အလုပ်အားရက်လေး..

ဇနီးသည် မလုံးနဲ့

ဧည့်ခန်းမှာ တီဗီ ကြည့်နေတုန်း...

ခပ်ချောချော အမျိုးသမီး တစ်ယောက် အိမ်ထဲ ဝင်လာတယ်..


ဒီတော့..

မလုံးက...


"ဘာကိစ္စလဲရှင့်..?''


အမျိုးသမီးက ချက်ချင်း...ပြန်မပြောဘူး..

မလုံးရှေ့က..ခုံမှာ ခပ်တည်တည်.

ဝင်ထိုင်လိုက်ပြီးမှ..


"မလုံး...ဆိုတာ...အစ်မလား?''


" ဪ...ဟုတ်ပါတယ်ရှင့်''


ဒီတော့..

အမျိုးသမီးက..

ကျွတ်ကျွတ်အိတ် တစ်ထုပ်ကို..

စားပွဲပေါ် တင်ပေးရင်းက..


"ရော့...ဒီမှာ....သိန်း ၅၀၀..။စစ်ကြည့်လိုက်အုံး..''


"အွန် ''


မလုံးက

အထုပ်ကို ယူကြည့်လိုက်တော့..

ဟုတ်ပ..

ငွေတွေ အထပ်လိုက်..


မလုံးလည်း..အံ့သြသွားပြီး..


"ဘာ အတွက်လဲရှင့်..''


အဲ့မှာ..

အမျိုးသမီးက..ခနဲ့သဲ့သဲ့ အမူအယာနဲ့...


"ကျမ....ရှင့်ယောကျ်ား ကိုချွန်ကို..သဘောကျတယ်..''


"ငှယ်..''


"ဟင်..''


"ဒီတော့...ဒီ ငွေ သိန်း၅၀၀ ကို..ရှင်ယူပြီးတော့..ကိုချွန်ကို..ကျမနဲ့ထည့်လိုက်ပါ...''


"အာရှာ''...(ကျန်ုပ်ရဲ့ အာမေဋိတ်သံ)


မလုံးက..မရှင်းလို့..


"ဘာ ဘာရယ်..''


" ဪ...ဒီမှာ...အဲ့ငွေ သိန်း ၅၀၀ ကို..ရှင်ယူလိုက်။ရှင့်ယောကျ်ားကို..ကျမ ခေါ်သွားမယ်..လို့..''


" ဘာ! "


ကြားလိုက်ရတဲ့စကားကြောင့်

မလုံး တစ်ကိုယ်လုံး တဆတ်ဆတ် တုန်လို့....


"ဘာ......ရှင်က..ကျုပ်ယောကျ်ားကို...သိန်း၅၀၀နဲ့..လာဝယ်တဲ့ သဘောပေါ့..။ဟုတ်လား..''


"ဟုတ်တယ်...။ အမှန်ပဲ...''


" ကောင်မ.. ''


"ဖုန်း..''


"ဟာ...''


မလုံးတို့...မြန်ချက်..

ငွေထုတ်တွေနဲ့...အမျိုးသမီးကို..

ပိတ်ပေါက် ပစ်လိုက်တာ..


" ရှင်က...ကျုပ်ကို..ငွေမက်တဲ့ကောင်မများ..အောင်းမေ့နေလား...ဟမ်...''


အမျိုးသမီးက..

ဘာမှ မပြော..

မျက်လုံးလေး..အပြူးသားနဲ့ ကြည့်လို့...


". ငွေ သိန်း၅၀၀ မက်ပြီး..ယောကျ်ားကို...ရောင်းစားမယ့် သူလို့များ..ကျမကို..ရှင်ထင်နေလား..ဟမ်..''


*ဪ....မိန်းမရယ်...''


မလုံးစကားကြောင့်

ကျတော် ကြက်သီးမွေးညင်းများပင်..

ထောင်ထ သွားရပါတယ်..

ကြည့်ပါအုံးဗျာ...

ကျုပ်ကို...မလုံး ချစ်လိုက်ပုံများ.

ငွေ သိန်း၅၀၀ ပေးတာတောင်..

မယူပဲ..

မီးဝင်းဝင်းတောက်ပြီး..

တုန့်ပြန်နေတာ....


လေးစားလိုက်တာ.....မိန်းမရယ်..


ဒီတော့..

အမျိုးသမီးကလည်း..

သူ..မှားသွားပြီ...ဆိုတာ...

သိလိုက်ပုံပါပဲ...


"တောင်းပန်ပါတယ်...အစ်မရယ်။ အစ်မယောကျ်ားကို..သဘောကျလို့...ငွေပေးရင်များ..ရနိုင်မလားလို့...လုပ်ကြည့်တာပါ''


" မလုပ်နဲ့...။ မရဘူး။...မလုံးတို့က...ငွေမက်တဲ့သူစားမဟုတ်ဘူး..''.


"ဟုတ်..ဟုတ်ကဲ့။ မသိလို့ပါရှင့်..''


" အေ....မသေမချင်းမှတ်..။ကျုပ်ကို ငွေနဲ့တော့..ဘယ်တော့မှ...လာမချုပ်နဲ့..''


"ဟုတ်..ဟုတ်ကဲ့...''


.


"လိုချင်တယ်နော်.....။ အလကား..ခေါ်သွား....''


"တိန်...''


😁😁😁😁😁😁😁

Crd


#လူချွန်တော်..မှ

Comments

Popular posts from this blog

ချောတယ်လို့