တစ်ခါက ရွာတစ်ရွာမှာ မုဆိုးမ သားအမိနှစ်ယောက် နေထိုင်ကြသတဲ့။
သမီးဖြစ်သူက အသက်၃၀ပြည့်နေပြီ.. ယောကျာ်းကလည်းမရနိုင်တော့ အမေဖြစ်သူက သူ့သမီးအတွက် စိတ်ပူပြီး နေတာပေါ့။
သမီးရဲ့ အစွမ်းအစနဲ့ ဒီတစ်သက် ယောကျာ်း မရနိုင်မှန်းသိတဲ့အမေဟာ သူကိုယ်တိုင်ပဲ ရွာစဉ်ထွက်ပြီး သမီးအတွက် ယောကျာ်း ရှာထွက်ရတော့တယ်။
တစ်နေ့တော့ သူ့သမီးနဲ့ လိုက်ဖက်မယ့် ကောင်းလေးတစ်ယောက်ကို ရွာတစ်ရွာမှာ တွေ့ခဲ့တယ် ။
ဒါနဲ့ ကောင်လေးရဲ့ မိဘတွေကို သားရေး၊သမီးရေး ဆွေးနွေးဖို့အတွက် သူ့အိမ်ကိုထမင်းစားဖိတ်ခဲ့တယ်။
အိမ်ရောက်တော့ သူ့သမီးကိုပြောတယ်။
"" သမီး... ! ညီးကို ယောကျာ်း ပေးစားမလို့..
"" ဟင်း... အမေကလည်း...""
""ဘာလဲ... ညီးက မယူချင်လို့လား...?
""ယူချင်တာမှ တစ်ပိုင်းကို သေလို့ပြီ အမေရေ့တဲ့။"" (ဘယ်အပိုင်း သေလဲတော့သိပု😜 )
"" အေး.. ညီးကို ဟိုဖက်ရွာက ကောင်လေးတစ်ယောက်နဲ့ ပေးစားမလို့။ လူကြီးခြင်းသဘောတူပြီးပြီ..အဲဒါ
သူတို့ကို ထမင်းစားဖိတ်ခဲ့တယ်။ မနက်ဖြန် လာကြလိမ့်မယ်။ညင်းကို အထင်မသေးရအောင် သူတို့ရှေ့မှာ အမေကဟင်းချက်ခိုင်းမယ်။ ""
""သမီးမှ ဟင်းမချက်တတ်တာ အမေရဲ့""
""အလွယ်ဆုံး ဟင်းပဲချက်ခိုင်းမှာပါ သမီးရယ်..""
"" ညင်း..ကြက်ဥလောက်တော့ ကြော်တတ်မှာပါ..""
သမီးကလဲ ပြန်ပြောတယ်။
"" ဒါလေးများ.. အေးဆေး ကလေးမွေးပါ အမေရဲ့တဲ့။😜
""အေး... ညီး.. အဲ..ကလေးမွေးဖို့အတွက်ပဲ.. ငါက
လုပ်ပေးနေရတာ တေနာမရဲ့...""😁😁
ဧည့်သည် တွေမရောက်ခင် သားအမိနှစ်ယောက် ဇာတ်တိုက်ထားကြတာပေါ့။ဧည့်သည်တွေ ရောက်လာတဲ့အခါ ဇတ်တိုက်ထားတဲ့အတိုင်း အမေလုပ်သူက သမီးကိုခိုင်းတယ်။
""သမီးရေ..!! ဒီကဧည့်သည်တွေစားဖို့ ထမင်း၊ဟင်းတွေချက်လိုက်ပါအူးကွယ်။
သမီးကလည်း ""ဟုတ်ကဲ့ပါ အမေ ""ဆိုပြီး မီးဖိုချောင်ထဲ ဝင်သွားတယ် ။
နည်းနည်းကြာတော့ သမီးလုပ်သူက အမေ့ကို မီးဖိုထဲကနေ လှမ်းမေးတယ်။
"" အမေရေ...!! #ကြက်ဥကြော်တဲ့အထဲကိုငပိထည့်ရသေးလားတဲ့။ 🤣🤣
ကောင်လေးရဲ့မိဘတွေလည်း သူတို့ချွေးမလောင်းလေးရဲ့ အရည်အချင်းကို သိလိုက်ရလို့ ထမင်းတောင်
မစားတော့ပဲ ချက်ချင်း ထပြန်သွားကြပါရော။🤣🤣
ကိုယ့်ဖရန့်ထဲကညယ်မတို့လည်း ကြက်ဥ ကြော်နည်းလေးတော့သင်ထားကြဗျ။ တော်ကြာ ယောကျာ်း မရပဲနေကြအူးမယ်..🤣🤣🤣
Crd
via #WN
😂😂😂
ReplyDelete