နောင်ရေးတွေးမိလို့ပါ

ဆရာ #ကံချွန်


တစ်ခါက မီးရထားပေါ်မှာ အဘိုးကြီး တစ်ယောက်ဟာ အထက်တန်းတွဲကနေစီးနင်း လိုက်ပါလာတယ်။ ဆေးလိပ်ကို

သောက်ရင်း သတင်းစာဖတ်လို့ပေါ့။


အဲဒီအချိန်မှာ ဘေးနားက လူရွယ်တစ်ယောက်ကလဲ မဂ္ဂဇင်းတစ်အုပ်ကို ဖတ်ရင်းလိုက်ပါလာရာကနေပြီး အဘိုးကြီးဘက်ကို လှည့်လို့ မေးလိုက်တယ်။


“ဦးလေး ဘယ်နှစ်နာရီ ရှိနေပြီလဲ၊ ကျွန်တော့်နာရီက အချိန်မမှန်လို့ တိုက်ချင်လို့”


အဘိုးကြီးက လူရွယ်ကို တစ်ချက် လှည့်ကြည့်လိုက်ပြီး၊


“ဘာလို့ ပြောရမှာလဲကွ” လို့ ပြောတယ်၊ လူရွယ်က မကျေမနပ် ဖြစ်သွားတယ်၊

ဒါကြောင့်


“ဦးလေးရယ် နာရီလေး ပြောရမှာ ဘယ်လောက်များ ပင်ပန်းလို့လဲ၊ ငါ့တူရေ ဘယ်နှစ်နာရီ ထိုးပြီဟေ့ ဆိုလိုက်ရင် ပြီးသွားမယ့် ကိစ္စကို’ လို့ပြောလိုက်တယ်။ ဒီတော့ အဘိုးကြီးက သူ့လက်ထဲက

သတင်းစာကို ပိတ်လိုက်ပြီး


“မပြောနိုင်ဘူးကွ၊ မပြောနိုင်ဘူး၊ မင်းက ငါ့ကို အချိန်မေးလို့ ငါက ဖြေလိုက်ရင် မင်းက ကျေးဇူးပဲ ဆိုပြီးပြုံးမယ်၊ မသိမသာ မိတ်ဆွေဖြစ်သွားမယ်၊ နောက်တော့ မင်က မင်းရဲ့ မဂ္ဂဇင်းစာအုပ်ကို

ငါ့ကိုပေးပြီး ငါ့ဆီက သတင်းစာကို မင်းယူဖတ်မယ်၊ ငါကလဲ အားနာပြီး ပေးလိုက်မယ်ဆိုရင်.. နောက်ဘူတာကျတော့ ငါက၊

လက်ဖက်ရည် ဝယ်သောက်တဲ့အခါ လူမှုရေးအရ ဆိုပြီး သောက်ပါဦးလား မောင်ရင်ရယ်လို့. တိုက်ရတော့မယ်၊ ငါကအဲသလို တိုက်ထားတဲ့အတွက် နောက်ဘူတာရောက်တော့ ထမင်းစားတဲ့အခါ ဦးလေးစားပါဦးလို့ မင်းက အတင်းကျွေးမယ်၊ ငါကလဲ အားနာပြီး စားမိမယ်၊ ထမင်းစားပြီးတာနဲ့ မင်းက မင်းဘယ်မှာ

နေပါတယ်၊ ဘာအလုပ် လုပ်ပါတယ်လို့ ပြောပြပြီး ဦးလေးရော ဘယ်အရပ်မှာ နေပါသလဲ'လို့ မေးမယ်၊ ငါက ငါနေရပ်ကိုပြောပြရင်မင်းက လမ်းကြုံတဲ့အခါ ဝင်လာမယ်၊ ငါအိမ်ကို အလည်လာရင်း၊ ငါ့သမီးကို တွေ့ မယ်၊ တွေ့တော့ ကြိုက်သွားပြီး ဦးရယ် ဦးသမီးကို ကျွန်တော်နဲ့ ပေးစားပါ၊ သဘောတူမယ်ဆိုရင် လူကြီးတွေခေါ်လာပြီး ကောင်းကောင်းမွန်မွန် တောင်းပါရစေလို့ ပြောလာရင်

ငါက ပေးစားနိုင်မှာ မဟုတ်ဘူးကွ၊ မင်းမှာက အချိန် မမှန်တဲ့ နာရီ လေးတစ်လုံးတောင် မရှိဘူး ဆိုတော့ ကဲသိပြီလား၊

နောက်မှ ဇာတ်လမ်း မရှုပ်ချင်လို့ဟေ့

လို့ပြောပြီး တစ်ဖက်ပြန်လှည့်သွားတယ်။


ဆရာ...MyintThan... မှ.ကူးယူဖော်ပြပါသည်

Comments

Popular posts from this blog

ချောတယ်လို့