" ဟာ "


" ရထား ထွက်ပြီ ပြေးဟ ပြေး ပြေးးး "


" ဝုန်း ဝုန်းးး "


ကျုပ်တို့ သူငယ်ချင်း သုံးယောက် ရထားဘူတာ အရောက်

ဘူတာမှ စတင် ထွက်ခွာ နေသော မီးရထားကြောင့်

ထွက်ခွာရာ ရထားနောက်သို့ တောက်လျှောက် ပြေးလိုက် နေကြသည် ...


ထိုအချင်းအရာကို မြင်သော ဘူတာရုံမှ လုံခြုံရေး ဝန်ထမ်းတစ်ဦးနှင့်

တာဝန်ကျ ဝန်ထမ်းဟု ထင်ရသော ဝန်ထမ်း တစ်ဦးမှ

ဝိုင်းဝန်း၍ တင်ပေးလိုက် ကြရာ ...


ပြေးလိုက်သူ သုံးဦး အနက် နှစ်ဦးမှာ ရထားပေါ် ပါသွား သော်လည်း ...

တစ်ဦးမှာ ခေါင်းငိုက်စိုက် နှင့် ကျန်ခဲ့ လေသည် ...

ထိုသူမှာ အခြားသူ မဟုတ် ကျုပ် ဖြစ်နေလေ တော့သည် ..


ကျုပ်လဲ အလွန် အင်မတန်မှ စိတ်ပျက်သော အမူအရာဖြင့်

ထွက်ခွာသွားရာ မီးရထားကြီး၏ နောက်သို့ စူးစိုက်ပြီး ကြည့်နေစဉ် ...

စောစောက ဝိုင်းဝန်း တင်ပေးသော လုံခြုံရေးကြီးနှင့် တာဝန်ကျ ဝန်ထမ်းတို့မှ


" အေးဗျာ .. "


" ခင်ဗျား တစ်ယောက်ထဲ ကျန်ခဲ့တာ စိတ်မကောင်းဘူးဗျာ .. "

ဟု ပြော၍ နှစ်သိမ့်လေ၏ ...


" အင်းဗျာ ...

ခင်ဗျားတို့ စိတ်မကောင်း သလို ရထားပေါ် ပါသွားတဲ့

ကျုပ်သူငယ်ချင်း နှစ်ယောက်လဲ စိတ်ကောင်းမှာ မဟုတ် ကြဘူးဗျ ... "


" ဘာလို့လဲ .. "


" ဘာလို့လဲ ဆိုတော့ သူတို့က ကျုပ်ကို လိုက်ပို့ကြတာလေ "


" ဟိုက်စ် .. "


😛😄😂


#credit


#ဘဝအမောတွေပြေစေဖို့ပါ

Comments

Popular posts from this blog

ချောတယ်လို့