ဖုန်းနှိတ်ရင်း စကားပြောရင်
သတိထားကြပါဗျာ..........။ ။ ။
👨❤️💋👨 - "ကိုကို"
👨🏻 - "ဘာတုန်း"
👩🏻 - "ချစ်သေသွားရင် နောက်မိန်းမ ယူမှာလား "??
👨🏻 "လုံး၀ပဲ "!!
👩🏻 - "ဘာလို့ လဲ၊?
ကိုကို့အတွက် အဆိုးအကောင်းတွေကို
အတူရင်ဆိုင်ဖို့
အဖော်လိုတယ်လေ၊ ဒါကြောင့် ကိုကိုထပ်ပြီး
လက်ထပ်ပါနော်၊ နော်လို့..."
👨🏻 - "အောင်မလေး အချစ်ရယ်၊
တော်တော် ချစ်ဖို့ကောင်း တာဘဲ !
သေပြီးတဲ့နောက်ပိုင်းအတွက်တောင်
စိတ်ပူပေးနေသေးတယ်" !!
👩🏻 - "ဒါဆို ကိုကို ကတိပေး၊ ချစ်သေသွားတဲ့အခါ
နောက်တစ်ယောက်ကို ယူပါ့မယ်လို့"
👨🏻 - "အေးပါ၊အေးပါ။ ငါထပ်ပြီး ယူပါ့မယ်။
မင်းပြောလို့ယူရတာနော်"
👩🏻 - "ကိုကို ထပ်ယူမယ့် မိန်းမနဲ့
. ချစ်တို့ အိမ်မှာပဲ အတူနေမှာလား"??
👨🏻 - "အင်း၊နေရမှာပေါ့။ ဒါပေမယ့် မင်းအခန်းကို
သူလုံး၀ မထိစေရဘူး"
👩🏻 - "ချစ်ရဲ့ကားကိုရော သူ့ကိုပေးမောင်းမှာလား"??
👨🏻 - "နိုးပါ။ အဲဒါက မင်းပစ္စည်းလေ၊ အဲဒါကို
မှတ်တရသိမ်းထားပြီး အသစ်၀ယ်ခိုင်းမယ် "!!
👩🏻 - "ချစ်ရဲ့လက်၀တ်ရတနာတွေရော
သူ့ကိုပေးမှာလား"??
👨🏻 - "နိုး ။ ငါဘယ်လိုပေးရက်မှာလဲ။ ?
ဒါတွေက မင်းရဲ့ အမှတ်တရတွေပဲကို။
သူ့ဟာသူ ၀တ်ပစေ "!!
👩🏻 - "ချစ်ရဲ့ဖိနပ်တွေကရော"??
👨🏻 - "နိုး၊နိုး၊ ဒါက ပိုဆိုးသေးတယ်။
..ဆိုဒ်ကမတူဘူးလေ !
ချစ်ဖိနပ်ဆိုဒ်က ၇၊ သူ့ဘိနပ်ဆိုဒ်က ၉ ""!!!
👩🏻 -""....ဘာ.......???......."" 😡😡
👨🏻 -ဟာ!
"သေစမ်း..ဒီပါးစပ် " 😖😖😖
( ဆယ်ရက် ၊ တစ်လ လောက် တော့
ကျိန်းသေပါသည် ။ ။) 😟😞😩😭😭
Crd
#crd_
Myo Hein. !!!

Comments
Post a Comment