ပြိုင်ဦးလေ ပူဆာဦးလေ ခိုင်းဦးလေ
**************************
"ဖုန္း...
ဖြောင်း...
ဘုန်းးး...."
"အောင်မလေး..တကယ်ကြောက်ပါပီရှင့်....
နောက်ဆို ဘာမှမဝယ်ခိုင်းတော့ပါဘူးတော့်"
"ဟေ့ကောင် မောင်ကျော်....တော်ပါတော့ဟ"
"မတော်နိုင်ဘူးသူကြီး...ဒီကောင်မမျိုးက ရိုက်မှဖြစ်မှာ"
"ဖုန္း...
ဖြောင်း..."
"သူကြီးရယ် ကယ်ပါဦး နောက်ဆို သူ့ကို ဘာမှမဝယ်ခိုင်းတော့ပါဘူးလို့ ကတိပေးပါတယ်ရှင့်"
"နေစမ်းပါဦးမောင်ကျော်ရာ....
သူက ဘာတွေဝယ်ခိုင်းနေလို့ ဒီလောက်ရိုက်နေတာလဲ"
"အသာနေပါသူကြီးရာ...သူကြီးမသိပါဘူး"
"ဟကောင်ရ...မသိလို့မေးနေတာပေါ့ကွ..."
"မပြောချင်ပါဘူးသူကြီးရာ"
"ဘာကြ ! !!
မပြောချင်ဘူး...ဟုတ်လား...
ရတယ်နော်....ငါ့အိမ်က ထိပ်တုံးပေါက်တွေအားနေတာ...မင်းနဲ့ထိပ်တုံးနဲ့ ညားသွားမယ် ဘာမှတ်နေလဲ"
"ဒီလိုပါသူကြီးရာ..
ဟိုဖက်က ကိုဇော်တို့အိမ်က ဖုန်းအသစ်ဝယ်တော့
အားကျမခံ လိုက်ဝယ်ခိုင်းတယ်...
သူတို့အိမ်က ဆိုင်ကယ်အသစ် ဝယ်စီးကြတော့လဲ
သူလဲ ဆိုင်ကယ်အသစ်လေးစီးချင်လို့တဲ့
ပူဆာတော့ဝယ်ပေးရပြန်ရောဗျာ...."
"ဟိုတလောလေးကပဲ
အဲဒီကိုဇော့်မိန်းမက ဆွဲကြိုးအသစ်လေး ဝတ်ထားတာမြင်တော့ သူကလဲဝတ်ချင်ပါတယ်ဆိုလို့
မရှိမဲ့ရှိမဲ့လေးစုပြီး ဝယ်ပေးလိုက်ရသေးတယ်..
ဟိုက ဘာလေးမို့အသစ်မဝယ်လိုက်နဲ့..ဝယ်လိုက်ရင် သူက ခိုင်းပီးသားပဲ"
"မောင်ကျော်ရာ..မိန်းမဆိုတဲ့အမျိုးက
ပြိုင်ဆိုင်ကြွားဝါတတ်တဲ့အမျိုးဆိုတာ မင်းလဲသိပီးသားပဲကွာ...
တကယ်လို့ သူလိုချင်တာက မင်းတတ်နိုင်တဲ့ဟာမျိုးဆိုရင် ဝယ်ပေးလိုက်ပါကွာ...
မရိုက်ပါနဲ့ ..."
"မဟုတ်သေးဘူးသူကြီးရ..ကျုပ်က ဝယ်ပေးပါတယ်"
"အရင်တုန်းကတော့ ဟိုဘက်အိမ်က ဘာပစ္စည်းဝယ်ဝယ်
မရမချင်း လိုက်လုပ်ခိုင်းပီးတော့...
အခုလဲ ခိုင်းလေဗျာ...အခုကြတော့မှဗျာ....
တောက်စ်..."
"စိတ်ထိန်းစမ်းပါမောင်ကျော်ရာ...
အခု သူတို့က ဘာဝယ်လိုက်လို့လဲ"
"ဘာဝယ်ရမလဲသူကြီးရ....
အဲ့ကောင်က နောက်မိန်းမ ထပ်ယူလိုက်တယ်လေ...."
"လုပ်လေ...ကျုပ်ကိုလဲ ခိုင်းလေ.....
ဒါမျိုးကြတော့ မယူခိုင်းဘူး တစ်ခွန်းမှမပြောဘူးဗျာ...."
"ကတောက်စ်...."
Credit#
copy#

Comments
Post a Comment