ဟုတ်မှာပါလေ....😁😁
ချွတ်လို့စွပ်လို့ ကောင်းလာမှ ပျောက်ရတယ်လို့ကွာ😜
တစ်ခါက ရွာတစ်ရွာမှာ…
တရားအရမ်းအဟောကောင်းတဲ့
ဆရာတော်တစ်ပါးရှိသတဲ့…။
တစ်နေ့မှာ….
ရွာကလူကြီးတစ်ယောက်ရဲ့…မိန်းမ ကွယ်လွန်တော့…
ရက်လည်ဆွမ်းသွတ်မှာ….တရားသွားဟောရတယ်…။
တရားက တော့……..
ဆုံးသွားတဲ့ မ်ိန်းမကို ပြန်ပြီး တမ်းတပြီး အရမ်းငိုနေမဲ့အစား…
တရားနဲ့ ဖြေသင့်တယ်ပေါ့…..။
ဒီလိုနဲ့ တရားကို ကောင်းကောင်းဟော…
ဆွမ်းစားပြီးပြန်ထွက်တော့….
အိမ်ပြင်ကပြင် မှာ ချွတ်ထားတဲ့
ဘုန်းကြီးဖိနပ်ကို ဘယ်သူ သမ သွားလည်း မသိ….
မရှိတော့ဘူး….။
ဘုန်းကြီးက အရမ်းတင်းသွားတယ်…။
ခုနက သူ ဟောခဲ့တဲ့ တရားတွေ မေ့ သွားပြီး…
တောက်…တစ်ခေါက်ခေါက်နဲ့ မချင့် မရဲ ပြောတာက….
"တောက်….ဒီဖိနပ်ကလေး….
ချွတ်လို့စွပ်လို့ ကောင်းနေမှ….ပျောက်ရတယ်လို့ကွာ….
ဒီသူခိုး မိရင်တော့…..ငါ့ ကြိမ်လုံးစာမိမယ်…."
ဘာညာ မပြီးနိုင် မစီးနိုင် ကြိမ်း နေတော့…
ဒကာ ကပဲ ပြန်တောင်းပန်ရတယ်…
"တပည့်တော် အသစ်၀ယ်ပေးပါ့မယ်ဘုရား"
ဒါကို မရဘူး…
"အသစ်ကမဟန်ရင်ဖိနပ်ပေါက်တယ်ကွ….
အခုဟာလေးကချွတ်လို့စွပ်လို့ အရမ်းကောင်းတာကွ…."
ဒါနဲ့ ဒကာလည်း စိတ်ချဉ်ပေါက်လာပြီး….
ပြန်ပြောလိုက်တယ်။
"အရှင်ဘုရားချွတ်လို့ စွပ်လို့ ကောင်းတာက
ဘာဟုတ်သေးတုန်း ဘုရား…
တပည့်တော်မှာကဒီထက်ချွတ်လို့ စွပ်လို့
ကောင်းတဲ့ဟာကို….လက်လွှတ်ဆုံးရှုံးရတာ…
စဉ်းစားသာကြည့်ပါတော့ ဘုရား"လို့
.ငို ငို ပြီး လျှောက်မှ….ဘုန်းကြီးလည်း…
"အိမ်း….. ဟုတ်ပေသားပဲ "🤔
" တိန်"
ဆိုပြီး….ကျောင်းကို ခြေဗလာနဲ့ ခပ်သုတ်သုတ်
ပြန်ကြွသွားတော့တယ်တဲ့….။😁
ထိုဒကာပြောသည်မှာလည်း...(ဖိနပ်ကိုပဲ)ပြောတာနေမှာပါပဲလေ🙄
𝐶𝑟𝑒𝑑𝑖𝑡 𝑡𝑜 𝑜𝑟𝑖𝑔𝑖𝑛𝑎𝑙 𝑤𝑟𝑖𝑡𝑒𝑟
#စာချွန်လွှာ📝

🙃🙃
ReplyDelete