"လက်အိတ်စွပ်ပါ"

============

ဆေးရုံရှေ့မှာ ရောင်းတဲ့ အသုပ်ဆိုင်ကို

ဆေးရုံအုပ်ကြီးက 

သန့်ရှင်းမှု ရှိမရှိ သွားရောက် စစ်ဆေးတယ်


အဲ့မှာ

အသုပ် သုပ်တဲ့ အမျိုးသမီးက

အသုပ်ကို နယ်တဲ့အခါ

လက်အိတ် မစွပ်ဘဲ နယ်တာ တွေ့တော့


" ခင်ဗျားတို့ ဒီပုံစံအတိုင်း -ရောင်းမယ် ဆိုရင်

 -ဒီမှာ ရောင်းချခွင့် မပြုနိုင်ဘူး "


" ဘာ ဖြစ်လို့လဲ ရှင် "


" ဘာ ဖြစ်ရမှာလဲ !- 

ခင်ဗျားတို့ အသုပ် နယ်တာ လက်အိတ်လည်း မစွပ်ဘူး

 ဒီလိုမျိုးသာ လူနာတွေ စားမိရင် ရောဂါတွေ ပိုဆိုးတော့မှာပေါ့"


" အဲ့တော့ ကျမတို့ ဘာလုပ်ရမလဲရှင် "


" အသုပ် သုပ်ရင် လက်အိတ်စွပ်ပြီးမှ သုပ်ပါ

 -ဒါမှ ဒီမှာ ဆက်ရောင်းခွင့် ပြုနိုင်မယ် "


" ဟုတ်ကဲ့ပါ ဆရာ -ကျမတို့ လိုက်နာပါ့မယ် "


" ပြီးရော -"


ဒီလိုနဲ့

နောက်နေ့ကျတော့

ဆေးရုံအုပ်ကြီးက သူ့စကားကို လိုက်နာမှု ရှိမရှိ

 -အသုပ်ဆိုင်ကို တဖန် သွားကြည့်တော့-

အသုပ် နယ်တဲ့ အမျိုးသမီးက လက်အိတ်စွပ်ပြီး

အသုပ် နယ်နေတာကို တွေ့လိုက်တယ်


ဒါ့ကြောင့်

ဆေးရုံအုပ်ကြီးလည်း သဘောကျ သွားပြီး


" အေး ဒီလိုမှ ပေါ့ကွာ -

ကောင်းတယ် ကောင်းတယ်"


" ဟုတ်ကဲ့ဆရာ -ကျမ ဆရာမှာတဲ့အတိုင်း

လက်အိတ် စွပ်ပြီးပဲ နယ်ပါတယ် ဆရာ "


" အေးအေး -ကောင်းတယ် ကောင်းတယ်"


" ဒါနဲ့ဆရာ အသုပ် တစ်ပွဲလောက် 

ကျမတို့ ဧည့်ခံပါရစေ -သုံးဆောင်ပါနော် "


" အေး -မြည်းကြည့်တာပေါ့ကွာ "


ဆေးရုံအုပ်ကြီးက ထိုင်ခုံမှာ ဝင်ထိုင်ပြီး

 -ဆိုင်ရှင် သုပ်ပေးတဲ့ အသုပ်ကို စားကြည့်လိုက်ပါတယ်


" အံမယ် -လက်ရာက တယ်ကောင်းပါလား ဟ"


" ကျေးဇူးပါ ဆရာ "


ထိုစဉ်

ကလေးငယ် တစ်ယောက်က ရောက်လာပြီး 

ဆိုင်ရှင် အမျိုးသမီးကို ဒီလို ပြောလိုက်ပါတယ်


" အေမေရ -


.


.


.


.


.


.


.ဒီနေ့ ဆေးရုံ အမှိုက်ပုံးထဲက-လက်အိတ် ၅ ခုပဲ ရခဲ့တယ် -ရော့ --"


0ိာန်❗

😂😂😂


Credit #လူချွန်တော်

#လူကြီးမင်း

#foto:fb

Comments

Popular posts from this blog

ချောတယ်လို့