မီးပျက်နေတဲ့ မင်္ဂလာဦးည နေ့လယ်ခင်းထိ အိပ်ရာထဲက ထွက်မလာနိုင်တဲ့ ကြင်စဦးလင်မယားရဲ့အဖြစ်......


ကိုမောင်ကောင်းနဲ့မချောဘုံတို့ ဒီနေ့မင်္ဂလာဆောင်ကြပြီး အကြင်လင်မယားဘဝ​


ရောက် ကြပါတယ်။


နှစ်ဘက်မိဘကလဲ ပြည့်စုံလှတာမဟုတ်တော့ မင်္ဂလာစရိတ်လေးရဖို့တောင် နှစ်အတော်

တော်ကြာ စုခဲ့ရတာလေ။


ဒီတော့သူများတွေလို ပျားရည်ဆမ်းခရီးတွေ၊ ဘာတွေလည်း မထွက်နိုင်ပါဘူး။ ကိုမောင်ကောင်းမိဘအိမ်မှာပဲ မင်္ဂလာဦးညကို လွန်မြောက်ခဲ့ရပါတယ်။


မနက်မိုးလင်းတော့ ကိုမောင်ကောင်းရဲ့ညီလေးဖြစ်တဲ့ မောင်ရွှေအေးဟာ ကျောင်းသွားခါနီး အမေပြင်ဆင်ပေးတဲ့ မနက်စာကို စားနေရင်း…


“အမေ…။ အကိုနဲ့အမ ထကြပြီလား…”


“ကျနော်တွေးမိတာကတော့…”


“ကိုယ့်ဖာသာ စားမှာကိုမြန်မြန်စားစမ်းပါဟာ…။ တော်ကြာကျောင်းနောက်ကျနေအုန်းမယ်…”


ဒီလိုနဲ့ မောင်ရွှေအေးလဲ မနက်စာစားပြီး ကျောင်းထွက်သွားပါတယ်…။ မုန့်စားကျောင်းဆင်းတော့ ကျောင်းနဲ့အိမ်က နီးနေတဲ့အတွက်


မောင်ရွှေအေးက အိမ်ပြန်လာပြီး ထမင်းစားလေ့ ရှိပါတယ်…။ ထမင်းစားနေရင်း ခူးခပ်ပြင်ဆင်ပေးနေတဲ့ အမေကို…


“အမေ…။ အကိုနဲ့အမ ထကြပြီလား…”


“မထကြသေးဘူး…”


“ကျနော်တွေးမိတာကတော့…”


“ဟာ…။ ကလေးက ကလေးလိုနေစမ်း…။ နေရာတကာဝင်မပါစမ်းနဲ့…”


အဟောက်ခံရတော့ မောင်ရွှေအေးပါးစပ်ပိတ်သွားပြီး ထမင်းကိုလက်စသတ်စားလို့ ကျောင်းကိုပြန်ထွက်သွား ပါတော့တယ်…။


ညနေကျောင်းက ပြန်လာတဲ့မောင်ရွှေအေးက အိမ်ထဲဝင်ဝင်ချင်း


“အမေ…။ အကိုနဲ့အမ ထကြပြီလား …”


“မထကြသေးဘူး…”


“ကျနော်တွေးမိတာကတော့…”


“နင့်မလဲ…။ တနေ့လုံး ဒါပဲမေးနေတာပဲ…။ ကဲ… ပြော။ နင်ကဘာတွေ တွေးနေမိလို့လဲ…”


“အကို ညကကျနော့်ဆီလာပြီး ခေါင်းလိမ်းတဲ့သံလွင်ဆီဘူး လာငှားတယ်လေ”


“ အာ့… ညက မီးပျက်နေတော့ ကျနော်ပေးလိုက်တာ စူပါဂလူးဘူး ဖြစ်နေလို့အမေရဲ့။ အဲဒါ…”


😁😁😁

Crd


🖊 ᶜʳᵉᵈⁱᵗ🖊

Comments

Post a Comment

Popular posts from this blog

ချောတယ်လို့