ကျုပ်တို့ရွာမှာ မတင်လှိုင် ဆိုတဲ့ အပျိုကြီးတစ်ယောက်ရှိတယ် 


အပျိုကြီးဆိုတော့ ထုံးစံအတိုင်း အိမ်ထောင်ပြုဖို့ အချိန်လွန်သွားတဲ့ သဘောပေါ့ 


တောရွာတော့ဓလေ့ဆိုတော့ အသက်ကြီးမှဖလန်းဖလန်းထရင်လည်း ပတ်ဝန်းကျင်မှာ အရှက်ရမှာဆိုလေတော့ အိနြေ္ဒတွေ သိက္ခာတွေနဲ့ နေရင်းနေရင်း အပျိုကြီးက ကြီးသထက်ကြီးလာတယ်ဆိုပါတော့ဗျာ 


မတင်လှိုင်က အပျိုကြီးသာဆိုတာ မိသားစု ဘိုးဘွားပိုင်လယ်တွေ ယာတွေနဲ့ဆိုတော့ ရွှေနဲ့ ငွေနဲ့ စားဝတ်နေရေးအဆင်ပြေတယ်ဆိုရမယ် 


တစ်ဦးတည်း သောသမီးလည်းဖြစ် အသက်အရွယ်ရလာတဲ့ မိဘနှစ်ပါးကိုပြုစု မိဘရဲ့ လက်ငုတ်လက်ရင်း လုပ်ငန်းတွေကို မိန်းမတန်မဲ့ ဦးစီးလုပ်ကိုင်ရင်း အိမ်ထောင်မပြုဖြစ်တာလည်း ပါမှာပေါ့ 


ဒီလိုအပျိုကြီးဆိုတော့ ကြိတ်ခိုက်နေတဲ့ ကျုပ်တို့ရွာက ကာလသားတွေကလည်း အများကြီးပေါ့ 


ပိုက်ဆံလည်းရှိ ဆွေဂုဏ်မျိုးဂုဏ်လည်း မနိမ့်တဲ့ အပျိုကြီးလည်းဖြစ်တော့ ၊ ကြိုက်ပေမယ့် ဘယ်ကာလသားကမှလည်း မကပ်ရဲကြဘူး 


ဒီထဲမှာ ကိုစိုး ဆိုတဲ့ ကာလသားလည်းပါတယ် ကိုစိုး ကငမူး ၊ သောက်ဖို့လောက်ပဲစဉ်းစားနေတဲ့ကောင်၊ ဒီလိုကောင်မျိုးကို မတင်လှိုင် က ဘယ်ကြိုက်လိမ့်မတုန်း ဝေလားဝေးပေါ့ 


ဒါပေမယ့် ကိုစိုး က တခြားကာလသားတွေလို မဟုတ်ဘူး သူ့မှာအကြံရှိတယ် ကိုစိုး က ဒီလိုကိစ္စမျိုးမှာ သွေးမနည်းတက်ဘူး


သွေးကလဲ ရှိဆို မနက်မိုးမလင်းခင်ကတည်းက တစ်လုံးကုန်နေတဲ့ သူမျိုးကိုး 

 

ကိုစိုး က မူးစပ်စပ် ဖြစ်လာရင် အပျိုကြီးမတင်လှိုင်ကို တွေ့တဲ့နေရာမှာ 

ရိသဲ့သဲ့လုပ်တယ် 


အခြေအနေပေးရင် ပေးသလို လူပျိုစကားပြောတယ်ဆိုပါတော့ဗျာ 


အံမယ် .. ဒင်းက လူလစ်ရင်လစ်သလို ခြိမ်းသေးခြောက်သေးသတဲ့


" မတင်လှိုင် တစ်နေ့ခင်များကို ကျုပ် အနုနည်းနဲ့ ရအောင်ယူပြမယ် " 

ဆိုပြီးခြိမ်းခြောက်တာ 


ငမူးကိုစိုး ဒီလိုစကားပြောတိုင်း အပျိုကြီးမတင်လှိုင်ကလည်း ပြန်ပြောနေကျစကားတစ်ခွန်းပဲရှိတယ်

 " နင် လိုကောင်မျိုး ငါ့ကို ဒီဘဝမဟုတ်ဘူး နောင်ဘဝတောင် မရစေရဘူး " ဒီလိုပြန်ပြောနေကျ 

 

ဒီလိုနဲ့ ကိုစိုး က ရွာထဲမှာလည်း အပျိုကြီးမတင်လှိုင်ကို အနုနည်းနဲ့ ရအောင်ယူပြမယ်လို့ ကြွေးကြော်ထားတယ် 


လူတိုင်းကလည်း မင်းလိုကောင်မျိုးကို အပျိုကြီးက ကြိုက်မှာမဟုတ်ဘူးပေါ့ 


အပျိုကြီးခမျာလည်း ပြောမယ့်သာပြောရတာ ကိုစိုး ဆိုတဲ့ကောင် ဘယ်လိုများယုတ်မာမလဲဆိုပြီး သတိနဲ့သွားရ သတိနဲ့စားရ သတိနဲ့အိပ်ရပေါ့ 


ဒီလိုနဲ့တစ်နေ့ မနက်အစောပိုင်း ဝေလီဝေလင်းအချိန်မှာ ကိုစိုး က အပျိုကြီးမတင်လှိုင်တို့အိမ်ရှေ့မှာ မျက်နှာထိုင်သစ်နေတယ် 


ရှာထဲက မြင်တဲ့လူတွေကလည်း ကွက်ကြည့်ကွက်ကြည့်ပေါ့ 


မိုးလင်းပြီဆို ကိုစိုး အဲ့ဒီအိမ်မှာ မရှိတော့ဘူး  


နောက်တစ်နေ့ ဝေလီဝေလင်း အချိန်ဆို ကိုစိုး က အပျိုကြီးအိမ်ရှေ့မှာ မျက်နှာသစ်နေပြန်ရော 


တကယ်ဆို ကိုစိုး ဒီလို လုပ်နေတာကို အပျိုကြီး မတင်လှိုင် မသိဘူးရယ် 


ဒါနဲ့ ကိုစိုး ဒီလိုလုပ်တာ ကြာလာတော့ ရွာထဲမှာလည်း တစတစ ပြောလာကြတာပေါ့ 


" ဟဲ့ ... အပျိုကြီးမတင်လှိုင်က ကိုစိုးကို မကြိုက်ဘူးသာဆိုတယ် မနက်တိုင်း သူ့အိမ်မှာ ကိုစိုး က မျက်နှာသစ်လို့ပါလား" ... ပေါ့ 


လူပြောများလာလို့ ကိုစိုး မေးကြည့်တော့ ဒင်းက စပ်ဖြဲဖြဲလုပ်နေတယ် သိချင်သူ့သွားမေးကြည့်ဆိုတာပါသေး 


ဒီလိုနဲ့ပဲ မတင်လှိုင်မိဘတွေနားထဲပေါက်တော့ အရှက်အကြောက်ကြီးကြတဲ့ တောရွာတောဓလေ့အရ အကျယ်အကျယ်တွေနဲ့ အရှက်ကွဲမှာစိုးလို့ တစ်သက်လုံးက ဗိုင်းကောင်းကျောက်ဖိနေလာတဲ့ သမီးကို ငမူးကိုစိုးနဲ့ ပေးစားလိုက်ရပါရောလား 


သူ့ပါသူ အိမ်တံခါးမင်းတုံးထိုးပြီး အိပ်နေတဲ့ မတင်လှိုင် ခမျာ ခြံစည်းရိုးကို ခွေးတိုးပေါက်က ဝင်လာပြီး အိမ်ရှေ့မျက်နှာလာ လာသစ်တဲ့ အကြံသမားကိုစိုးကြောင့် အရက်သမားနဲ့ အိမ်ထောင်ကျသွားပါရောလား 


ဇာတ်သိမ်းကတော့... ဒါပဲ 


ဒီဇာတ်လမ်းမှာ ကျုပ်လေးစားတာ ငမူးကိုစိုးကိုပဲဗျ အကြံတစ်ချက်ပိုင်လိုက်တာနဲ့ ပွဲသိမ်း 😂😂😂


မြန်မာဇာတ်ကားတွေထဲကလို ဆွဲလားရမ်းလား လုပ်စရာမလိုဘူး ကားတင်ပြေးစရာ မလိုဘူး မုဒိန်းကျင့် အကြပ်ကိုင်စရာမလိုဘူး အနုနည်းနဲ့ ပွဲသိမ်းမကောင်းဘူးလား ...?


ကဲဒီနေ့ကစပြီး

ခြံစည်းရိုးသာ လုံအောင်ကာထားပေတော့ ချိမတို့ ။

မျက်နှာသစ်ဖို့ချောင်းနေတဲ့ ချိဖတို့လည်း 

အကြံအစည်အထမြောက်ကြပါစေဗျာ ... ။


credit ###akt

Comments

Popular posts from this blog

ချောတယ်လို့