လွန်ခဲ့တဲ့(၃)လကျော်လောက်ကကိုယ်သောက်နေကြ လက်ဖက်ရည်ဆိုင်က စားပွဲထိုးလေးက...

ကိုယ့်ကို လာတိုင်ပင်ဖူးတယ်


" အစ်ကို . .ကျနော် ဒီဆိုင်မှာမနေချင်တော့ဘူး"

အလုပ်ထွက်တော့မယ် ဒီမှာလုပ်တာမတိုးတက်ဘူး 

လစာနည်းတယ် တဲ့ 

ကိုယ်လဲ ဆေးလိပ်တလိပ်ကိုမီးညှိလိုက်ပြီး


'' ရော့ ညီလေးဒီစာအုပ်ကိုပြီးအောင်ဖတ်" ဆိုပြီး

မင်းသိင်္ခရဲ့ ဝတ္ထုတစ်အုပ်ကို ပေးဖတ်လိုက်တယ်


နောက်တစ်ရက်ဆိုင်ရောက်တော့...


'' အကိုပေးတဲ့စာအုပ်က ကောင်းတယ်ဗျာ၊ကျနော်

 အားတွေရှိသွားပီမနက်ဖြန် အလုပ်ထွက်တော့မယ်

ဒါပေမယ့် ဘယ်ကစ လုပ်ရမှန်းမသိဘူး" လို့ပြောလာတယ်


ကိုယ်လဲလက်ဖက်ရည်ဆိုင်က ခပ်ညံ့ညံ့ဂျုံသားနဲ့

လုပ်ထားတဲ့ သကြားပလာတာကို ကောက်ဝါးလိုက်ရင်း...


``မင်း မနက်ဖြန် ကာကီဘောင်းဘီဝတ်"


"ဗျာကျနော့်မှာကာကီ ဘောင်းဘီမရှိဘူးဗျ "


"အေး ကာကီဘောင်းဘီ မရှိရင် ဂျေဂျေဘောင်းဘီဝတ်"


"ဟုတ် , ... ပြီးတော့ရော"


"လမ်းထိပ်ကနေ တွေ့ရာလိုင်းကား စီး ဂိတ်ဆုံးအထိလိုက် ဂိတ်ဆုံးတာနဲ့ ဆင်းတော့ အဲ့မှာ မင်းဘဝ စပြီကွာ" 


စားပွဲထိုးကေလးရဲ့ မျက်နှာမှာပီတိတွေဖြာလို့...


'' အကို့ စာအုပ်တွေထဲကလို ပညာရှိအဘိုးကြီးတွေ တကယ်ရှိလားဟင်"


ကိုယ်လဲ နှုတ်ခမ်းလေးကွေးရုံမျှ ပြုံးလိုက်ပြီး...


'' မင်းသိလာမှာပေါ့ကွာ" လို့ပြောရင်းနဲ့ 

သူ့ပုခုံးကိုကိုင် အားပေးပြီး ထွက်လာခဲ့ပါတယ်


နောက်ရက်ကစပြီးအဲ့ဒီစားပွဲထိုးကောင်လေးကို မတွေ့ရတော့ပါဘူး။ဘယ်ရောက်သွားမှန်းလဲမသိဘူး...

ကြာခဲ့ပါပြီ။


===============================


ဟိုးတစ်ရက်က သူ့လုပ်ခဲ့တဲ့ လက်ဘက်ရည်ဆိုင်

ပိုင်ရှင်နဲ့တွေ့လို့ မေးကြည့်တော့ သူ ဘုရားကြီးဘက်မှာ 

တောင်းစားနေတယ်ဆိုလား...ဘာဆိုလား


ဘာပဲဖြစ်ဖြစ် တိုးတတ်ချင်တဲ့ လူငယ်အတွက် 

ဝမ်းသာခြင်း ဖြစ်မိပါတယ်။


ကိုယ့်ဝင်ငွေနဲ့ ကိုယ်ပိုင်အလုပ်အကိုင်လေးနဲ့

အတည်တကျ ဖြစ်သွားလို့😄😄


✎﹏ᴾʰᵒᵗᵒ ᶜʳᵉᵈⁱᵗ ᵗᵒ ᵒʳⁱᵍⁱⁿᵃˡ ᵃᵘᵗʰᵒʳ﹏♡︎

             ⓟⓗⓨⓞⓛⓨⓝⓝ

Comments

Popular posts from this blog

ချောတယ်လို့