[ မှတ်မှတ်ရရ ဘဝထဲက ဟာသများ ]
“ဆရာ ကျွန်တော့်ဆိုင်က ခုံဖိနပ်တွေ ရောင်းမထွက်လို့----အဲဒါ”
“အင်း----ကောင်းပြီ---ကန်တော့ပွဲ ပေးခဲ့---ရှိတဲ့ ခုံဖိနပ်တွေ ငါ့ဆီပို့ထား”
“ဗျာ---”
“ရောင်းလို့ထွက်အောင်---ဓာတ်ရိုက် ဓာတ်ဆင် လုပ်ပေးမယ်လေ”
“ဪ…ဟုတ်ကဲ့ ဆရာ”
“ဒါနဲ့--တစ်ရံ ဘယ်လောက်လဲ---”
“အဲသလောက်ပါ ဆရာ---”
-------------
“ဆရာကြီး ကူညီပေးပါဦး ကျွန်မဆိုင်မှာ နှုတ်ခမ်းနီဘူးတွေ ပုံနေတယ်---ရောင်းအားကောင်းချင်ပါတယ် အဟဲ အဲဒါ အဲဒါ…”
“ဟုတ်ပြီလေ---ကန်တော့ပွဲ ပေး---ပူဇော်ပသ၊ မထွက်တဲ့ နှုတ်ခမ်းနီဘူးတွေ ဒီကို အကုန်ပို့ထားလိုက် ဓာတ်ရိုက် ပေးမယ်”
“ဟုတ်ကဲ့ ဆရာကြီးရှင့်…”
------------
“ကျွန်မယောကျ်ား ဗွေဖောက်နေတယ် ဆရာရယ် အဲဒါ လုပ်ပေးပါဦး”
“ဘာနေ့သားလဲ”
“စနေသားပါဆရာ…”
“ယတြာချေရမယ်---ခုံဖိနပ်နဲ့ နှုတ်ခမ်းနီ----တွဲပြီး စနေထောင့်မှာ သွားပစ် ဟိုဘက်က အခန်းမှာ ခုံဖိနပ်ဆိုင်-----ဒီဘက်က အခန်းမှာ နှုတ်ခမ်းနီ အဲဒီ သွားဝယ်”
“ဟုတ် ဟုတ်ကဲ့ ဆရာ…”
--------------------
“ဆရာ ကျွန်မတို့ အမွေဆိုင်ထားတာ--”
“မပူနဲ့--ခုံဖိနပ်နဲ့ နှုတ်ခမ်းနီ ယတြာ ချေလိုက်”
“မိန်းမ အိမ်ပေါ်က ဆင်းသွားလို့ ဆရာကြီး”
““ခုံဖိနပ် နဲ့ နှုတ်ခမ်းနီ ယတြာချေ”
“ဆရာကြီး သမီးလေး စာမေးပွဲ အောင်အောင်လို့”
“ခုံဖိနပ် နဲ့ နှုတ်ခမ်းနီ…”
“ဆရာ ဆရာ သားလေးက ဟိုကောင်မနဲ့ တွဲနေလို့လေ ကျွန်မအနေနဲ့တော့…”
“ခုံဖိနပ် နဲ့ နှုတ်ခမ်းနီ”
“သမီးလေး အလုပ်လျှောက်ထားတာလေး ဆရာရယ် အဆင်ပြေအောင်”
“ခုံဖိနပ် နဲ့ နှုတ်ခမ်းနီ”
“ကယ်ပါဦးဆရာရယ် ဝယ်လိုက်တဲ့ ကားက----ဟို ဟို”
“ခုံဖိနပ် နဲ့ နှုတ်ခမ်းနီ”
“ရာထူးတိုးဖို့ ဆရာရယ် လုပ်သက်ကလည်း ကြာလှပြီ အဲဒါ”
“ခုံဖိနပ် နဲ့ နှုတ်ခမ်းနီ”
“အလုပ်ထဲမှာလေ အဲ့ကောင်မက---ဆရာရယ်--ဘယ်လိုပြောမလဲ”
“ခုံဖိနပ် နဲ့ နှုတ်ခမ်းနီ”
“အခုတလော အတိုက်အခိုက်တွေ များနေတယ်ဆရာ--စိတ်မပျော်တော့”
“ခုံဖိနပ် နဲ့ နှုတ်ခမ်းနီ”
“ဆရာ…”
“ခုံဖိနပ် နဲ့ နှုတ်ခမ်းနီ”
“ဆရာ…”
“ခုံဖိနပ် နဲ့ နှုတ်ခမ်းနီ”
“-------”
“-------”
Credit
ကျော်ထွန်းဦး
(ref: ဆရာ မင်းသိင်္ခ)

Comments
Post a Comment