တခါကသွားနေတဲ့ရထားတစ်စင်းပေါ်မှာပေါ့
မျက်နှာချင်းဆိုင်ထိုင်ခုံ၂ခုထဲကတစ်ခုံမှာစစ်သားတစ်ဦး
နဲ့အရပ်သားတစ်ဦး၊ေရှ့ခုံမှာမိန်းမပျိုတစ်ဦးနဲ့
အဒေါ်ကြီးတစ်ဦးထိုင်ပြီးလိုကိပါလာကြသတဲ့
ညဘက်ရောက်တော့ရထားမီးလင်းလာတာပေါ့
တစ်ချိန်မှာရထားကမီးပျက်သွားပါရော
အဲဒီအချိန်'ပြွတ်'ကနဲအသံကြားရပြီးမကြာမီ
'ဖြန်း'ဆိုတဲ့အသံပါတဆက်တည်းကြားလိုက်ရသတဲ့၊
မကြာမီမီးပြန်လာတော့စစ်သားကပါးကို
အုပ်ထားသတဲ့၊
စစ်သားကတွေးတယ်
'ဘေးကကောင်ကဟိုမိန်းကလေးကိုသွားနမ်းတာ
ငါ့ကိုထင်ပြီးပါးရိုက်တာဖြစ်မယ်'
မိန်းမပျိုကတွေးတယ်
'ဟိုစစ်သားငါဆိုပြီးဘေးကအဒေါ်ကြီးသွားနမ်းလို့
အဒေါ်ကပါးရိုက်လိုက်တာနဲ့တူတယ်'
အဒေါ်ကြီးကတွေးတယ်
'ဟိုစစ်သားမိန်းကလေးပါးသွားနမ်းလို့ပါးရိုက်
လိုက်တာဖြစ်မယ်'
အရပ်သားကတွေးတယ်
'စစ်သားတွေပြည်သူအပေါ်နှိပ်စက်တာများပြီ
ဘာရမလဲငါ့လက်ဝါးကိုငါ့ဘာသာနှုတ်ခမ်းနဲ့
စုတ်ပြီးစစ်သားပါးရိုက်လိုက်တာစစ်သားကတော့
မိန်းခလေးရိုက်တယ်ထင်မှာပဲ'
Crd
ဟူသတတ်
(ဖတ်ဘူးတဲ့ဟာသတစ်ခုပြန်မျှတာပါ)

Comments
Post a Comment