနဲ့ သူအမျှဝေပီးတော့ မေးကြည့်တာပေါ့..


"အန်တီ အမျှဝေတာက သူများနဲ့မတူဘူးနော်..

အမျှဝေရင် ငကျော်မပါ..ငကျော်မပါနဲ့ ...သူကဘာဖြစ်လို့လဲဗျ"


"မပါဆို နင်တို့သူငယ်ချင်းက အမျှပေးချင်စရာ 

ကောင်းတဲ့ကောင်မှမဟုတ်တာ"


"ကျော်ကြီးက သဘောကောင်းပါတယ်အန်တီရယ်"


"နင်တို့အပေါ် ကောင်းလား မကောင်းလားတော့ မသိဘူး...

ငါ့သမီးနဲ့သူနဲ့အိမ်ထောင်ကြခါစက 

သူ့တို့အိမ်ကိုသွားတော့ ငါ့ကိုခွေးလိုက်ဆွဲတာ...

အဲ့ဒါ ခွေးကိုမောင်းမထုတ်ပဲ ဒီအတိုင်းထိုင်ကြည့်နေတာလေ..အဲ့ဒီကောင်က"


"သူလဲ ခွေးကြောက်တတ်လို့နေမှာပါဗျာ"


"ဟိုတစ်ခါကလဲ ..အမေတဲ့..ဗုဒ္ဓဂါယာကို ဘုရားဖူးသွားချင်ရင် သူ့ကိုပြောပါဆိုလို့ သွားမယ်လို့ပြောလိုက်တာ

 အသွားလက်မှတ်ပဲဝယ်ပေးလိုက်တယ်လေ... 

ငါ့မှာဆွဲကြိုးလေးပါသွားလို့သာ အိမ်ပြန်ရောက်ရတော့တယ်"့...


"သူလဲမသွားဖူးတော့ လက်မှတ်ဝယ်တာမှားသွားတာနေမှာပါအန်တီရယ်"


"ဒါတင်ဘယ်ကမလဲ

ငါ့့မွေးနေ့ကို ဘိုးဘွားရိပ်သာမှာ လုပ်ပေးတယ်လေ..

ပွဲပီးတော့ ငါ့ကိုပစ်ထားခဲ့လို့ ရိပ်သာကို မနည်းတောင်းပန်ပီးပြန်ခဲ့ရတာ"


 "သူကအန်တီ့ကို ကုသိုလ်ရစေချင်လို့ဖြစ်မှာပါ"


"မနှစ်ကလဲ သင်္ကြန်အပီး နှစ်ဆန်းတစ်ရက်နေ့တုန်းက

ကုသိုလ်ယူချင်လို့ဆိုပီး ခေါင်းလျှော် ပေးတာလေ...

 တော်ပါပီလို့ငြင်းတာကိုမရဘူး...

ငါ့ကိုအပူကင်းအောင်ဆိုပီး ရေခဲရေနဲ့လျှော်ပေးတာ..

လေဖြန်းသွားလို့ ဆေးရုံကို တစ်လလောက်တက်လိုက်ရတယ်"


"စေတနာအမှားတွေ နေမှာပါဗျာ"


"အေးပါ..ထားပါတော့

ပီးခဲ့တဲ့ အရင်လတုန်းကလဲ 

အမေကပိန်လိုက်တာ..အားရှိအောင်နွားနို့သောက်ဆိုပီး ငါ့ကိုလာတိုက်တယ်လေ"


"ကဲ ကျွန်တော်မပြောဖူးလား..ဒေါ်လေးကို သူကဂရုစိုက်ပါတယ်ဆို"


 "ပီးအောင်နားထောင်စမ်းပါဦး....

နွားနို့သောက်ပီးခဏနေတော့ 

နေကအရမ်းပူတယ် သံပုရာရေသောက်လိုက်ဦးဆိုပီး 

ထပ်တိုက်တာလေ...

ငါ့မှာကံကောင်းလို့ ဆေးရုံကိုအရောက်မြန်လို့ မသေတာ"


"ဟင်..."


"ဆရာဝန်က ဆေးကိုမှန်မှန်သောက် အိမ်ပြန်ပီးနေချင်ရင်လဲရတယ် ဆိုလို့ 

ဆေးရုံမတက်ပဲ ညတွင်းချင်းအိမ်ပြန်လာတာ

နင့်လူက အိမ်မှာ ကန္နားဖျင်းထိုးပီး ဖဲဝိုင်းထောင်နေရောလေ..."


"မင်းပဲစဉ်းစားကြည့်လေ...ဒီလိုကောင်မျိုးကို ကျန်းမာပါစေ ချမ်းသာပါစေဆိုပီး မေတ္တာပို့ဆုတောင်းပေးနေရဦးမှာလား"

"Oိာန်"


:P


:-) 


#Credit


               


:-) 


Credit

Comments

Popular posts from this blog

ချောတယ်လို့