"အမြင်မတော်ဘူး"
============
သူပါပဲ... သူပါပဲ
သူ့ကို အရေးယူပေးပါရှင့်.... ။
ဆူဆူညံညံအသံတွေကြောင့်
လူးလဲပြီးထကြည့်လိုက်တော့
လူအုပ်ကြီး.... ။
မိန်းမတစ်ယောက်ကလည်း သူ့ကို
ဒေါသတွေထွက်ပြီးကြည့်လို့ ။
ဘာ... ဘာ များဖြစ်လို့လည်းဗျာ
ဟကောင် မင်းအိပ်နေတာဘေးဘီကိုလည်း
ကြည့်အုံးကွ ဒူးပေါ်ပေါင်ပေါ်နဲ့
ပတ်ဝန်းကျင်ကိုလည်းအားနာအုံးမှပေါ့
ကွပ်ပြစ်မှာအိပ်နေတဲ့သူကလည်း အူကြောင်ကြောင်နဲ့
ပတ်ဝန်းကျင်....
ကျနော့်ပတ်ဝန်းကျင်မှာဘယ်သူမှမရှိတာ
ကွင်းပြင်ထဲက
ဒီကွပ်ပြစ်ပေါ်မှာအိပ်နေတာလေ.... ဆိုတော့
အဲဒီအချိန်မှာ ဒေါသထွက်နေတဲ့မိန်းမကပြောတယ်
ရှိတယ်ရှင့်ရှိတယ် ကျမရှိတယ်
ကျမအိမ်ကဟိုမှာ
သူမလက်ညှိးထိုးပြရာကြည့်တော့
အိမ်က ဟိုး .. လယ်ကွင်းအစပ်မှာ ခပ်ရေးရေးမြင်ရတယ်
ရှင်အိပ်နေတာ ဒူးပေါ်ပေါင်ပေါ်နဲ့
ဖင်လှန်ပြီးကုတ်နေတာလည်းအကြာကြီး
ပုဆိုးကိုလည်း အပေါ်ကိုဆွဲတင်လိုက်သေးတယ်
ကွပ်ပြစ်မှာအိပ်နေတဲ့သူက
ရှက်ရှက်နဲ့
တောင်းပန်ပါတယ်ဗျာ ... ဒါနဲ့
ကျနော် ဟောဒီကွပ်ပြစ်မှာအိပ်နေတာကို
ခင်ဗျားကဘယ်လိုလုပ်မြင်သွားတာတုံး ဆိုတော့
ဒေါသထွက်နေတဲ့အမျိုးသမီးက
'ကျမကမှန်ပြောင်းနဲ့ကြည့်တာရှင့် တဲ့'
တိန် !
😁😂😂
Crd
#Credit

Comments
Post a Comment