အနာဂတ်


ဖခင်တစ်ဦးဟာ သားကြီးလာရင် ဘာဖြစ်နိုင်မလဲဆိုတဲ့ စမ်းသပ်မှုတစ်ခု ပြုလုပ်ခဲ့တယ်။


 စမ်းသပ်မှုမှာ ဖခင်က စားပွဲခုံပေါ် ပစ္စည်း(၃)မျိုးတင်လိုက်တယ်။


၁ဝတန်ဒေါ်လာတစ်ရွက်---- ဘဏ်လုပ်ငန်းရှင် ကိုယ်စားပြုပါတယ်။


ကျမ်းစာတစ်အုပ် -------- ဘာသာရေးအကြီးအကဲ ကိုယ်စားပြုပါတယ်။


ဝီစကီတစ်ပုလင်း -------- အရက်သမား ကိုယ်စားပြုပါတယ်။


ဖခင်ဟာ စားပွဲပေါ်ပစ္စည်းတွေတင်ပြီး သားပြန်အလာကို တံခါးနောက်ကနေ ချောင်းကြည့်နေခဲ့တယ်။


 တအောင့်နေတော့ သားဟာ လေလေးချွန်ပြီး ပြန်လာပါတယ်။


 စားပွဲပေါ်က ပစ္စည်းတွေကိုတွေ့တော့ ဘေးဘီကို လှည့်ကြည့်လိုက်တယ်။ 


အခန်းထဲမှာ တစ်ယောက်မှမရှိမှန်း သိတော့ ဒေါ်လာကိုယူပြီး အလင်းမှာထောင်ကြည့်လိုက်တယ်။


 ပြီးတော့ ကျမ်းစာကို လှန်လျောကြည့်တယ်။ ပြီးတော့ ဝီစကီပုလင်းကိုဖွင့်ပြီး နမ်းကြည့်တယ်။ 


အဲဒီနောက် ပိုက်ဆံကို အိတ်ကပ်ထဲထည့်၊ ကျမ်းစာကို လက်မောင်းကြားညှပ်ပြီး ဝီစကီပုလင်း မ,ပြီး လေလေးချွန်လို့ ပြန်ထွက်သွားတယ်။


သားအပြုအမှုကို ကြည့်ပြီး ဖခင်ဖြစ်သူ လန့်သွားတယ်။ ပါးစပ်ကလည်း စကားတစ်ခွန်း ခုန်ထွက်ပါလာတယ်။


"အလို... ဒီကောင်တရားသူကြီး လုပ်မှာပါလား!"


 " တိန် "


😁😀😂😉😂😂


Credit

Comments

Popular posts from this blog

ချောတယ်လို့