ဂေါက်ရိုက်သူဋ္ဌေးများအဖွဲ့။

အားလပ်ရက်တိုင်း ဂေါက်ရိုက်ဖို့ ချိန်းကြတယ်။

သူဋ္ဌေးပေါက်စက ပြောတယ်။ "ခြောက်မိနစ်လောက်

နောက်ကျရင် နားလည်ပေးကြဗျာ "ဟု။


နောက်ရက် ဘယ်သူမှ နောက်မကျဘူး။

နောက်ကျမယ်ပြောတဲ့ သူဋ္ဌေးပေါက်စလည်း 

အချိန်မှီပဲ။ ဂေါက်ရိုက်ကြတယ်။ သူဋ္ဌေးပေါက်စက

ညာလက်နဲ့ ရိုက်တယ်။ သူနိူင်သွားတယ်။


နောက် အားလပ်ရက် ချိန်းကြပြန်တယ်။

သူဋ္ဌေးပေါက်စ ပြောတယ်။" ခြောက်မိနစ်လောက်

နောက်ကျခဲ့ရင် နားလည်ပေးကြဗျာ "ဟု။


ဘယ်သူမှ နောက်မကျဘူး။

နောက်ကျရင် နားလည်ပေးပါပြောတဲ့ သူဋ္ဌေးပေါက်စ

လည်း အချိန်မှီပဲ။ ဒီအခါတော့ ဘယ်လက်နဲ့ ဂေါက်သီး

ရိုက်တယ်။ သူ နိုင်သွားတယ်။


မေးကြတယ်။ ဘယ်လိုဖြစ်တာလဲ ဗျ။

ညာဘက်နဲ့ ရိုက်လိုက် ၊ဘယ်ဘက်နဲ့ ရိုက်လိုက်နဲ့။


သူဋ္ဌေးပေါက်စ ဖြေတယ်။" ကျုပ်က အတိတ်နိမိတ်

သဘောတွေ ယုံတယ်ဗျ ။ အိပ်ယာထလို့ မိန်းမကို

ကြည်လိုက်တဲ့အခါ မိန်းမ ညာဘက်စောင်းအိပ်

နေတာတွေ့ရတဲ့နေ့ဆိုရင် ညာလက်နဲ့ ဂေါက်ရိုက်တယ်၊

ဘယ်ဘက်စောင်း အိပ်နေတာ တွေ့ရတဲ့နေ့ဆို 

ဘယ်လက်နဲ့ ဂေါက်ရိုက်တယ် "


"မိုက်သားပဲ ဗျ ။ဒါနဲ့ ခြောက်မိနစ်နောက်ကျရင်

နားလည်ပေးဆိုတာ ဘာလဲ "


" ဒါက မိန်းမ ပက်လက်အိပ်နေတာ တွေ့ရတဲ့နေ့

နဲ့ ကြုံခဲ့ရင် ကြိုတောင်းပန်ထားတာပါ "

Crd 


Unknown

Crd:Oo thaw

Comments

Popular posts from this blog

ချောတယ်လို့