အမျိုးသမီးတစ်ဦးဟာ တကိုယ်လုံး အညိုအမဲစွဲပြီး ဆရာဝန်ဆီရောက်လာပါတယ် ။


ဆရာဝန် ။ ဘာဖြစ်တာလဲ


အမျိုးသမီး ။ကျမကို ကယ်ပါအုန်း ဆရာရယ် ။ ကျမယောက်ျား ခုတလော အလုပ်ကအိမ်ပြန်လာတိုင်း သောက်သောက်လာပါတယ် ။ အိမ်ရောက်ရင်လဲ ကျမကို ရိုက်ပါတယ် ။


ဆရာဝန် ။ အဲ့အတွက်မပူနဲ့ ဆေးရှိတယ် ။ ခများယောက်ျား အိမ်ကိုမူးပြီးပြန်လာတဲ့ အချိန်ဆို လက်ဖက်ရည်တစ်ခွက်ဖျော်ပြီး ပါးစပ်ထဲငုံထားပါ ။ မမျိုချရဘူးနော် ငုံပဲငုံထားရမှာ ။


၂ ပတ်ကြာပြီးနောက် ထိုအမျိုးသမီးသည် ပျော်ရွှင်စွာဖြင့် ဆရာဝန်ဆီပြန်လာသည် ။


အမျိုးသမီး ။ ဆရာပေးတဲ့အတိုင်းလုပ်တာအတော်ကောင်းတာပဲ ။ ဆရာပြောသလို သူမူးပြီးပြန်လာတဲ့အချိန် လက်ဖက်ရည်ကိုငုံ ငုံထားတာ ကျမကို လုံးဝမရိုက်ရဲတော့တဲ့အပြင် ခုဆို အရက်ပါပြတ်ပြီး အရင်လို ပုံမှန်ပြန်ဖြစ်သွားပြီ ကျေးဇူးပဲဆရာ


ဆရာဝန် ။ ရပါတယ်ဗျာ ခုတွေ့ပြီမလား ခများ ပါးစပ်ကိုပိတ်ထားတာ ဘယ်လောက် အကျိုးကျေးဇူးများသလဲဆိုတာ ;)


#credit မူရင်း စာရေးသူ

via #WN

Comments

Popular posts from this blog

ချောတယ်လို့