"" ရွှေမြေသာယာရွာ "" ဆိုတဲ့ ရွာကြီး တရွာ က ၊
အရူးမ တယောက်မှာ ဗိုက်ကြီးပါလေ ရော ။
ရွာထဲကသူတွေကလည်း
""ဟဲ့အရူးမ နင့်ဗိုက်ဘယ်သူနဲ့ ရတာလဲ ?"" ပေါ့ ။
မေးရင် !
အရူးမကလည်း ""သူကြီးနဲ့ ရတယ်တော့""!
ဘယ်လိုမေးမေး
နင့်ဗိုက် ဘယ်သူနဲ့ ရတာလဲ? !
"" သူကြီးနဲ့တော့"" ဖြေနေတော့ !!!
သူကြီး လည်း !!
ဒီအရူးမနဲ့တော့ ကြာရင် ပြသနာပဲ ဆိုပြီး
သူ့တပည့်တွေကို
နည်းနည်း ပညာပြလိုက်ခိုင်း လိုက်သတဲ့ ။
သူကြီးတပည့် တွေကလည်း သခင်အားရ
" ဘော " ပါးဝတွေ ဆိုတော့!
အရူးမကို ရွာအပြင်ခေါ်ထုတ်ပြီး
နင့်ဗိုက် ဘယ်သူနဲ့ရတာလဲ မေးလိုက်!
အရူးမက သူကြီးနဲ့ ရတယ်
ပြောရင် ရိုက်လိုက်! 😒😞
နင့်ဗိုက် ဘယ်သူနဲ့ရတာလဲ မေးလိုက်!
အရူးမက သူကြီးနဲ့ ရတယ်
ပြောရင် ရိုက်လိုက်ပေါ့ ☹😓
မကြာပါဘူး နောက်နေ့ အရူးမရွာထဲလာတော့ !!
ရွာထဲကသူတွေက မေးကြပြန်ပါလေရော !!
""ဟဲ့အရူးမ နင့်ဗိုက်ဘယ်သူနဲ့ရလဲ ??! ""
အရူးမက
""မပြောချင်ပါဘူးတော် 😙😚""
ရွာသားတွေကလည်း ပြောစမ်းပါ !!
ဘာဖြစ်လို့ မပြောချင်ရတာလဲ ??
အတင်းမေးတော့ !!!
အရူးမက ၊
""မပြောချင်ပါဘူးတော်
တော်တို့ရွာက လူကြီးနဲ့ သူ့လူ တွေက
မှန်တာပြော ရိုက်တယ်တေ့ာ ""😂😅😂
မပြောချင်ပါဘူး တော်
မပြောချင်ပါဘူး ။ ။ ။
#Crd :::
ဆရာကြီးဦးအောင်သင်း🙏
ပြန်လည်တင်ပြအပ်ပါသည် ။ ။
Myo Hein !!!

😂😂😂
ReplyDelete