ဟဲ့ ပေါ်ဦး
ဘုရား
လောကမှာ လိုချင်တာမရတော့
မလိုချင်တာနဲ့ပဲ တင်းတိမ်ကျေနပ်နေကြရတာ
ဘယ်သူများလဲကွဲ့ ???
မှန်လှပါ
အမျိုးသမီးများဖြစ်ကြောင်းပါ ဘုရား !!
ဟေ ဘယ္လိုဘယ္လို ငါကိုယ်တော်မြတ်
နားရှင်းအောင်လင်းစမ်းပါဦး ပေါ်ဦးရဲ့ ??
မှန်လှပါ ဒီလိုရွိပါတယ္ဘုရား
အမျိုးသမီးများသည် သူတို့ကိုယ်တိုင်
ချစ်ရေး ဆိုခွင့်မရှိကြလေတော့
သူတို့ချစ်ရတဲ့ ယောက်ျားကို မရနိုင်ကြောင်းပါဘုရား !!
အဲဒီတော့ကာ
သူတို့ကို ချစ်ရေးလာဆိုကြတဲ့ ယောက်ျားတွေထဲကပဲ
ကောင်းနိုးရာရာကို ရွေးပြီး ချစ်ပိုင်ခွင့်ရှိကြလို့ပဲ
လောကမှာ အမျိုးသမီးများသည် လိုချင်တာမရ
မလိုချင်တာနဲ့ပဲ တင်းတိမ်နေကြရတာပါဘုရား !!
သိပ်သနားစရားကောင်းပါလား အမတ်ကြီးရဲ့ ??
မှန်လှပါ သနားစရာ ကောင်းကြောင်းပါဘုရား !!
ဒါလည်းပဲ
ဝဋ်ကြွေးတစ်မျိုး ပေါ့ဘုရား !!
ဒါတင်ပဲလား အမတ်ကြီးရဲ့ ??
မာနတစ်ခွဲသားလေးနဲ့ပါ ဘုရား !!
😁😂🤣😆😁😂
✎﹏ᶜʳᵉᵈⁱᵗ ᵗᵒ ᵒʳᵍⁱⁿᵃˡ ʷʳⁱᵗᵉʳ﹏♡︎
ᴾʰʸᵒᴸʸⁿⁿ

Comments
Post a Comment