"လနဲ့တူတဲ့မိန်းမ"
===========
ဆရာမ - မောင်ဖြူ၊ မင်းအိမ်ထောင်ပြုမယ့် အမျိုးသမီးကို ဘယ်လို အမျိုးအစား ထဲကလိုချင်လဲ။
မောင်ဖြူ- လ လို မျိုး မိန်းကလေးပါ ချာမ။
ဆရာမ - အံမယ်။ သားက ကဗျာ ဆန်လို့ပါလား။ လလို အေးချမ်းတဲ့ မိန်းခလေးမျိုးလား။
မောင်ဖြူ- မဟုတ်ပါဘူး ချာမ။
ဆရာမ - မှောင်နေချိန်မှာ အလင်းပေးမယ့်သူလား။
မောင်ဖြူ- မဟုတ်ပါဘူး ချာမ။
ဆရာမ - လ လေးလိုပဲ လုံးလုံးဝိုင်းဝိုင်းနဲ့ ချစ်စရာ ကောင်းသူလား
မောင်ဖြူ- ဟုတ်ပါဘူးချာမ။
ဆရာမ - ကဲ။ ဒါဆိုရင် နင်ယူမယ့် မိန်းခလေးကို ဘာကြောင့် လနဲ့ နှိုင်းရသတုန်း။
မောင်ဖြူ - ညမှာ ရောက်လာပြီး နေ့ခင်းကျ ပျောက်စေချင်ပါတယ် ချာမ။
🙂
😛
Crd
#Credit

Comments
Post a Comment