သို့ / မိန်းမ
မောင် စာရေးလိုက်ပါတယ်။
ဒီလတော့ မောင် အသုံးအစွဲများသွားလို့
မိန်းမဆီကို ပိုက်ဆံ မပို့ပေးနိုင်တော့ဘူး။
အဲ့ဒါ ဒီလတော့ မိန်းမ အဆင်ပြေသလိုလေး
သုံးလိုက္ပါကြာ။
ပိုက်ဆံမပို့ပေးနိုင်ပေမယ့် အနမ်းထောင်နဲ့ချီ
ထည့်ပေးလိုက်တယ်နော်။ အာဘွား။ အာဘွား။
ချစ်တဲ့ မောင်..
သို့ / မောင်
မောင့်ရဲ့စာကို လက်ခံရရှိပါတယ်။
ပိုက်ဆံမပို့ပေးနိုင်လို့ စိတ်မကောင်းမဖြစ်ပါနဲ့။
မိန်းမ ဒီမှာ အဆင်ပြေအောင် နေတတ်ပါတယ်။
ကိစ္စမရှိပါဘူး။
မောင့်စာနဲ့အတူ ထည့်ပေးလိုက်တဲ့
အနမ်း တထောင်ကိုလည်း အလေအလွင့်မဖြစ်အောင်
အကျိုးရှိရှိ သုံးခဲ့ပါတယ်။
စာရင်းနဲ့ သေချာရေးမှတ်ထားတာ
ပြန်ထည့်ပေးလိုက်တယ်နော်။
ရေဖိုးလာကောက်တဲ့ မောင်လေး - အနမ်း ၁၀၀
မီတာရုံးက အကိုကြီး - အနမ်း ၁၅၀
မနက်တိုင်း နွားနို့လာပို့တဲ့ အနဲ - အနမ်း ၅၀
ဆန်ဆိုင်က ကွီး - အနမ်း ၂၀၀
ကုန်ခြောက်ဆိုင်က အကိုလေး - အနမ်း ၂၅၀
ကြက်သားသည် ဘီးကျဲ - အနမ်း ၁၅၀
အသီးအရွက်ဆိုင်က ချာတိတ် - အနမ်း ၁၀၀
ကဲ
မိန်းမ ဘယ်လောက် စေ့စပ်လဲ
တွေ့ပြီဟုတ်၊
နောက်လတွေမှာလည်း အဆင်ပြေမှ ပိုက်ဆံပို့ပါ၊
မိန်းမအတွက် မပူနဲ့၊ ဒီမှာ အကုန်အဆင်ပြေတယ်။
သက်လား။
ချစ်တဲ့ မိန်းမ..
မှတ်ပလား
ကောင်းရော 😏😁😁😁
ဘဝအမောတွေ..ခဏတာ..ပြေပါစေ..
#crd_to_owner #ko htwe
#နော်ဂဲလယ်ထူး (စာပေပရဟိတ)

Comments
Post a Comment