"အေးကြည်မ ... ရော့ "
"ဟဲ့ ... အဲဒါဘာတုန်း "
"ရည်းစားစာ ... "
"ဗုဒ္ဓေါ... "
အေးကြည်မက
အံ့ဩလွန်းလို့
ရင်ဘတ်ကိုဖိထားရတယ်
ငြိမ်းမောင်ကတော့
ခပ်တည်တည်ပဲ
"ယူလေ ... "
"အိ ... မယူပါဘူး "
"အင့်ဟာ ... ယူ "
ငြိမ်းမောင်က စာကို
အေးကြည်မလက်ထဲ
ထိုးပေးပြီး
ပြန်သွားရော ...
အေးကြည်မတစ်ယောက်လမ်းပေါ်
မတ်တပ်ရပ်ပြီး ဘာလုပ်ရမှန်းမသိ ငူတူတူကြီးကျန်နေခဲ့ရော
သိလည်း သိချင်သေး၍ စာကိုဖွင့်ကြည့်လိုက်လေတော့
"ကျစ် ... ငြိမ်းမောင်တော့ငါ့ကို ပညာပြသွားပြီ "
ရေးထားသည်က အင်္ဂလိပ်စာများဖြစ်သည် ...
သူမလည်း မဖတ်တတ်
မဖတ်တတ်၍ ပိုသိချင်လာသဖြင့် အိမ်ရောက်မှ တူဖြစ်သူအား
ဖတ်ခိုင်းမည်ဟုကြံကာ အိမ်ပြန်လာခဲ့တော့သည်
"တူလေး ... ဒါလေးဖတ်ပြ "
"ဘာလေးလဲ "
တူတော်မောင်က အေးကြည်မလက်ထဲမှစာအား ဆွဲယူလိုက်ပြီး
ဖွင့်ကြည့်လိုက်သည် ... ပြီးနောက်
"မုန့်ဖိုးပေးမှ ဖတ်ပြမယ် "
"အေးပါဟယ် ... နှစ်ရာ ပေးမယ် "
"မရဘူး ... တစ်ထောင်ပေးရမယ် "
"ဟော ... "
"မပေးလည်းရတယ်နော် ... မဖတ်ဘူး "
"ပေးမှာပါဟာ ဖတ်ပြနော် "
"ပြီးရော ... "
ငတိက စာရွက်ကိုဖွင့်ကာ ကြည့်ပြီးပြုံးလိုက်သေးသည်
အမှန်တော့ သူလည်းသေသေချာချာမသိ ...
ရှစ်တန်းနှစ်ခါ ကျထားသူဖြစ်၏
"ယူအာမိုင် စကိုင်း "
"You are my sky "
"အဲဒါ ဘာလဲဟဲ့ ... "
"နင့်ဖက်က စပြီး ကိုင်းပေးပါ ... "
"ဟဲ့ ... ဘယ်လိုတုန်းဟ "
အေးကြည်မ တွေး၍မရချေ ...
ပထမဆုံးမို့ နာမလည်ခြင်းဖြစ်နိုင်သည်ဟုတွေးလိုက်၏
"ဆက်ဖတ် ... "
"အိုင်အမ် သယ် ဘရိုက်ဂျက် စတား "
"I am the brightest star "
"ပြောပါဦးဟဲ့ "
"မင်းကို အလင်းရောင်ဝင်တဲ့အထိ ကျယ်အောင်လုပ်ပေးမယ် "
"အို့ ... ဘယ်လိုကြီးတုန်း "
အေးကြည်မအဖြေရှာရ ပိုခက်လေပြီ ...
ဘာတွေမှန်းမသိ
"ဆက်ဖတ်ပါဟာ ... "
"အိုင်ဟုပ် ယွာ လက်ဖ်"
"I hope your love "
"အေး ... အဲဒါ ဘာတုန်း "
"ငါ မင်းရဲ့ လက်ကို ဟက်မယ်တဲ့ ... "
"ဘာ ... "
"အသ်ဖ်ယူ လက်ဖ်မီ ရီတန်းဘက်ခ်တူမီ "
"If you love me,return back to me"
"အဲဒါက ဘာလဲ "
"မင်း ငါ့လက်ကိုပြန် ဟက်ချင်ရင်တော့ ငါတို့အတန်းဖက်ကိုလာခဲ့ပါ
တဲ့ ... "
"ဖွီး ... မိုက်ရိုင်းတဲ့ကောင် "
အေးကြည်မ လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်လိုက်သည် ...
ပြီးနောက် ငြိမ်းမောင်ရှိရာ တမာတန်းဖက်သို့ ထွက်လာခဲ့လေတော့သည်
သူမကို ကျယ်အောင်ချဲ့မည်လည်းပြောသည် လက်ကိုလည်း
ကိုက်ဦးမည် ... သူမအားလည်း လက်ပြန်ကိုက်ခိုင်းသေးသည်
တွေ့ပြီ ... ငြိမ်းမောင်တော့ တွေ့ပြီ ...
"ငြိမ်းမောင် ... "
"ဟင် ... အေးကြည်မ "
"ဖြန်း ... "
"ရော့ ... ပြန်ယူ "
ငြိမ်းမောင်ခမျာ စာရွက်ကလေးကိုင်ပြီး ပါးလေးပွတ်ကာ
ကျန်နေခဲ့လေတော့သည် ...
စိတ်နာနာနဲ့စာရွက်ကလေးပြန်ကြည့်တော့ ကျောဖက်မှာ
စာပြန်ရေးထားတာတွေ့လိုက်ရသည်
"ခန့်ဇော် ဒုတိယနှစ်ရှစ်တန်း ရမ်းသမ်း ဘာသာပြန်ပေးလိုက်သည် ... "တဲ့
"ဖွီး ... သောက်ကလေး ဒီတစ်နှစ်လည်း စာမေးပွဲအောင်မှာ
မဟုတ်ဘူး ... "
😞
မှတ်စမ်း အင်္ဂလိပ်လို ရည်းစားစာပေးချင်ဦး 😣
.
.
.
.
.
.
.
.
Credit to original writer.
#လူကြီးမင်း

😂😂😂
ReplyDelete