အမေရိကန်တစ်ယောက် ဂျပန်တစ်ယောက် မြန်မာတစ်ယောက်တို့ ကမ္ဘာလှည့်ခရီးသွားရင်း isis တို့၏ ဖမ်းဆီးခြင်းခံလိုက်ရသည်

isis ခေါင်းဆောင်က ပြောသည်

"မင်းတို့ သတ်ဖို့ ကျည်ဆန်၃တောင့် ရှိတယ် တစ်ယောက်တစ်တောင့် သတ်မယ် မသေခင် မှာစရာရှိတာတွေမှာကြ" ဟု ဖုန်းတစ်လုံးထုတ်ပေးသည်

အမေရိကန် က ဖုန်းယူပြီး အိမ်ကိုဖုန်းခေါ်လိုက်သည်

ဖုန်းတန်းဝင်သွားပြီး မိသားစုတွေကို နှုတ်ဆက်လိုက်သည်

"ဂွတ်ဘိုင်"


ဒိုင်း


အမေရိကန်ကို ပစ်သတ်လိုက်သည် ကျည်ဆံတစ်တောင့်ကုန်သွားသည်


ဂျပန် ကလည်းဖုန်းယူပြီး အိမ်ကို ဖုန်းခေါ်ပြီး မိသားစုကို နှုတ်ဆက်လိုက်သည်

"ဆာရိုးနားယား "


ဒိုင်း


ဂျပန်ကို လည်းပစ်သတ်လိုက်ပြန်သည် ဒုတိယ ကျည်တစ်တောင့် ကုန်သွားသည်

မြန်မာ အလှည့်ရောက်လာသည် မြန်မာက အိမ်ကို ဖုန်းလှမ်းနှင့်ခေါ်လိုက်သည် အတော်ကြာသွားသည် မသင်္ကာသည်နှင့် isis ခေါင်းဆောင်ကဖုန်းယူပြီး ကိုင်ကြည့်လိုက်သည် မိန်းမအသံထွက်လာသည်


"လူကြီးမင်း ခေါ်ဆိုသော ဖုန်းမှာ ဆက်သွယ်မှုလိုင်းများမအားလပ်သေးပါသဖြင့် ခေါ်ဆို၍ မရနိုင်ပါရှင်

ခေတ္တစောင့်ဆိုင်းပြီးမှ ပြန်လည် ခေါ်ဆိုပါရှင်"


isis ခေါင်းဆောင် တစ်နာရီ စောင့်ပြီး ဖုန်းထပ်ခေါ်ကြည့်ပြန်သည် စောစောကအသံထွက်လာပြန်သည်

"အားနာပါတယ်ရှင် ခေတ္တစောင့်ဆိုင်းပြီးမှ ပြန်လည်ခေါ်ဆိုပါရှင်"

isis ခေါင်းဆောင် က တစ်နာရီ စောင့်ပြီး ပြန်ခေါ်ကြည့်ပြန်သည် စောစောက အသံပြန်ထွက်လာသည်


" သီးခံပါရှင်"


ဒိုင်း


isis ခေါင်းဆောင်မှာ စိတ်တိုလာပြီး နောက်ဆုံးကျည်ဆန်ဖြင့် ဖုန်းကို ပစ်ပလိုက်တော့သည်


မြန်မာလည်း ခုမှသက်ပြင်းချနိုင်သည်


"ဟူးး " တော်ပါသေး။ မြန်မာ့ဆက်သွယ်ရေးကယ်ပေလို့။


Credit to Original Writer


NP

Comments

Popular posts from this blog

ချောတယ်လို့