ဖုန်းသံမြည်လာလို့

ကြည့်လိုက်တော့ နံပါတ်ကအစိမ်းကြီး

ဘယ်ကပါလဲဆိုပြီးဖုန်းကိုင်လိုက်တော့...

"ဟလို--------ထီဆိုင်ကပါခင်ဗျ..."

ဝုန်းကနဲထထိုင်လိုက်ပြီး

ကတုန်ကရင်ဖြစ်သွားတဲ့စိတ်တွေကြောင့်

စကားလုံးတွေတောင် ရစ်သမ်မမှန်ချင်တော့

"ဟလို..ဟလို ဟုတ်ကဲ့ပြောပါခည"

"--------- ထီဆိုင်က ထီများထိုးထားသေးလားဗျ"

"ဟာ...ဟုတ် ထိုးတာပေါ့ဗျာ အဲ့ထီသည်ဆီက

ကျွန်တော်လတိုင်းထိုးတာဗျ ဒီတစ်ပါတ်မှာလည်း

ထိုးထားပါတယ်ဗျ..."

စကားတွေကရားရေလွှတ်တွေပြောမိပြီး

ရင်တွေကလဲခုန် အင်း ခြေထောက်တွေပါတုန်နေတာဗျ

တစ်ဖက်ကပြောလာမယ့်စကားကိုရင်မောစွာစောင့်နေမိ

ခေါင်းထဲမှာရောမျက်လုံးထဲမှာပါ တိုက်တွေပေါ်လာလိုက်

ကားတွေမြင်လိုက်နဲ့ပေါ့ဗျာ...ဟီးဟီး...ဖြစ်နေတာဖြစ်နေတာ ..... 

"လူကြီးမင်းအဲ့ဆိုင်ကထီထိုးထားသာသေချာရင်တော့

စိတ်မကောင်းပါဘူး အဲ့ ထီသည်ဦးကြီး Covid 19

ကူးစက်ခံထားရပြီမို့ သူ့ထံမှထီထိုးထားသူအားလုံး

၂၁ရက်Q၀င်ရပါမယ် ဆေးစစ်ရပါမယ်..... အခုပဲလူကြီးမင်းကို

လာရောက်ခေါ်ဆောင်တော့မှာမို့ အဆင်သင့်ပြင်ဆင်ထားဖို့

အကြောင်းကြားတာပါ ဒါပါပဲ" .....ဂွပ်....

" တိန် "


😂😂😂

Crd


#credit

Comments

Popular posts from this blog

ချောတယ်လို့