ဘဝအမောတွေ ခဏပြေပျောက်ဖို့ 🤣🤣🤣
သို့ /
ချစ်ရပါသော အမေ နဲ့ အဖေ
သမီး ခိုးရာနောက် လိုက်သွားပါပြီ။
သမီးကို အဖေနဲ့အမေတို့ ပြုစုနေရမှာ
ရှက်ပြီတော့ အားနာလာလို့ပါ။
အမေတို့ ဆင်ပေးထားတဲ့ လက်စွပ် ဆွဲကြှိုး လက်ကောက် တွေကို မယူချင်လို့
အိတ်နဲ့ထည့်ပြီး သမီးမှန်တင်ခုံပေါ်မှာ
တင်ထားပြီးမှ သမီးတို့ စားဝတ်နေရေး
အဆင်မပြေရင် အမေတို့ပဲ့ စိတ်ဆင်းရဲမှာ စိုးလို့ သမီးအကုန်ယူသွားပါပြီ။
ATM card လေးလည်း ယူသွားတယ် အမေ
သိတယ်မဟုတ်လား
အခုခေတ်က လမ်းခရီးမှာ ငွေကိုင်ရင်
အန္တရာယ် များတယ်လေ။
အသက်ကို ဥာဏ်စောင့် လို့ အမေတို့ပဲ
သင်ပေးခဲ့တာ သမီး မမေ့ဘူး။
သမီး ချစ်သူကလည်း ရိုးရိုးသားသားပါ။
စိတ်မပူပါနဲ့နော်။
ယောင်္ကျားလေး ဆိုတော့လည်း နည်းနည်းပါးပါးတော့ သောက်တတ်စားတတ် တာပေါ့
အားကစားလည်း
သူ ဝါသနာပါလို့ ဘောလုံးပွဲလည်း
လောင်းတယ်လေ။
မကောင်းတဲ့ မိန်းမတွေနဲ့လည်း သူ မရှုပ်ဘူးတဲ့။
ကောင်းတဲ့ မိန်းမတွေနဲ့ပဲ့ ရှုပ်တာတဲ့။
ဘာပဲ့ဖြစ်ဖြစ် သမီးကို သူချစ်သလို
သမီးကလည်း သူ့ကိုချစ်တယ်။
သူက ကြင်နာယုယတတ်ပါတယ်။
ဂရုလည်းစိုက်တယ်။
ဟိုနေ့ကဆို သမီးပါးမှာ
ခြင်တစ်ကောင်နားနေလို့
သမီးကို ခြင်ကိုက်မှာ စိုးရိမ်ပြီ
သူ့လက်နဲ့ ဖျန်းကနဲရိုက်ပလိုက်တာ
သွားနှစ်ချောင်း ကျွတ်သွားတယ်။
မိဘဆိုတာ သားသမီးကို စိတ်ဆိုးလည်း ခဏတဲ့
ရွာဦးကျောင်းဆရာတော် ရှင်ပညာသာမိ
ပြောဖူးတယ်။
မိဘတွေက မြေးမျက်နှာမြင်ရင် အရည်ပျော်ရောတဲ့။ ဒါကြောင့်လည်း အမေတို့အဖေတို့
မြေးမြစ်တွေ ပွေ့ချီနိုင်အောင် သမီးတို့
ကြိုးစားမှာပါ။
အမေတို့ ဒီစာကို ဖတ်နေချိန်မှာ သမီးက
လေယာဉ်ပျံကြီးစီးပြီး ဟိုးအဝေးကို
သွားနေပြီ မထင်လိုက်ပါနဲ့။
သမီးအခု စီးနေတာ နွားလှည်းလိုလို
စက်အင်ဂျင်မကောင်းတဲ့ ဆိုင်ကယ်စုပ်ပေါ်မှာပါ။
ကျေးလက်သဘာဝကို သမီး ချစ်တယ်လေ။
ဒါကြောင့် ပကာသနနဲ့ စည်းစိမ်ဥစွာတွေကိုလည်း
မမက်တော့ပါဘူး။
တစ်နေ့ကျရင် သမီး အဖေတို့ အမေတို့
ရှိရာအိမ်ကို ဆက်ဆက် ပြန်လာခဲ့ပါမယ်။
သူနဲ့ကွဲသွားရင်ပေါ့။
အမေတို့ အဖေတို့ စိတ်ပြေလက်ပျောက် ဖြစ်ဖို့လည်း သားသား မီးမီးလေးတွေ လက်ဆောင်အနေနဲ့ ပြန်လာရင်ယူလာခဲ့ပါ့မယ်...!! 😝😁😂😂
ပုံ/ သမီးမိုက်
ⓒ͟ⓡ͟ⓔ͟ⓓ͟ⓘ͟ⓣ͟
ⓟⓗⓨⓞⓛⓨⓝⓝ
(ရယ်မောခြင်းဖြင့် ဘဝအမောတွေ ပြေပျောက်ကြပါစေ)

Comments
Post a Comment