အဘိုးအိုရဲ့သေတ္တာလေး


တစ်ခါတုန်းကရွေတွင်း တစ်တွင်းမှာ အလုပ်လုပ်ခဲတဲ့ ဦးလေးကြီးတစ်ယောက်ရှိခဲ့တယ် သူဟာ လူလတ်ပိုင်းအရွယ် ကတည်း ကနေ အလုပ်လုပ်နေခဲ့တယ် သူဟာ အဲ့ရွေတွင်းမှာ အလုပ်သမားခေါင်းဆောင်ကြီးဖြစ်ခဲ့တယ်


ဒါပေမဲ့ ဒီဦးလေးကြီးဟာ ပိုက်ဆံတစ်ခါမှ မစုဆောင်းထားဖူးဘူး ရလာသမျှ ကုန်အောင်သုံးလေ့ရှိတယ် သူဟာ သဘောမနောလည်းကောင်းလွန်းတဲ့အတွက် သူ့အလုပ်သမားတွေ ကိုအမြဲတမ်း ပေးကမ်းကျွေးမွေးလေ့ရှိပြီး ဘယ်သူပိုက်ဆံလာချေးချေး ရှိရင်ပေးလိုက်တာချည်းပဲ ဦးလေးကြီးမှာ

အပေါင်းအသင်းတွေ ကလည်းအများကြီးပဲ


ဒီလိုနဲ့ အသက်ကြီးလာတော့ ဇနီးမယားကလည်း သေဆုံးသွားပြီး သူလည်း အသက်ကြီး လို့ အလုပ်ကနေပင်စင်ရ အနားယူ ရတယ် ဒါပေမဲ့ သူ့မှာစုဆောင်းထားတာ ဘာမှမရှိဘူး သူအလုပ်လုပ်လာတဲ့သက်တမ်း တစ်လျှောက် သူ့မှာသားသမီး ၅ ယောက် တောင်ရှိခဲ့တယ် အားလုံးလဲ အတောင်စုံ အရွယ်ရောက် ပညာတွေတတ်ကြလို့ အိမ်ထောင်ကိုယ်စီကျပြီးအသီးသီး

ခွဲခွာနေကုန်ကြပြီ

..........................


တနင်္လာနေ့ ဦးလေးကြီး ကနေ အဖိုးကြီးဖြစ်လာတဲ့ အဖိုးအို က သမီး အငယ်ဆုံးအိမ်မှာသွားနေတယ် အဲ့တော့ သမက်ကပြောတာ “အဖေကလည်း ဘာလို့ တစ်ခြားအိမ်သွားမနေတာလဲ ကျွန်တော်တို့ နှစ်ယောက်တည်းနေ ချင်တာ မလွတ်လပ်ဘူး ”


အင်္ဂါနေ့ ကျတော့ အဖိုးကြီးလည်း သားအိမ်မှာသွားနေတယ် ချွေးမ ကဆောင့်ကြီးအောင့်ကြီး နဲ့ ပူညံပူညံ လုပ်တယ် ..တစ်ခြားသားတွေ အိမ်သွားနေပြန်တော့ လည်း အတူတူပဲ မြေးတွေက အစ ပြောတာ “ အဖိုးကိုအမြင်ကတ် လိုက်တာ သားတို့ စားစရာ တွေ အကုန်ယူစားပစ်တယ် သားသားတို့ ဘာသွားစားတော့မှာလဲ ”တဲ့ ဒီလိုနဲ့ အဖိုးအိုကို သမက်တွေ ချွေးမတွေ မြေးတွေက ဘောလီဘောလို တစ်လှည်စီ ပုတ်ထုတ်နေကြရော

...............................

ဒီလိုနဲ့ တစ်နေ့ ကျတော့ အဖိုး ကြီး က သားသမီးတွေ အကုန်ကို လှမ်းခေါ်လိုက်ပြီး လူစုံတော့ ပြောတာ “ သားတို့ သမီးတို့ အဖေ ၂ နှစ်လောက် သားတို့ ဆီမနေတော့ဘူး အဖေ့ သူငယ်ချင်း ရွေတွင်း ပိုင်ရှင် က စာရေးလာတယ် အဖေ့ ကိုရွေတွင်းမှာပြန်လာကူညီကြည့်ကြပ် ပေးဖို့ အကူအညီလှမ်းတောင်းနေတယ် အဲ့တာကြောင့် အဖေ သွားကူရအုန်းမယ်” ဆိုတော့ သားတွေ သမီးတွေ လည်း အဖိုးကြီး နဲ့ လွတ်လွတ်ကျွတ်ကျွတ် နေရအောင် သွားဖို့ ဝိုင်းဝန်းအားပေးကြပါလေရော

..............................

၂ နှစ်လည်းပြည့်ရော အဖိုးကြီး ဟာ သံသေတ္တာလေးတစ်လုံးနဲ့ ပြန်ရောက်လာတယ် သားသမီးတွေ ထူးခြားတဲ့ သံသေတ္တာလေးကိုမြင်ကြတော့ အံသြစွာနဲ့ ဝိုင်းမေးကြတယ်

“အဖေ အဲ့တာ ဘာသေတ္တာလေးလည်း ”ပေါ့


အဖိုးအိုကလည်းပြော ပြတာ ဒါ အဖေ့သူငယ်ချင်းရွေ တွင်းပိုင်ရှင်ဆီကနေ ရလာတဲ့ နောက်ဆုံးလက်ကျန် အမွေသေတ္တာလေးပါ အကယ်လို့

အဖေ့ ကိုနောက်ဆုံး ထွက်သက်အထိ ကောင်းကောင်းမွန်မွန်ဂရု စိုက်ပြု စုတဲ့သားသမီးကို အဖေ ဒီသေတ္တာလေးအမွေပေးမယ်


ဆိုတော့ သားသမီးတွေ အကုန်လုံးရင်တွေခုန် ဝမ်းတွေ သာကုန်ကြရော အလုအယက် အဖိုးအိုကို ဂရုတစိုက်ပြုစုကုန်ကြပါလေရော

........................

တနင်္လာ နေ့ သမီး အငယ်အိမ် အင်္ဂါ သားအငယ်အိမ် ဗုဒ္ဓဟူး သားအလတ် အိမ် စသဖြင့် အစဉ် လိုက်အတိုင်း လိုက်ပြီး အပြု စု ခံ နေခဲ့လိုက်တာ တနင်္လာနေ့ တောင် မကုန်သေးဘူး သားအငယ် က အတင်းလာခေါ်သွားလိုက် သားအကြီး ကာ ပြန်လာလု လိုက်နဲ့ အဖိုးကို သူ့ထက်ငါ အပြိုင်အဆိုင် အဝတ်ကောင်း အစားကောင်းတွေ နဲ့ အိမ်ဦးခန်းမှာ ကောင်းကောင်းမွန်မွန် ရိုရိုသေသေ လိုလေသေးမရှိ ဂရုတွေ စိုက် ကုန်ကြပါလေ ရော

..............................

ဒီလိုနဲ့ အချိန် ၇ နှစ်ကျော်လောက်ကြာတော့ အဖိုးအိုလည်း သက်တမ်းစေ့ လို သေဆုံးသွားရှာပါလေရော

အသုဘ ပွဲ ပြီးတော့ သားသမီးတွေ အကုန်လုံး စုပြီး သေတ္တာလေးကို အမွေ ခွဲကြ မလို့ ဖွင့်ကြတယ် သမီး အကြီး ဆုံးက သူအဖေလည်ပင်းမှာအမြဲဆွဲထားတဲ့ သေတ္တာသော့လေး နဲ့ စူးရှစွာ စိုက်ကြည့်နေကြတဲ့ မျက်လုံးတွေအောက်မှာ သေတ္တာ ကိုဖွင့်လိုက်တယ် အထဲမှာ ပိတ်စအဖြူ တစ်ထုပ်တွေ့ တော့ဖြည်ကြည့်ကြတယ် အထုပ်ထဲမှာ

စက္ကူ ခေါက် ခလေး တစ်ခု ထွက်လာတယ် အမကြီး က စက္ကူ ခေါက် ကိုဖြန့် လိုက်ပြီး အထဲကစာတွေ ကို မောင်လေးညီမလေးတွေ ကိုဖတ်ပြလိုက်တော့တယ် စာထဲမှာရေးထားတာက

..................................

“အရင် ဆုံး အဖေ အနေနဲ့ အဖေ့ကို ကျွေးမွေးစောင့်လျောက်ခဲ့တဲ့ ဒီထဲကကျောက်ခဲ တုံးလေးတွေကို ကျေးဇူးတင် မိတယ် သားတို့ သမီးတို့ ဒီကျောက်ခဲလေးတွေ ကို ကိုယ့်ကိုယ်ကို သတိပေးနိုင်ဖို့ ဘဝရဲ့ သင်္ခန်းစာ အထိမ်းအမှတ်အဖြစ် အညီအမျှ ခွဲယူ ပြီး သိမ်းထားစေချင်တယ် ခုချိန်ကစပြီး ကြိုးစားစုဆောင်းကြပါ ဒါမှ သားတို့ သမီးတို့ အိုမင်းလာတဲ့ အခါ အဖေ့လိုမျိုး မသိမ်ငယ် ကြရမှာ ” တဲ့

.....................................


ဒီအကြောင်းအရာလေးက ဘာကိုပြောပြသလဲ ဆိုတော့ လျော့မတွက်ပါနဲ့ ဘယ်သူ့ကိုမှ ကိုယ့်ကိုလာကျွေးမွေးစောင့်လလျောက်လိမ့်မယ် ရယ်လို့ မမျော်လင့်ပါနဲ့ ခုချိန်ကစပြီး စုဆောင်းထားကြပါ ဒါမှသာဘဝ အဖျားပိုင်းမှာအေးချမ်းနိုင်ပါလိမ့်မယ်


အကြောင်းအရာလေးကိုဖတ်ပြီး အကြောင်းအရာလေးမျှလောက်သာပဲ လို့ သဘောမထားမိပါစေ နဲ့ ဘာကြောင့်လည်းဆိုတော့ မပြင်ဆင် မစုဆောင်းတတ်တဲ့ လူတိုင်း အတွက် ဖြစ်လာနိုင်လို့ ပါ

ကိုယ့်ကိုကိုယ်အားကိုးတာလောက် ..ဘယ်သူ့ ကိုမှ အားကိုးလို့ မရ နိုင်ပါဘူး ...


#original 

#credit 


#SNLA

Comments

Popular posts from this blog

ချောတယ်လို့