ကျနော်တို့ ဗုဒ္ဓဘာသာက တရားပွဲတွေမှာ 

ခေါက်ရိုးကျိုးနေတဲ့ ဓလေ့တခု ရှိတယ်။ 

ဘုန်းကြီးက အသံဆွဲပြီး 

"___ __ _ _ __ __သ တည်း" လို့ ချလိုက်တာနဲ့ 

အောက်ကနေ "သာဓု သာဓု သာဓု" ဆိုပြီး 

သာဓု ခေါ်ကြတယ်။ ဘုန်းကြီးက ဘယ်လို ”သတည်း” ချ ချ သာဓုပဲ။ ။


အမယ် တချို့ဆို တရားလည်းမနာ၊ 

ဘာဟောလို့ ဟောနေမှန်းလည်း မသိ၊ 

တရားပွဲနား ကွမ်းထိုင်စားနေတာ။ 

ဒါပေမယ့် "သတည်း" ဆိုတာ ကြားရင် 

ရောက်လေရာအရပ်က ကြုံသလို 

သာဓုခေါ်ပစ် လိုက်ရော။ 

သာဓုယဉ်ကျေးမှုဆိုပါတော့။ ။


တခါကပေါ့၊   

ဆွမ်းသိမ်းအောင်ပွဲတခုမှာ ဘုန်းကြီးက 

သံနေသံထားနဲ့.... !


 ""____ အင်္ဂုလိခေါ် လူဆိုးကျော် သည်  

မာတာမိခင် ကျေးဇူးရှင်ကို 

မြင်သော် ဆိုက်ဆိုက် ဓားနှင့်လိုက်လေတော့သတည်း"" ဆို​ပြီး 

ရှေ့မှာတရားဆက်ရှည်နေတာက တကြောင်း တရားနာပရိတ်သတ်ကလည်းနဲနဲ

ငိုက်ချင်နေကြတာမို့ တရားချလိုက်သတဲ့။ ။


အဲဒီမှာပဲ


အမေကိုဓားနဲ့လိုက်တာကို 

တရားနာပရိတ်သတ်တို့က 

အင်မတန်ကြည်နူးပီတိဖြစ်လှပုံရတယ်.... 

တညီ တညွတ်တည်း ....


""သာဓု သာဓု သာဓု"" တဲ့ လေ ။ 


အကျယ်ကြီးမှအကျယ်ကြီး... 😊😊😁😂😃


Credit

via kyaw kyaw myintlwin

Myo Hein. !!!

Comments

Popular posts from this blog

ချောတယ်လို့