"အမလေး!!..
အ...အု...အား..ကျွတ်ကျွတ်"
"မိန်းမ
အရမ်းမညည်းနဲ့ အမေကြားသွားမယ်"
"ဟဲ့ !!!
အိမ်ပေါ်က လင်မယားတွေ ဘာလုပ်နေတာလဲ?"
ငိ့!
ပြောလို့မှ မဆုံးသေးဘူး ယောက္ခမကြီး ကြားသွားပြီ။
" မလုပ်ဘူးအမေ အိပ်နေတာ"
"နေ့ခင်းကြောင်တောင်ကြီး stay home ဆိုပြီး
အိပ်မနေကြနဲ့ နှိုးနှိုးကြားကြားနေကြ"
"ဟုတ်ကဲ့ပါ အမေ....!!!
တွေ့လား ကျားကျားပြောသားပဲ မအော်ပါနဲ့ဆို"
"မခံနိုင်လို့ပါတော်"
"အဲ့ဒါဆိုလဲ ကျားကျားဆင်းပြီ"
"ဟာ!!ကျားကျားကလဲ..မိန်းမ ကြိတ်ခံမယ်လေနော်"
"ပြီးတာပဲ ထပ်မအော်နဲ့"
"အု..စစ်...အ...ကျားကျား ဖြေးဖြေး..."
"အေးပါ မိန်းမလဲ တိုးတိုး...."
"အော်~~~~~
ညည်းတို့ လင်မယားက ဒီလိုကိုး"
"ဟင် အမေ!!"
ယောက္ခမကြီး ဘယ်အချိန်ကတည်းက
လာချောင်းနေလဲမသိဘူး
အခန်းဝမှာ ငုတ်တုတ်ကြီး။
"အမေတွေ လုပ်မနေနဲ့!!
နင့်မိန်းမ ပြီးရင် ငါ့ဆီ လာခဲ့
ငါအပြင်မှာ အဆင်သင့် စောင့်နေမယ်"
"မိန်းမက်ို ကျားကျားပြောသားပဲ မအော်ပါနဲ့ဆို
အခုတော့ အမေ့ကိုပါ နင်းပေးရတော့မယ်"
"မိန်းမလဲ မခံနိုင်လို့ပါဆို"
တောက်စ်!!!
ယောက္ခမကို နင်းပေးလို့ကတော့
တစ်နေကုန်ပဲ ဆရာရေ့..။
လမ်းလျှောက်စက်နဲ့ တွက်မယ်ဆိုရင် မိုင်ပေါင်းကုဋေလောက် ရှိမှာ..။
သားမက်နင်းနေ မိုင်ပေါင်းကုဋေ ပေါ့ဗျာ။
Original by ###အွပ် တ်
✎﹏ᶜʳᵉᵈⁱᵗ ᵗᵒ ᵒʳᵍⁱⁿᵃˡ ʷʳⁱᵗᵉʳ﹏♡︎
ⓟⓗⓨⓞⓛⓨⓝⓝ
ᴶᵘˢᵗ ᶠᵒʳ ᶠᵘⁿ

Comments
Post a Comment