"မင်းသား ရောက်ပြီဟေ့!!!"
ကျတော် ရောက်သည်နှင့် ဒါရိုက်တာ၊ ဇာတ်ညွှန်းဆရာ၊ ကင်မရာမန်းများ လှုပ်ရွကုန်သည်။
"ကဲ..မင်းသား ဇာတ်ညွှန်း အတိုင်းပဲနော်.. ရတယ်မလား"
"ဇာတ်ညွှန်း ဘယ်မှာလဲ ဇာတ်ညွှန်း ပေးမှ မပေးထားတာ"
"ဇာတ်ညွှန်းဆရာ....လာအုံး မင်းသားကို ဇာတ်ညွှန်း ပြောပြလိုက်
ပြီးတာနဲ့ တစ်ခါထဲရိုက်မယ်"
"မင်းသားက ပထမဆုံး ရုံး စတက်တဲ့ ရက်မှာ
ရုံးနောက်ကျလို့ ပြေးရမဲ့ အခန်း....
"ဟုတ်ကဲ့"
"ပြေးနေတုန်းမှာ ကားက ဖြတ်သွားလို့ ဗွက်စင်မယ်
ရုံးအလုပ်က အရေးကြီးလို့ ဗွက်ရေစိုစိုနဲ့ ဆက်ပြေးမယ်
ပြေနေရင်း ရုံးထဲရောက်ခါနီး ခွေးချီး နင်းမိမယ်
ခွေချီးနင်းမိတဲ့ ဖိနပ်ကို ခါလို့က်တာ အင်္ကျီကို ပြန်လာစင်မယ်
နောက်တော့ စိတ်မရှည့်လို့ဆိုပြီး ဖိနပ်ချွတ်ပြီး ရုံးထဲဝင်မယ်
ရုံးဝန်းတံခါးဖွင့်နေတုန်း ခွေးက ဟောင်မယ်
ခွေးက ဟောင်တာ အားမရလို့ လိုက်ဆွဲမယ်
မင်းသားက ထပ်ပြေးရမယ် တောက်လျှောက်ပြေး....ဂလု"
ဇာတ်ညွှန်းဆရာ ပြောရင်းနဲ့ ရေတစ်မော့ သောက်လိုက်သည်။
"ခွေးလိုက်တာ ပြေးရင်းနဲ့ မင်းသားက ပုတ်စော်နံနေတဲ့ ရေဆိုးမြောင်းထဲ ခြေချော်ပြီး ထိုးကျသွားမယ်
မင်းသားက နံဟောင်နေလို့ ခွေးက ဆက်မလိုက်တော့ဘူး
မင်းသား အမောဖြေနေတဲ့အချိန် ခါးပိုက်နှိုက်တစ်ယောက် လူလိုက်လို့ ပြေးရင်း မင်းသားကို ဝင်တိုက်မယ်
လူအုပ်ကလဲ မင်းသားကို ခါးပိုက်နှိုက်နဲ့ တစ်ဖွဲ့ထဲဆိုပြီး ထပ်လိုက်တယ် မင်းသားက ထပ်ပြေး တောက်လျှောက်သာပြေး နောက်လှည့်မကြည့်နဲ့......
ပြေးရင်းနဲ့ လမ်းဆုံအရောက်မှာ မင်းသားကို ကားတိုက်သွားမယ်"
"နေပါအုံး ဒီလောက်များတဲ့ ဆင်းဒ်ကို ဒီနေ့ပြီးပါ့မလား"
"မပူပါနဲ့ မင်းသားရဲ့ ဒီကားမှာ မင်းသားက ပြေးဖို့ အဓိကပဲ ကင်မရာမန်းကလဲ အနောက်ကနေ တောက်လျှောက် လိုက်ရိုက်နေမှာ ရီးရဲလ် အက်ရှင်ကား အစစ်ပေါ့
ကမ္ဘာ့အပြေးချန်ပီယမ် အူစိန်ဘော့တောင် ငိုလောက်မဲ့ကားကွ"
"ဒါနဲ့ခွေးတွေ ခါးပိုက်နှိုက်တွေ လူအုပ်တွေကော...."
"မပူနဲ့ ရီးရဲလ် အက်ရှင်ပါဆို"
"ကျတော်က ဘယ်လမ်းပြေးရမှာလဲ"
"ဟိုးရှေ့မှာ ရေဗွက်အိုင်ရှိတယ် မင်းသားကို အက်ရှင်လို့ အော်လိုက်တာနဲ့ အသကုန်ပြေးတော့ မင်းသားလဲ အရောက်
ကားက ရေဗွက်စင်အောင် ဖြတ်မောင်းပေးမှာ
ပြေးရင်းနဲ့ ဆီပန့်ရှေ့မှာ တို့အဖွဲ့သားတွေ ခွေးချီး သွားပုံထားတယ် အဲ့ခွေးချီးကို ရအောင်နင်းပြီးတာနဲ့ လမ်းထိပ်က တရုတ်မအိမ် တံခါးကိုဖွင့်လိုက်"
"အဲ့ တရုတ်မကို ကျတော်မှ မသိတာ"
"ဟာ သိစရာမလိုဘူး ရုံးလို့ စိတ်ထဲမှာ မုဒ်သွင်းပြီး ဖွင့်လိုက်အဲ့မှာ အယ်ဇေးရှင်းခွေးကြီး ထွက်လာလိမ့်မယ်
ခွေးလိုက်တာနဲ့ ပြေးပြီး အသုတ်ဆိုင် ဘေးက ရေပုတ်မြောင်းထဲ ခုန်ချလိုက် ပြီးတာနဲ့ စျေးထဲက လူတွေက မင်းသားကို လိုက်လိမ့်မယ်"
"စျေးထဲက လူက ကျတော့်ကို ဘာလို့ လိုက်မှာလဲ"
"စျေး မီးရှို့ဖို့ လုပ်နေတဲ့လူ ရုပ်ဖျက်ထားတာလို့ ပြောထားပေးမယ်"
"ဟာ!!!"
"ကား ဝင်တိုက်မှာက...."
"အဆင်သင့် ဖြစ်အောင် နာရေးကူညီမှုကား ခေါ်ထားတယ်"
ဟိုက်စကိုက်
ထိုသို့သော ရီးရဲလ် အက်ရှင်ကို မြန်မာများရိုက်သင့်ပေသည်။
Crd
Original by ###အွပ် တ်

Comments
Post a Comment