စားပြီးနားမလည်လုပ်သူရဲ့နှောင်တ
🥀🥀🥀🥀🥀🥀🥀🥀🥀
သာမန် လက်လုပ်လက်စား မောင်ပိန်ဆိုသူတစ်ယောက်
ရုတ်တရက်ကောက်ခါငင်ကာ ချမ်းသာသွားသည့်သတင်း
ကို သူငယ်ချင်းဖိုးတုတ် ကြားသောအခါ လွန်စွာအံ့ဩပြီး
မောင်ပိန့်ထံ အကြောင်းစုံမေးရန် ရောက်လာခဲ့သည်။
" မင်း ဘယ်လိုလုပ်ပြီး ချက်ခြင်း ချမ်းသာသွားတာလဲ "
" ငါ ခုလို ချမ်းသာလာတာ မင်းကြောင့်ဆိုရင်လည်း မမှား
ပါဘူး ဖိုးတုတ်ရယ် ... "
နဂိုထဲက အံ့ဩစွာရောက်လာသော ဖိုးတုတ်မှာ မောင်ပိန့်
စကားကြောင့် ပိုပြီး အံ့ဩသွားလေသည်။
" ငါ နားမရှင်းဘူး..ဘာကြောင့်လည်းဆိုတာ တဆိတ်
လောက် ငါ့ကို ရှင်းပြပါလား မောင်ပိန် ... "
ထိုခါ မောင်ပိန်က အောက်ပါအတိုင်း ရှင်းပြသည် -
" တစ်ခါက မင်းနဲ့ငါ မြို့တက်ရင်း လမ်းခရီးက သခွတ်ဖိုး
ဆိုတဲ့ရွာလေးအရောက်မှာ
မိုးချုပ်သွားလို့ အဲ့ဒီရွာက အိမ်တစ်အိမ်မှာ ခွင့်တောင်းပြီး
တစ်ညအိပ်ခဲ့ကြရတာတော့မင်း မှတ်မိအုံးမှာပါ "
" ဟုတ်တယ်လေ..အဲ့ဒီတုန်းက ငါတို့နှစ်ယောက် တည်းခဲ့
တဲ့အိမ်က မုဆိုးမလေးမတင်ရွှေရဲ့အိမ်ဆိုတာ ငါမှတ်မိနေ
တုန်းပါကွာ ... "
" အဲ့ဒီည တည်းခိုအိမ်မှာ မင်းနဲ့ငါ အတူအိပ်နေရင်း ညဉ့်
နက်တော့ မင်းပျောက်သွားတာ ငါသတိထားမိတယ်..မင်း
မတင်ရွှေရဲ့ အခန်းကို ရောက်သွားတယ် မို့လား ... "
" အဟီး..ဒီကိစ္စ မင်းသိနေတာကိုး..ငါ ဝန်ခံပါတယ်..ငါနဲ့
မတင်ရွှေ အဲ့ဒီညက မေတ္တာမျှခဲ့ကြတဲ့အပြင် အဲဒီနောက်
ပိုင်းလည်း မင်းမသိအောင် သူနဲ့ငါ နှစ်ခါ သုံးခါလောက်
သူ့ရွာမှာ ချိန်းတွေ့ခဲ့ကြပါသေးတယ် ... "
" အဲဒီကိစ္စမှာ မင်းဖက်က မရိုးသားခဲ့ဘူး ... မတင်ရွှေက
မင်းကို နာမည်မေးတဲ့အခါ မင်းက ငါ့နာမည် အလွဲသုံးစား
လုပ်ပြီး ပြောခဲ့တယ် မို့လား "
" စိတ်မရှိပါနဲ့ သူငယ်ချင်းရယ်..ဒီလိုလုပ်ခဲ့တာ ဘယ်လို
ရည်ရွယ်ချက် ရှိလို့မှ မဟုတ်ပါဘူး..ဒါနဲ့ မင်းအခု ပြောပြ
နေတာတွေက မင်း ရုတ်တရက် ချမ်းသာလာတာနဲ့ ဘာမှ
မပတ်သက်သေးပါလား ... "
" ပတ်သက်တဲ့အကြောင်း ဆက်ပြောမယ်လေ..တလော
လေးက မတင်ရွှေ နှလုံးရောဂါအခံကြောင့် ရုတ်တရက်
ဆုံးပါးသွားတာကိုရော မင်းသိပြီးပြီလား... "
" ဟာ..ဒီကိစ္စ ငါ မသိလိုက်ပါလား..သူနဲ့ငါ မတွေ့ဖြစ်တာ
အတော်ကြာပြီကိုး..ကျွတ် ကျွတ်..ဖြစ်ရလေ မတင်ရွှေရယ် "
" အေး... အဲဒီမှာတင် ငါချမ်းသာဖို့ ဖြစ်လာတော့တာပေါ့ "
" အမ်... ဘာဆိုင်လို့လဲကွ.. "
" ဟ..ဆိုင်တာပေါ့ ...မတင်ရွှေက မင်းကို အတော်စွဲလန်း
နေပုံဘဲကွ ..သူသေတော့ ကျန်ခဲ့တဲ့ ဥစ္စာပစ္စည်းတွေ အိမ်
မြေယာတွေအားလုံး ရှေ့နေကတဆင့် ငါ့နာမည်နဲ့ လွှဲထား
ခဲ့တယ်လေ "
" တိန် " ...
😉🙃🙃🙃🙃🙃🙃🙃🙃
Crd
🥀🥀🥀🥀🥀🥀🥀🥀🥀🥀

Comments
Post a Comment