စျေး၌ ဒန့်တလွန်သီးဝယ်ရာ
တခါက ဖြစ်သည် ။
ဟိုမေးဒီမေးနဲ့..
ဒန့်တလွန်သီး ရောင်းတဲ့ ဆိုင်တဆိုင်ကို
ရှားရှားပါးပါး ရှာတွေ့လို့ ဝင်ဝယ်မယ်ပြင်တုန်း...
" ကောင်မ..လူပါးဝလို့..''
" အမ် ''
စျေးသည်က မကျေမနပ် ပြောနေတာ..!!
" အစ်မ..ဒန့်သလွန်သီး..ဘယ်လို ရောင်းလဲ? "
" မှတ်ထားလိုက် ဟဲ့ကောင်မ ။မိဝေတို့..ဒီမှာ စျေးရောင်းစားတာ အန်တိုနေပြီ..သိလား..''
" အွန်..''
ဘေးဆိုင်ကို လှမ်းပြောနေတာ..
ကျနော့ကို လှည့် မကြည့်ဘူး.. !!
ဟိုဘက် ဆိုင်က
အမျိုးသမီးကလည်း..ပြန်ပက်တယ် !!
" ဟဲ့..နင့်ဟာနင် အန်တိုတို..အန်ရှည်ရှည်
စောက်ဂရုမစိုက်ဘူးဟေ့ ။ ငါ့ဟာငါ ရောင်းချင်တဲ့စျေးနဲ့ရောင်းမယ် ။နင်..ဘာမှ လာပြောစရာ
မလိုဘူး ကောင်မရဲ့..''
ပြဿနာပဲ
ရန်ဖြစ်နေကြတာလား မသိဘူး??
ကျနော်လည်း
ဒန်သလွန်သီးလေး ကိုင်ပြီး..
" အစ်မ..ဒန်သလွန်သီး ဘယ်လို ရောင်းလဲ လို့..''??
" ဟဲ့..နင် ရောင်းချင်သလို ရောင်းလို့ရမလား ။ နင့်လင်တွေကို နင်က စျေးချ ရောင်းတော့..ငါတို့ကပဲ
မတရားစျေးတင်ရောင်းသလို ဖြစ်နေတာပေါ့
မသာမရဲ့..''!!
ဟူးးး
ကျနော် ဘာလုပ်ရမလဲ မသိတော့ဘူး..
စျေးသည်ကလည်း ရန်ဖြစ်ကောင်းနေတာ..
ကျနော်လည်း... ဒီတခါ နောက်ဆုံး ဆိုပြီး.. !!
" အစ်မ....ဒန့်..ဒန့်.....''
" အော်... တချောင်း တရာအေ။
အရေးထဲ နင်က တမှောင့်..''
" ဟုတ်..ဟုတ် ''
စကားမဆုံးသေးဘူး
ဖြတ်ပြောလိုက်တဲ့ စျေးသည်ကြောင့်
ကျနော့မှာ လန့်တောင် သွားတယ်..!!
ဟိုဘက်က စျေးသည်ကလည်း
မခံဘူး.. !
" ဖလူးမ..နင်..စကားပြောတာ ကြည့်ပြောနော် ။
ငါတို့က မလှူတတ်လို့ စျေးရောင်းစားနေတာ ။
နင်ဘာမှ ဝင်ပြောစရာ မလိုဘူး..''
" ပြောတော့..နင်က ဘာလုပ်ချင်လဲ ။
မိဝေတဲ့ တစ်ဝေတည်း ရှိတယ်နော်..'' !!
ဟာ..
ကြမ်းကုန်ပြီဟ.. !
မြန်မြန်ဝယ်..မြန်မြန်လစ်မှ..!!
အစ်မ..ငါးချောင်း ယူမယ်နော် ။ ရော့..ဒီမှာ..ပိုက်ဆံ.. ''
စျေးသည်က.ချက်ချင်း လှမ်းမယူဘူး..!
ဒါကို
ဟိုဘက်စျေးသည်က..
" ဟဲ့..ဟိုမှာ..နင့်လင် ပိုက်ဆံပေးနေတယ်။
ယူလိုက်အုံး ။ ဒီကိုပဲ. လာမဲမနေနဲ့..''!!
" ငှယ် ''
အမလေး နင့်လင်တဲ့ ..ပေးစားကုန်ပြီ !
ဒါကိုပဲ..စျေးသည်က !!
" ဘာပြောတယ် ကောင်မ ။
ဒီ စုတ်ချွန်းချွန်းရုပ်နဲ့ ဂတုံး က ငါ့လင် ဟုတ်လား ''??
ငင့်
ကျုပ်များ စုတ်ချွန်းချွန်းတဲ့ 😭😓
ဟိုကလည်း ထောက်ခံတယ်
" ဟုတ်တယ်လေ..နင့်လင်ပဲဟာ..''😮
" ဟဲ့..ဖလူးမ ။ အဲ့ဒါ ငါ့လင် မဟုတ်ဘူး ။
နင့်လင်ဟဲ့ နင့်လင်.. ''!!
အမလေး အရေးထဲ..
ကျုပ်ကို ဘောလီဘော ပုတ်နေသေး..၊
မဖြစ်ဘူး..အမြန်လစ်မှ..!!
ကျုပ်လည်း
မနေရဲတော့တာနဲ့..လှည့်ထွက်ဖို့ လုပ်တော့..!!
" ဟဲ့..ဟိုကောင် ။ ဘယ်ပြေးတာတုန်း ။
ဒန့်သလွန်သီးဖိုး ပေးခဲ့အုံးလေ ''
" အာ..''
လောနေတာနဲ့ ပိုက်ဆံကိုင်ပြီး မေ့သွားတာ..၊
" ရော့ရော့. ဒီမှာ ဒီမှာ..ထားခဲ့ပြီ ''!!
အမလေးး ..ငါ့နယ့်နော်...!!!😩😟
ဒါကိုပဲ..
ဟိုဘက်စျေးသည်က..လှမ်းပြောသေး..
" လင်မယားချင်းများ..
ပိုက်ဆံ တောင်းနေသေး အေ..''!!
" တိန်..'' ဟူးး
ဒီနေ့ ကံမကောင်း ပါလားဗျာ..။ ။.။
😃😄😂 😟😒😖 😩😭😓
#credit&
Myo Hein!
Comments
Post a Comment