လူ့တစ်သက်၊ ရက် သုံးသောင်း သာ

**********************************


ကိန်းဂဏန်း မြင်လိုက်တာနဲ့ 

စာဖတ်သူတို့ လန့်သွားလိမ့်မယ်


လူ့ဘဝက တကယ်ပဲ 

ရက်သုံးသောင်းပဲ ရှိတာလား?


မယုံလို့ တွက်ကြည့်လိုက်တယ်။

30,000 ÷ 365 = 83(နှစ်)


တကယ် ၈၃နှစ်ထိ အသက်ရှင်ခဲ့ရင်တောင် 

ပျှမ်းမျှ ရက်၃သောင်းပဲ ရှိပါသည်။


ဒါတောင် ကျွန်တော်တို့ ရက်ပေါင်း ဘယ်လောက်ကို မသိမသာကျော်ခဲ့သလဲဆိုတာ

ပြန်မနှုတ်ကြည့်ရသေးပါဘူး။


ကျွန်တော် အစက လူ့ဘဝကို 

ဖာသိဖာသာပဲ ထင်ခဲ့တာ။


ညအိပ်ပြီးမနက်ရောက်မယ်..

ဒီနေ့ပြီး မနက်ဖြန်။

မနက်ဖြန်ပြီး သန်ဘက်ခါ။

သန်ဘက်ခါပြီး ဖိန်းနွှဲခါပေါ့။


ဒါပေမယ့် 

ဒီကိန်းဂဏန်းကို

မြင်ပြီးတဲ့ နောက်ပိုင်းမှာ

လူ့ဘဝဟာ တိုတိုလေးပါလားဆိုတာ 

သိလိုက်ရတယ်။


ဒီလောက် လူ့ဘဝ 

ရက်ပေါင်းတိုတိုလေး အတွင်းမှာ....


ဘယ်လို အခိုက်အတန့်တွေက 

တန်ဖိုးအရှိဆုံး အချိန်တွေဖြစ်မလဲ?


လူ့ဘဝဟာ တန်ဖိုးရှိမှန်း 

ကျွန်တော်တို့ သိကြပါတယ်။


ရှေးလူကြီးတွေ ပြောဖူးတယ်။

ကောင်းကင်က အပ်တစ်စင်းနဲ့ 

လူ့ပြည်က အပ်တစ်စင်းထိဖို့လွယ်မယ်.. 

လူဖြစ်ဖို့က ခဲယဉ်းတယ် .. 


ဒါပေမယ့် 

သေဖို့ကတော့ 

မြေကြီးလက်ခတ်မလွဲဘူးဟေ့ -"တဲ့။


ဒါ့ကြောင့် ကျွန်တော်တို့.... 


တစ်ရက် အသက်ရှင်နိုင်ရင်

အဲဒီတစ်ရက်ကို ဘယ်လိုမြတ်နိုးရမလဲဆိုတာ

တွေးတတ်ဖို့ လိုမယ်။


တစ်ရက် ရှင်သန်ခွင့်ရရင်

အဲဒီတစ်ရက်သည် အဓိပ္ပါယ်ရှိဖို့ လိုမယ်။


တန်ဖိုးရှိလှတဲ့ ကိုယ့်ရဲ့နေ့ရက်တိုင်းကို


အဓိပ္ပါ ယ် မရှိတာတွေနဲ့


အချိန်မဖြုန်းမိပါစေနဲ့ဗျာ...။


Credit:Original uploader. .


ကောင်းမှုတခုနေ့စဥ်ပြုနိုင်ကြပါစေ..mgmgthu

Comments

Popular posts from this blog

ချောတယ်လို့