ချွေးမလုပ်တဲ့သူက 

“ပေါ့တော့လဲ အရသာမရှိဘူး၊ ငံတော့လဲ 

မျိုမကျဘူး။ အမေကဘာဖြစ်ချင်တာလဲ ???” 


အမေက သူ့သားပြန်လာတာမြင်တော့ ဘာမှမပြောတော့ပဲ ထမင်းကိုဆက်စားနေလိုက်တယ် ။

သားက တစ်လုတ်လောက်မြည်းကြည့်လိုက်တယ်။ ချက်ချင်းပြန်ထွေးထုတ်လိုက်ပြီး “ငါမင်းကို ပြောထားတယ် မဟုတ်ဘူးလား၊ အမေ့မှာ ရောဂါရှိတယ်၊ အငံစားလို့မရဘူးဆိုတာကို”

“ကောင်းပြီလေ၊ ဒါ ရှင့် အမေဘဲ၊ 

နောက်ကျရင်ရှင်ဘဲချက်တော့”

ချွေးမ ကတော့ ဆောင့်အောင့်ပြီး 

အခန်းထဲ၀င်သွားတယ်။


သားကတော့ သက်ပြင်းတစ်ချက်ချလိုက်ပြီး:! 

“အမေမစားချင်ရင် မစားနဲ့တော့၊ 

သားခေါက်ဆွဲပြုတ် ပေးမယ် "”

“သား မင်း အမေ့ကို ပြောစရာ ရှိတယ် မဟုတ်လား၊ ရှိရင် ပွင့်ပွင့်လင်းလင်းသာပြောပါ၊ စိတ်ထဲမှာ မျိုသိပ် မထားပါနဲ့။”


“အမေ သား နောက်လကျရင် ရာထူးတိုးတယ်၊ အလုပ်တွေ အရမ်းများလာလိမ့်မယ်၊ မိန်းမကလဲ အပြင်ထွက် အလုပ်လုပ်ချင်တယ်ပြောတယ်။ 

ဒါကြောင့်…”

“သား အမေ့ကို လူအိုရုံရိပ်သာ မပို့ပါနဲ့နော်” 

အသံလေးက တုန်ရီနေတယ်။


သား ကလဲ ခဏငြိမ်သက်သွားတယ်၊ 

ဒီထက်ကောင်းတဲ့ အကြောင်းရင်းကို ရှာနေသလို။

“အမေ လူအိုရုံ ကလဲ မကောင်းတာ မဟုတ်ပါဘူး၊ အမေသိတဲ့ အတိုင်း မိန်းမအလုပ်လုပ်ရင် အမေ့ကို ကောင်းကောင်းပြုစုနိုင်မှာ မဟုတ်ဘူး၊ ဟိုမှာ က ကျွေမဲ့သူ ပြုစုမဲ့သူ အဆင်သင့်ရှိပြီးသား ဘဲ။ 

အိမ်မှာထက်တောင် ပို အဆင်ပြေသေးတယ် မဟုတ်ဘူးလား?”


“…….” .......။ .........။ .....


ပြတင်းပေါက်မှာ ရပ်ပြီး စိတ်ထဲမှာ 

တွေဝေနေသလိုဘဲ။အမေဟာ ငယ်ငယ်လေးကတည်းက မုဆိုးမ ဖြစ်ခဲ့တာပါ။ 

သူ့ကို ကျောင်းပြီးတဲ့ အထိ တစ်ယောက်တည်း ရှာကျွေးခဲ့တာပါ။ ငယ်ရွယ် စဉ် အခါက ပင်ပန်းခဲ့ တာတွေ ကို အကြောင်းပြ ပြီး မိခင်ကို လုပ်ကျွေးစောင့်ရှောက်ရမယ်လို့ တစ်ခွန်းမှ မပြောခဲ့ဘူး။ ဒါပေမဲ့ မိန်းမကတော့ 

အိမ်ထောင်ရေးနဲ့ ချိန်းခြောက်လာတယ်။


အမေ့ကို လူအိုရုံ တကယ်ပို့ရမှာလား? 

သူ့ကိုယ်သူပြန်မေးတယ်။ သူ မလုပ်ရက်ဘူး။

“မင်းရဲ့ နောက်ပိုင်း ဘ၀ကို ဆက်ပြီးလက်တွဲလျှောက်မှာက မင်းမိန်းမနော်။ မင်း အမေ မဟုတ်ဘူး”လို့ ဦးလေးရဲ့ သားက အမြဲသတိပေးတယ်။


“မင်း အမေ ဒီလောက်တောင်အိုနေပြီ၊ ကံကောင်းရင်တော့ နေနိုင်သေးတာပေါ့၊ အသက်ရှင်နေတုန်းကောင်းကောင်း ပြုစု ပါလား? သစ်ပင်သည်ငြိမ်ချင်သော်လည်း လေကမငြိမ်ပေ။ 

""မိဘကို လုပ်ကျွေးချင်သော်လည်း မိဘက မရှိတော့ပေ ဆိုတာမျိုးတော့ မဖြစ်စေနဲ့ဟေ့” လို့ တချို့ဆွေမျိုးတွေက တော့ သတိပေးကြတယ်။ သူ ဘာမှ ထပ်မစဉ်းစားချင်တော့ဘူး၊ စိတ်ပြောင်းသွားမှာစိုးလို့။


နေမင်းက သူ့ရဲ့ ပူပြင်းလှတဲ့ အရှိန် အဝါကို သိမ်းပြီး တောင်ကုန်းရဲ့နောက်ကွယ်ကို ပုန်းခိုသွားပြီ။

မြို့ပြင် စိတ်ငြိမ်တဲ့ နေရာမှာ တည်ဆောက်ထားတဲ့ အဆင့်မြင့် လူအိုရုံလေး….

ဟုတ်တယ်လေ၊ ပိုက်ဆံများများသုံးထားမှာ သားရဲ့စိတ်ထဲက ပိုဖြောင့်တာပေါ့။

သားက မိခင်ကို တွဲခေါ်ပြီး ဧည့်ခန်းထဲ၀င်လိုက်ချိန်မှာ ၄၂ လက်မ တီဗွီ ဖန်သားပြင်မှာ ဟာသကား တစ်ကားပြနေတယ်။ ဒါပေမဲ့ ပရိသတ်တွေဆီက ဘာရယ်သံမှ မကြားရဘူး။

တချို့ အင်္ကျီဆင်တူ ၀တ်ထားတဲ့ အဖိုးကြီးတွေ ဆိုဖာပေါ်မှာ ထိုင်ပြီး ငိုင်နေကြတယ်။ စိတ်ဓာတ်ကျနေတဲ့ ပုံတွေဘဲ။

နောက် လူအိုတစ်ယောက်က ကိုယ့်ဖာသာကိုယ် တီးတိုးပြောနေပြီးမြေကြီးပေါ်ကျနေတဲ့ ဘီစကွတ်မုန့်ကို ကောက်စားနေတယ်။

သားကသိတယ်။ အမေ လင်းလင်းထင်းထင်း ကြိုက်တယ်ဆိုတာကို။ နေရောင် ကောင်းကောင်းရတဲ့ အခန်းတစ်ခန်းကို ရွေးပေးလိုက်တယ်။ ပြတင်းပေါက်ကနေလှမ်းကြည့်လိုက်ရင် မြက်ခင်းပြင်က စိမ်းစိုလို့၊ သူနာပြုတွေက လဲ တွန်းလှည်းတွေကို တွန်းပေးပြီး တချို့လူအိုတွေ ကလည်း လမ်းလျှောက်နေကြတယ်။ ပတ်၀န်းကျင် တိတ်ဆိတ်လွန်းတာဟာ လူရဲ့စိတ်ထဲမှာ ၀မ်းနည်းသလိုလို ဖြစ်လာစေတယ်။


ဆည်းဆာ သည်လှပသော်လည်းဘဲ 

မှောင်ရီပျိုးနေပြီ။

“ အမေ သားပြန်တော့မယ်။”


ခေါင်းလေးတစ်ချက်ဘဲငြိမ့်လိုက်ပေမယ့်

သူလှည့်ထွက်သွားတဲ့ အချိန်မှာတော့ တောက်လျှောက် လက်ပြနှုတ်ဆက်နေရှာတယ်။ သွားမရှိတော့တဲ့ ပါးစပ်ကို ဟပြီး ခြောက်ကပ်ဖြူလျော်နေတဲ့ နှုတ်ခမ်းသားများဟာ မျှော်လင့်ချက်တွေများစွာနဲ့ ကျန်နေရစ်ခဲ့တယ်။

သားလေးက အဲ့ဒီ အချိန်မှာမှ မိခင်ရဲ့ မီးခိုရောင်သန်းနေတဲ့ ဆံနွယ်တွေ၊ ချိုင့်၀င်နေတဲ့ မျက်၀န်း အစုံ၊ တွန့်ကြေနေတဲ့ ပါးပြင် ကို သတိထားမိတယ်။ အမေတကယ် အိုနေပါပြီလား။


သူရုတ်ချည်း တစ်ခုကို သတိရလိုက်တယ်။ 

သူ ၆နှစ်သား အရွယ်တုန်းက အမေဟာ အရေးကြီးကိစ္စနဲ့ ရွာပြန်ဖို့ရှိတော့ သူ့ကို ဦးလေးအိမ်မှာ အပ်ခဲ့တယ်။ အမေသွားခါနီးမှာ အမေရဲ့ ခြေထောက်ကိုဖတ်ပြီး ကြောက်လန့်တကြားအော်ငိုပါလေရော...!

“မေမေ သားကိုပစ်မသွားပါနဲ့၊ သားကို မထားခဲ့ပါနဲ့နော်။ သား အမေနဲ့ မခွဲနိုင်ဘူးး ” 

နောက်ဆုံး အမေကလဲ သူ့ကို မထားရစ်ခဲ့ပါဘူး။


သူ အလောသုံးဆယ်နဲ့ ထွက်လာလိုက်တယ်၊ 

တံခါးကိုပါဆွဲပိတ်လိုက်တယ်။

နောက်ပြန် မကြည့်ရဲဘူး။ ဟိုး အတိတ်က အရိပ်တွေ ပြန်ပေါ်လာပြီး စွဲကပ်နေမှာစိုးလို့ ... !!!


အိမ်ပြန်ရောက်လာတော့ 

မိန်းမက သူ့အမေပစ္စည်းတွေကို စွန့်ပစ်ဖို့လုပ်နေတာ အားရပါးရဘဲ။

၃လက်မ မြင့်တဲ့ ဆုတံဆိပ်လေးတစ်ခု

ဒါဟာ မူလတန်းတုန်းက စာစီစာကုန်းပြိုင်ပွဲ “ကျွန်တော်၏မိခင်” မှာ ပထမရခဲ့တဲ့ အောင်ပွဲ အမှတ်တရလေးပါ။

အင်္ဂလိပ်-မြန်မာ အဘိဓာန် စာအုပ်လေး

ဒါကတော့ အမေ မစားရက် မသောက်ရက် 

ချွေတာပြီး၀ယ်ထားပေးတဲ့ 

ပထမဦးဆုံးသောမွေးနေ့လက်ဆောင်။

နောက်ပြီး အိပ်ရာ၀င်ခါနီးတိုင်း အမေ အမြဲလိမ်းလေ့ရှိတဲ့ ဒဏ်ကြေလိမ်းဆေး။


မင်း အမေကို မလိမ်းပေးတော့ 

လူအိုရုံ ယူသွားလဲ ဘာထူးမှာတဲ့လဲ?


“တော်ပြီ ဆက်မပစ်နဲ့တော့”လို့ 

ဒေါသတကြီးအော်လိုက်တယ်။

“ဒါတွေကို မပစ်တော့ ငါ့ပစ္စည်းတွေ ဘယ်မှာထားရမှာလဲ” လို့ မိန်းမကလဲ ပြန်အော်လိုက်တယ်။


“ဒါတွေ အားလုံးဟာ ငါ့ အမေရဲ့ အမွေတွေဘဲ၊ 

ဘာမှ မထိနဲ့”"!!!


“ရှင် ဒါဘာသဘောလဲ??!!"""


“""မင်းငါ့ကို ချစ်လို့ ငါကို လက်ထပ်ခဲ့တာ၊ 

ငါ့အမေကို လဲ နင်ချစ်လို့မရဘူးလား??? "”


ပြောပြီး ချက်ချင်းပဲကားမောင်းထွက်ခဲ့တယ်။ ။


မိုးရွာပြီးတဲ့ ညဟာ အေးစက်လွန်းတယ်။ 

လမ်းမှာလဲ လူတွေရှင်းလို့၊ သူအဆုံးဆုံထိနင်းပြီး 

မောင်းလာခဲ့တယ်။

ကားလေးက တောင်ကုန်းပေါ်က လူအိုရုံဆီသို့ဦးတည်လျက်။

ကားကိုရပ်ပြီးဒါနဲ့ လှေခါးပေါ်ပြေးတက်သွားပြီး 

အမေ့ အခန်းတံခါးကို တွန်းဖွင့်လိုက်တယ်။


သူဝိဥာဏ်မဲ့စွာ ရပ်နေတယ်။

အမေကတော့ ကိုက်ခဲနေတဲ့ ခြေ၂ဖက်ကို 

နှိပ်နေရှာတယ်။

သားလက်ထဲက ဒဏ်ကြေလိမ်းဆေးကိုမြင်တော့ ၀မ်းသာအားရနဲ့ပြောလိုက်တယ်။

“အမေ မေ့ခဲ့တာ၊ တော်သေးတာပေါ့ 

သားယူလာပေးလို့”


သူဟာ အမေဘေးနားကို တိုးသွားပြီး

ဒူးထောက်လိုက်တယ်။

“မိုးချုပ်နေပြီ။ အမေ့ဖာသာလိမ်းမယ်၊ 

မနက်ဖန်ရုံးတက်ရဦးမယ်၊ ပြန်ပါတော့သားရယ်”


သူ ခဏမှင်သက်သွားပြီး နောက်ဆုံးထိန်းမရတဲ့ မျက်ရည်တွေလျှံထွက်လာပြီး :::""!


“သားကိုခွင့်လွတ်ပါ အမေ

  သားတောင်းပန်ပါတယ် ""!!


အမေ အိမ်ပြန်ရအောင်နော်”"""!!! ,,


။ ...... ။ ...... ။ ...:..... ။ ....... ။ 


ဤစာများဖြင့် ထာဝရ

အမေများ အား ရှီခိုးကန်တော့အပ်ပါ၏ ။ ။ ။

Crd


Cridit to Hz zane :)

Myo Hein "!!!

Comments

Popular posts from this blog

ချောတယ်လို့