"အကျိတ်အခဲ"


တစ်ခါက ရွာတစ်ရွာမှာ 

လင်မယားနှစ်ယောက်ရယ်

ယောက္ခမရယ်၊ ခယ်မရယ် 

အတူနေထိုင်ကြသတဲ့။


တစ်နေ့တော့ 

ခယ်မဖြစ်သူက အနေအထိုင်

မတတ်တော့ သားမက်ကလည်း 

မနေနိုင်မထိုင်နိုင်

"လျှပ်စီးတွေ လက်လိုက်တာကွာ" လို့ 

ခနဲ့သတဲ့။


ယောက္ခမကကြီးကကြားတော့ 

သူ့သမီးအငယ်ကို

ပြောတာပဲဆိုပြီး တေးထားသတဲ့..


ထမင်းတစ်ဝိုင်းထဲ စားဖြစ်တော့ 

ယောက္ခမကဇွန်းကိုအိမ်အောက်

တမင်လွှတ်ချပြီး"သားရေ ဇွန်းလေးကျသွားလို့ 

သွားကောက်ပေးပါကွယ်" 


ဆိုပြီး သားမက်ကို အချိုသတ်ခိုင်းတယ်။

သားမက်က အိမ်အောက်ဝင်ပြီး 

ဇွန်းကောက်နေတုန်း

အပေါ်ကနေ သေးပေါက်ချသတဲ့..


သားမက်က "ဟ..ဟ..ဘာတွေတုန်းဟ" 

လို့အော်တော့

ယောက္ခမကြီးက 


"အော် မနေ့က လျှပ်စီးလက်လို့

ဒီနေ့ မိုးရွာတာပေါ့ကွယ်" လို့ပြန်ဖြေသတဲ့။


သားမက်ကလည်း 

စိတ်ထဲက မှတ်ထားတယ်။


နောက်နေ့ ယောက္ခမကြီး 

ရေချိုးဆင်းနေကြလမ်းမှာ

သားမက်က ပက်လက်လှန်ပြီး 

ဝတ်လစ်စလစ်အိပ်နေသတဲ့။


အဲလိုမြင်တော့ ယောက္ခမကြီးက

"အမလေး ဘယ့်နှယ်ဖြစ်နေတာတုန်း" လို့

အော်တော့့သားမက်ဖြစ်သူက 

"တစ်နေ့က လျှပ်စီးလက်ပြီး

မနေ့ကမိုးရွာတော့ 

ဒီနေ့မိူပေါက်ပြီပေါ့ အမေရယ်" တဲ့လေ။


"တိန်​"


😜😜😜

credit#မောင်သုန်

#လူကြီးမင်း

Comments

Popular posts from this blog

ချောတယ်လို့