မစမ်းမိရင်အကောင်းသား

😁😁😁

မျက်မမြင်တစ်ယောက် စားသောက်ဆိုင်လေး တစ်ခုအတွင်းသို့ ဝင်လာသည်။ ဆိုင်ရှင်လဲဖြစ် စားပွဲထိုးလဲဖြစ်သူ တိုနီက ၎င်းအား ဆီးကြိုလျက် နေရာချပေးသည်။

ထိုနောက် မီနူးကဒ်အားပေးလျက် ဘာမှာမလဲဟု ယဉ်ကျေးစွာမေးသည်။ မျက်မမြင်က ပြန်ပြောသည်။


"ကျော်က မျက်မမြင်တစ်ယောက်ပါ . . ဒီတော့ စာကိုမဖတ်နိုင်ဘူး . . ဒီလိုလုပ်ပါလား . . အရင်ရှေ့လူတွေ စားသွားတဲ့ မဆေးရသေးတဲ့ခက်ရင်း တစ်ချောင်းလောက်ပေးဗျာ . .

ကျော် အနံ့ခံကြည့်မယ် . . အဲဒါကိုကြိုက်ရင် အဲဒါကိုပဲ ကျော်မှာစားမယ်ဗျာ"


တိုနီလဲ အထွေအထူး စဉ်းစားမနေပဲ နောက်ခန်းထဲတွင် အစားအသောက် ပြင်ပေးနေသော သူ့မိန်းမ မေရီထံမှ

မဆေးရသေးသော ခက်ရင်းတစ်ချောင်းကို တောင်းလိုက်ကာ မျက်မမြင်အား ပေးလိုက်သည်။ 

မျက်မမြင်က ခရင်းကို နမ်းကြည့်ကာ ပြောသည်။


"ဒါ အာလူးစွပ်ပြုပ်နဲ့ အမဲနှပ်ပဲ . . ကောင်းတယ် . . ကောင်းတယ် အဲဒါပဲ ချပေးတော့"


နောက်ရက်တွင်လည်း ဤအတိုင်းပင်၊ မျက်မမြင် ခက်ရင်းကို နမ်းကြည့်သည်။ 


"အင်း ဒါက သိုးသားဟင်းပဲ . . အဲဒါကောင်းတယ် . .အဲဒါပဲလုပ်ဗျာ"


တိုနီ အံ့သြ၏။ မျက်မမြင်၏ အနံ့ခံ စွမ်းရည်ကလည်း

အံ့မခန်း ရှိလှလွန်းသည်။ နောက်ရက်တွင် မျက်မမြင်အား ပညာစမ်းကြည့်ရန် တိုနီဆုံးဖြတ်လိုက်သည်။

နောက်တစ်ရက်တွင် ထုံစံအတိုင်း မျက်မမြင် ဆိုင်ထဲသို့ ရောက်လာသည်။ တိုနီ နောက်ခန်းထဲသို့ ဝင်ကာ

ဆေးပြီသား ခက်ရင်းကို သူ့မိန်းမ မေရီကိုပေးရင်း ပြောသည်။


"မေရီ . . ခရင်းကို မင်းပင်တီနဲ့ သုတ်လိုက် . . ပြီးရင်ငါ့ ပြန်ပေး"


မေရီကလည်း တိုနီ ခိုင်းသည့်အတိုင်း လုပ်ကာ ခက်ရင်းအား တိုနီ့ ကိုပေးလိုက်သည်။ တိုနီက ထိုခက်ရင်းကိုပင် မျက်မမြင်ကို ကမ်းပေးလိုက်သည်။ ထုံးစံအတိုင်း မျက်မမြင်က ခက်ရင်းကို နမ်းကြည့်သည်။ ပြီးတော့မှ ဝမ်းသာအားရဖြင့် အော်ပြောသည်။


"ဟား . . မေရီ ဒီဆိုင်မှာ အလုပ်လုပ်နေတာ . . 

ဒီနေ့မှ သိရတော့တယ်"

😁😁😁

Crd. Mr Slim

Comments

Popular posts from this blog

ချောတယ်လို့