အပျိုကြီးတွေရဲ့ သီတင်းကျွတ်မိန့်ခွန်း !!
အို..အပျိုကြီးအပေါင်းတို့
ငါတို့ဟာ အပျိုကြီးတွေဖြစ်တယ်။
တနည်းအားဖြင့် root မဖောက်ရသေး
တဲ့ ဆိုင်တင်ဖုန်းအသစ်စက်စက်တွေ။
ဖန်ရှင်အစုံသုံးမရတဲ့ ဟန်းဆက်လို
နှမြောစရာတော့..ကောင်းတယ်။
အနုမြူသင့် မြေမှာ ပေါက်တဲ့ပန်းသီးလို
ငါတို့ကို..ခူးဖို့ကြောက်နေကြတယ်။
သီတင်းကျွတ်ဆိုတာ..
ငါတိုရဲ့အမုန်းဆုံးလ။
ဝါကျွတ်တာနဲ့ရောက်လာတဲ့
မင်္ဂလာဆောင်ဖိတ်စာတွေကို
သိုင်းလောကရဲ့စိန်ခေါ်သံလို
သဘောထားကြရမယ်။
ပန်းခြံထဲက အတွဲတွေတွေ့တိုင်း..
ခဲနဲ့ထုသင့်ရင်..ထုကြရမယ်။
ငါတို့အပျိုကြီးတွေစုပြီး..
ပန်းခြံတွေ ဖျက်သိမ်းပေးဖို့..
ဆန္ဒပြကြရမယ်။
အိမ်နားကငှက်တွေကို အိမ်ထောင်ပြုရင်..
အသိုက်ပြောင်းခိုင်းရမယ်။
မုန့်ဟင်းခါးစားတိုင်း..
ငှက်ပျောအူ
ထည့်မစားဘဲ မုန်းတီးနေရမယ်။
ငါတို့အပျိုကြီးတွေဟာ..
အချိုးအစား
အရည်အချင်းနဲ့...
ရုပ်ရည်ရူပကာ
အားလုံး အဆင်ပြေကြလွန်းလို့...
စိတ်ကြိုက်...လူရွေးနေတာလို့..
ယုံကြည်ချက်..ထားကြရမယ်။
ကဲ...သီတင်းကျွတ်တော့မယ် !!
တနင်္ဂနွေတိုင်း သွားကြရမယ့်...
ခပ်ညံ့ညံ့ မင်္ဂလာဆောင်တွေကို..
လက်နက်ချသွားသူတွေရဲ့ပွဲအဖြစ်..
ခေါင်းကိုမော့၊ ရင်ကိုကော့ပြီး..
ကရုဏာသက်ပေးလိုက်ကြပါစို့ !!!
😅😅😅😅
Oိာန်!😉
#Credit

Comments
Post a Comment