လူပျိုကြီးဆိုတာ … 

သော့ခလောက်တိုင်းကို 

ဖွင့်ခွင့်ရှိတဲ့ …

မာစတာကီးဆိုတာ 

ဘယ်သူမှငြင်းလို့မရဘူး …


မှောက်ထားတဲ့ ဖဲချပ်လိုပဲ …

လူတိုင်းက စိတ်ဝင်စားနေကြတာ …


လူပျိုကြီးဆိုတာ …

အရာမယွင်းသေးတဲ့ 

ပတ္တမြားတစ်လုံးပဲ …

ဒါကိုသိလို့ ကျွန်တော်က

လူပျိုကြီးလုပ်ခဲ့တာဖြစ်တယ် …😁


မိန်းမယူတယ်ဆိုတာက …

ကြက်တူရွေးတစ်ကောင်

မွေးလိုက်တာ …


မြွေပွေးကို ခါးပိုက်ပိုက်လိုက်တာ …


ကိုယ့်ရဲ့လွပ်လပ်ခွင့်ကို  

အာဏာရှင်လက်ထဲအပ်လိုက်တာ …


လက်ထပ်စာချုပ်ဆိုတာကျတော့ …

လက်နက်ချကြောင်း 

သဘောတူညီမှုစာချုပ် 

ချုပ်လိုက်တာ …

တနည်းအားဖြင့် …

ရန်သူကို သေနတ်နဲ့

ချိန်ခွင့်ပေးလိုက်တာ … 


ကျနော်တို့ လူပျိုကြီးဆိုတာ

အိမ်ထောင်သည်တွေလို …

ကိုယ့်ပိုက်ဆံကိုယ် 

ခိုးသုံးစရာမလိုဘူး …


ကိုယ့်အလုပ်ချိန်ကိုယ် 

လိမ်ပြောစရာမလိုဘူး …


အိမ်ထောင်သည်ဆိုတာမျိုးက …

ချိန်ကိုက်ဗုံးတစ်လုံးကို 

ရင်ခွင်ပိုက်ထားရတဲ့သူနဲ့တူပြီး …


လူပျိုကြီးကျတော့ …

ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးနဲ့ 

တူတယ် … 


ဆေးပေးမီးယူတဲ့ …

ဆေးမပေး မီးမယူပဲ

အဆိပ်ခတ် မီးရှို့သွားရင်ရော ??

မိန်းမတိုင်းမြတ်နေရင် …

စူဠသုဘဒ်ဒါဆိုတာ 

ရှိလာမှာမဟုတ်ဘူး …


ဒါကြောင့် 

လူပျိုကြီးဆိုတာ …

လွပ်လပ်ခြင်းကို ကန့်သတ်မခံရတဲ့သူ …

အိမ်ပြန်ချိန်တွေကို ပေတံမတားခံရတဲ့သူ …

လခကို စိတ်ကြိုက်သုံးစွဲခွင့်ရှိသူ …

အပျိုလေးတွေရဲ့ စိတ်ကူးပန်းချီ ကားတစ်ချပ်…

အပျိုကြီးတွေရဲ့ မျှော်လင့်ချက် …

လူပျိုလေးတွေရဲ့ အတုယူစရာ …


အိမ်ထောင်သည်တွေရဲ့  

မနာလိုခံရသူ … 😋


အမေပေးထားတဲ့ ပေါင်ကြားက

သိန်းနှစ်ထောင်ရှိနေတော့

ဒီတစ်သက် မဆင်းရဲတော့ဘူး


သိန်းနှစ်ထောင်ကိုလည်းဘယ်သူ့မှခွဲပေးစရာမလိုဘူးလေ 😝😜🤪


Credit Original Uploader 

#နေနော်အောင်

Comments

Post a Comment

Popular posts from this blog

ချောတယ်လို့