ကျူပ်ကိုမျှော်လင့်ပြီမနေပါနဲ့😁😁😁
အသက်၄၀အရွယ်အပျိူကြီးတစ်ယောက် သီတင်းစာထဲ တွင် ကြော်ညာထည့်သည်….
အားကိုး အားထိုက် ရှိအပ်သော ခင်ပွန်းအလိုရှိသည်…
၁။အရက်မသောက်ရ
၂။ဆေးလိပ်မသောက်ရ
၃။ မိန်းမမလိုက်စားရ
၄။ဖဲမရိုက်ရ
၅။ အသက်၄၅ထက်မကြီးရ
၆။လူပျိူဖြစ်ရမည်
အထက်ပါအချင်အလတ်များ နှင့်ပြည့်စုံပါက. အောက်ပါလိတ်စာ အတိုင်း ဆက်သွယ်ပါ
•••••
နောက်နေ့မနက်ရောက်တော့ အိမ်ရှေ့မှာတံခါး လာခေါက်သည် ဖွင့်ကြည့်လိုက်တော့ အရက်ကို အလွန်အကျွန် မူးနေအောင် သောက်ထားသော လူတစ်ယောက် ဖြစ်သည်။ ပါးစပ်တွင်ဆေးလိပ် ခဲထားသည်။
အပျိူကြီးက မေးလိုက်သည်-
ဘာကိစ္စတုန်း?
အာလေး ရှာလေးနဲ့ အမူးသမားက ပြန်ဖြေသည်
ဒီလိုပါ ကျုပ်သီတင်းစာထဲမှာ ခင်ဗျား ကြော်ညာထားတာ တွေ့လို့
လာခဲ့တာပါ။
အပျိူကြီးက ဝမ်းသာအားရနဲ့
အပျိူကြီး- ရှင်!!ဟုတ်လား..ဒါဆို ရှင်က အရက်မသောက်တက်ဘူး
ပေါ့..?
အမူးသမား= မှောက်သွားတဲ့အထိသောက်တယ်
အပျိူကြီး =ဟင်…ဒါဆို ဆေးလိပ်မသောက်တက်ဘူးပေါ့?
အမူးသမား = အခုတောင်ခဲထားတာ မတွေ့ဘူးလား မပြက်တမ်းသောက်တယ်….
အပျိူကြီး= ဒါဆို ဖဲမရိုက်တက်ဘူးပေါ့..?
အမူးသမား= အခုပဲ ဖဲဝိုင်းက ထလာတာ
အပျိူကြီး= မိန်းမတော့ မလိုက်စားတက်လောက်ပါဘူး..?
အမူးသမား= သူငယ်ချင်း မိန်းမတောင်မရှောင်ဘူး
အပျိူကြီး = အသက်က ၄၅နှစ်ထက်မကျော်သေးပါဘူး နော်?
အမူးသမား= ၅၀ပြည့်တော့်မယ် လပိုင်းပဲ လိုတော့တယ်
အပျိူကြီး =ဒါဆို လူပျိူတော့ ဟူတ်တယ်မလား?
အမူးသမား=မိန်းမယူတာ နှစ်ယောက်ရှိသွားပြီ အခုက ကွာရှင်းထား
တာ..
အပျိူကြီး= ဒါဆို ဘယလို့လာနေသေးလဲ သေနာကျရဲ့
အမူးသမား= ကျူပ်ကို မမျှော်လင့်နဲ့ လို့ လာပြောတာ
တိန် တိန်
Credit.

Comments
Post a Comment