ဦးမြဟာ သူ့သား ဆယ်ကျော်သက်လူပျိုပေါက်လေး

လိမ်ညာပြောဆိုနေတာကို ဖေါ်ထုတ်ဖို့

အလိမ်ဖေါ်စက်တစ်လုံး ဝယ်လာတယ်။

အဲဒီအလိမ်ဖေါ်စက်က လိမ်ညာပြောရင်

လက်တံရှည်ကြီးထွက်လာပြီး ပါးချတယ်။


မိသားစု ညစာအတူစားတဲ့အချိန်

အလိမ်ဖေါ်စက်ကို ထမင်းစားပွဲဘေးမှာ ထားထားတယ်။ 

စားသောက်ပြီးတဲ့အချိန်

ဦးမြက သားကိုမေးလိုက်တယ်။


"သား ကျောင်းချိန်မှာ မင်းဘယ်ရောက်နေလဲ ..."


"ကျောင်းချိန်ပဲ ကျောင်းမှာပေါ့အဖေရာ ... "


စက်ရဲ့လက်တံရှည်ကြီးထွက်လာပြီး

သားကို ပါးလွှဲရိုက်လိုက်တယ်။


သားဟာ ပါးကိုပွတ်ရင်း

"သား သူငယ်ချင်းအိမ်မှာ ဗီဒီယိုသွားကြည့်တာ ..."


"ဘာကားကြည့်တာလဲကွ ..."


"ဘရုစ်လီရဲ့ကွန်ဖူးကားသစ် ..."


စက်ရဲ့လက်တံရှည်ကြီးထွက်လာပြီး

သားကို ပါးလွှဲရိုက်လိုက်ပြန်တယ်။


"ဟာ ... လူကြီးကား လူကြီးကား ..."


"မင်း တော်တော်မိုက်တဲ့ကောင်ပဲ

အဖေ မင်းအရွယ်တုန်းက ကျောင်းစာပဲလေ့လာတာ

ဒီလိုကားမျိူးတွေကြည့်ဖို့ စိတ်ကူးတောင် မရှိခဲ့ဘူး ...."


စက်ရဲ့လက်တံရှည်ကြီးထွက်လာပြီး

ဦးမြကို ပါးလွှဲရိုက်လိုက်တော့


ဘေးကကြည့်နေတဲ့ ဦးမြရဲ့ဇနီး

အူနာအောင်ဟားတိုက်ရီပြီး


"ရှင့်သားပဲဟာ ရှင့်လိုပဲပေါ့ ...."


ဒီတခါတော့ စက်ရဲ့လက်တံရှည်ကြီးထွက်လာပြီး

ဦးမြရဲ့ဇနီးကို ပါးလွှဲရိုက်လိုက်ပါတော့တယ် .....


တိန် ..........


🤣🤣🤣🤣🤣

Crd


MHA

Comments

Popular posts from this blog

ချောတယ်လို့