" တာ၀န်ယူမှု တာ၀န်ခံမှု "
တုတ်ကြီးတစ်ယောက် ခုကာလ ဆီဈေးတွေကတက် ဆိုင်ကယ် ကယ်ရီဆွဲဖို့ကအဆင်မပြေ ဈေးဦးမပေါက်တဲ့နေ့တွေတောင် ရှိလာပြီဆိုသောအခါ မိန်းမထွားစိန်ကလည်း ပူကျလိပူကျလိပေါ့။
အဲ့တာနဲ့ လုပ်ငန်းပြောင်းဖို့စဉ်းစားတော့ သူ့ဘကြီးဘုန်းကြီးပြောဖူးတဲ့ ခြင်ဆေးလုပ်နည်းသတိယပြီး စမ်းကြည့်တာအဆင်ပြေသွားတဲ့အခါ ရွာစဉ်လှည့် ခြင်ဆေးရောင်းတဲ့အလုပ်ပြောင်းလုပ်ပါတယ်။
သူ့ခြင်ဆေးလုပ်နည်းကလည်း မခက်ပါဘူး
စပါးလင်အရွက်ဖားဖားတစ်ပင်
လေးညှင်းပွင့်ဆယ်ပွင့်
သံပုရာသီး၃လုံး
တောရှောက်ခါးသီး ၁လုံး
ရေ(ရေသန့်ဗူးတဗူးခွဲ)ထည့် အိုးအဖုံးအုပ်ပြီးပြုတ်ပြီးနောက် အရည်တစ်လီတာနီးနီးအကျန် (ရေသန့်ဗူးတဗူး မပြည့်တပြည့်) ရေတဝက်ကျန်က ပိုကောင်းပါသည်။
ပြုတ်ပြီးအရည်များကို ခြင်ဆေးရေအဖြစ် ဖျန်းဘူးအသေးလေးတွေနဲ့ထည့်ပြီးရောင်းတာပါ။
တစ်ရွာ၀င် တစ်ရွာထွက် လိုက်ရောင်းနေရင်း တစ်ခုသောရွာရောက်တဲ့အခါ ရွာသူကြီးသွားတွေ့ပြီး
🤠 ကျွန်တော်ခြင်ဆေးလေးရောင်းခြင်လို့ပါသူကြီး။
🧔 အေး မင်းဆေးကဘယ်လောက်စွမ်းတုန်း အာမခံနိုင်လားကွ။
🤠 ဟုတ် တာ၀န်ယူပါတယ် သူကြီး။
🧔 အိုကေ အဲ့တာဆိုငါစမ်းသပ်မယ် တကယ်ကောင်းတယ်ဆိုရင် မင်းဆေးကို တို့တရွာလုံးသုံးဖို့ ငါတာ၀န်ယူတယ်ကွာ။
🤠 ဟုတ် ဘယ်လိုစမ်းမလည်းဗျ အစမ်းခံနိုင်ပါတယ်။
🧔 ငါ့အိမ်ဘေးရှိတဲ့ နွားတင်းကုပ်ထဲမှာ မင်းဆေးကိုတကိုယ်လုံးလိမ်းပြီး တညအိပ်ရမယ် အပြင်ထွက်မလာရဘူး။
🤠 ရတယ်လေ အဆင်ပြေပါတယ်ဗျ။
🧔 နေအုံးကွ တော်ကြာ မင်းညတွင်းခြင်း ထွက်ပြေးသွားအုံးမယ် နောက်တခါ မင်းပုဆိုးနဲ့ခြင်တွေကိုယပ်ထုတ်နေရင် ငါရှုံးမှာ အဲ့တော့ ဒီလိုလုပ်ကွာ ။
🤠 ဟုတ် ဘယ်လိုလုပ်ရမလည်းဗျ။
🧔 မင်းအ၀တ်အစားမ၀တ်ရဘူး
ဆေးတွေတကိုယ်လုံးလူးကွာ ပြီးရင် တင်းကုပ်အလယ်တိုင်မှာ မင်းကိုကြိုးချည်ထားမယ်။
🌞နံနက်လင်းသော်
🧔 ကောင်လေး အခြေအနေဘယ်လိုတုန်း ရေ့ာမင်းအ၀တ်အစားတွေ၀တ်ပြီး အိမ်ပေါ်လာခဲ့ မနက်စာစီစဉ်ထားပြီ။
ဟာ ကောင်လေး မင်းတညလုံးမအိပ်ရဘူးလား မင်းဆေးအစွမ်းသိပြီလား။
🤠 သူကြီး ခင်ဗျားနွားမကြီးဘယ်ရောက်သွားတုန်း။
🧔 ဘာတုန်းဟ မင်းစကားကလည်း မင်းဆေးနဲ့ဆိုင်လို့လား။
🤠 ဆိုင်တယ်ဗျ ခင်ဗျားနွားမကြီးခုရက်ထဲမှ ရောင်းလိုက်တာလား ပေါ်စားလိုက်တာလား။
🧔 အေးကွာ ငါလည်းခုရက်ထဲ ကြပ်တော့နွားမကြီးကို မင်းမရောက်ခင်လေးပဲ ရောင်းလိုက်တာကွ ဒါနဲ့ဘာဖြစ်လို့တုန်း။
🤠 သူကြီးရာ သူ့အမေရောင်းလိုက်တော့ ကျန်ခဲ့နွားလေးက ကျုပ်ကိုတညလုံး ပြသနာရှာတာဗျာ ကျုပ်အိပ်လို့ရဘူး။ နွားပေါက်လေးက နို့မပြတ်သေးဘူးထင်တယ်ဗျ။
ကျုပ်တစ်ကိုယ်လုံးကြည့်လိုက် ခြင်ကိုက်ဖုတစ်ခုမှမရှိ။ ပုဆိုးမရှိတဲ့ကျွန်တော် တညလုံးနွားပေါက်လေး နို့စို့တာခံရတာဗျာ။ တော်ပြီ ခင်ဗျားရွာနောက်တစ်ခါ မလာတော့ဘူး။
🧔 ဟာ ဟေ့ကောင်ရ နေ့လည်ထမင်းစားပြီးမှပြန်လေကွာ မင်းကလည်း 😂😛🤣
😂😂😂😂😂
လုပ်ငန်းတစ်ခုကို တာ၀န်ယူမှုတာ၀န်ခံမှု့ အာမခံရဲတဲ့ တုတ်ကြီးတစ်ယောက် ထွားစိန်အတွက် ငုတ်တိုလေးပြုတ်တော့မလို ဖြစ်သွားပါကြောင်း မိတ်ဆွေတို့ရေ 🤣
✍️✍️✍️✍️✍️
Crd
Ko Lu Gyan
1-9-2022

😂😂
ReplyDelete