ကျွန်တော်ငယ်ငယ်က စာမတော်ဘူး

1 to 10 မပြောနဲ့

10 to 20 တောင် မဝင်ခဲ့ဘူး

ကျွန်တော်လည်း ကို့အစွမ်းအစရှိသလောက်

ကြိုးစားကျက်တာပဲ..

နားလည်တာတွေရှိသလို 

နားမလည်တာတွေလည်းရှိတယ်...

ဒီတော့ အလွတ်ကျက် 

ဒါမေး ဒါဖြေကာလက စာမေးပွဲတွေမှာ

အလွတ်မကျက်နိုင်တဲ့ကျွန်တော်

အဆင့်တွေလည်း မကောင်းခဲ့ဘူး...


စာတော်တဲ့အထဲမပါတော့

အတန်းထဲမှာကျွန်တော် မျက်နှာလည်းမရခဲ့ပါဘူး..


ဆရာမနားနေခန်းမှာ

စာတွေသွားသွားမေးပြီး အချိန်ရှိသရွေ့စာလုပ်နေတဲ့

သူတွေကလည်း ကျွန်တော့်ကိုမပေါင်းကြဘူး...


အရမ်းမချမ်းသာတော့

ဆရာတွေဆရာမတွေကို

အိမ်မှာဝိုင်းခေါ်ပြီးလည်းမသင်နိုင်ခဲ့တော့

အတန်းထဲမှာကျွန်တော့်နာမည်ဟာ

အတန်းတက်လို့နာမည်ခေါ်ရင်ထူးဖို့တစ်ခုပဲ

အသုံးဝင်ခဲ့တယ်..


အတူထိုင်တဲ့သူငယ်ချင်း သုံးလေးယောက်လောက်ကလွဲရင်

ကျွန်တော် ရှိမှန်းတောင်မသိကြဘူး..


အရင်ကတော့ ကျွန်တော် စိတ်ထဲ

အဆင့်၁ရသူတွေဟာ ...

သူတို့အသက်ကြီးလာရင် ပညာတက်ကြီးတွေဖြစ်လာလိမ့်မယ်

ငွေတွေချမ်းသာကြလိမ့်မယ်

သူတို့ဘဝတွေအမြဲအောင်မြင်ကြမယ်လို့

ထင်ခဲ့မိတယ်...


ဆရာဆရာမတွေကလည်း

သူတို့သည်သာ စံပြ

သူတို့သည်သာ ဆရာဝန် အင်ဂျင်နီယာတွေဖြစ်ကြလိမ့်မယ်

သူတို့သည်သာ ချမ်းချမ်းသာသာနေရလိမ့်မယ် ဆိုပြီး

အမြဲပြောခဲ့ကြတယ်...


ကျွန်တော်တို့က အဆင့်မကောင်းခဲ့ဘူး

ပညာမတော်ဘူး

ကြီးလာရင် ဆင်းရဲလိမ့်မယ် 

ပင်ပန်းလိမ့်မယ်ဆိုပြီး စာတွေကိုပဲအလွတ်ကျက်ခိုင်းကြတယ်...


အဲ့အတွက် ကျွန်တော်တို့လို

အမှတ်မကောင်း

အဆင့်မကောင်းသူတွေဟာ

ငါတို့ကြီးလာရင် လူရာဝင်မှာမဟုတ်ဘူးဆိုပြီး

အတွေးရှိခဲ့ကြဘူးတယ်....


အဆင့်မကောင်းတဲ့ကျွန်တော်ဟာ

ဘယ်ဆရာမရဲ့မျက်နှာသာပေးခြင်းကိုမှ

မခံရသလို

ငွေကြေးမချမ်းသာလို့

ကျောင်းပွဲတော်တွေရဲ့ဘယ်နေရာမှာမှ

လူရာမဝင်ခဲ့ဘူး...


ဒီအကြောင်းတွေကိုကျွန်တော့်အမေကိုပြန်ပြောတိုင်း

အမေကစကားတစ်ခွန်းအမြဲပြောတယ်

# အဆင့်မကောင်းပေမယ့်

"လူကောင်းဖြစ်အောင်ကြိုးစားပေါ့သားရဲ့"တဲ့

" ငါ့သားက စာညံ့ပမေဲ့

ကြီးလာရင် လူရာဝင်မှာပါ"တဲ့.....


ခုပြန်တွေးကြည့်တော့လည်း

အမေပြောတာလေးတွေမမှားခဲ့ဘူးဆိုတာ

ကျွန်တော်သိခဲ့တယ်


ခုချိန်မှာတော့...

ငယ်ငယ်ကအဆင့်၁ ဆိုတဲ့သူတိုင်းလည်း

မချမ်းသာကြသလို...


အမှတ်ကောင်းခဲ့တဲ့သူတိုင်းလည်း

ဆရာဝန်မဖြစ်ခဲ့ကြပါဘူး


ဆရာမတွေရဲ့မျက်နှာသာပေးတာခံခဲ့ရတဲ့

သူတချို့လည်း

လောကဓံရဲ့မျက်နှာသာပေးခြင်းကိုမခံရဘဲ အဆင်မပြေနေကြတဲ့သူတွေလည်း

ကျွန်တော်တွေ့နေရတယ်


၉တန်းတောင်မအောင်တဲ့သူတွေက

သိန်းကိုသောင်းနဲ့ချီချမ်းသာနေကြပြီး...


နှစ်စဉ်ပထမရခဲ့တဲ့သူတချို့ကတော့

ရာထူးတစ်ခု၊ထိုင်ခုံတလုံး

ဘောပင်တစ်ချောင်းနဲ့

အသက်တွေကြီးသွားတာကျွန်တော် မြင်နေရတယ်


ဆယ်တန်းကိုရိုးရိုးသာအောင်ခဲ့တဲ့သူတွေက

ကားသစ် လဲစီးနေကြပြီး

ဂုဏ်ထူးတွေနဲ့အောင်တဲ့သူတွေက

Bus ကားစီးနေရတုန်းပဲ...


စာတော်ခဲ့ပြီး အဆင်ပြေနေကြသူတွေရှိသလို

စာညံ့တဲ့သူတွေ ဆင်းရဲနေတုန်းပဲဆိုတာလည်း

ကျွန်တော် တွေ့နေရတယ်


ဆိုတော့...


ကျွန်တော်ငယ်ငယ် စာမရလို့စိတ်ဓာတ်ကျပြီး

ငိုခဲ့တာတွေ..

အဆင့်-၁*ရတဲ့သူတွေရဲ့ကျွန်တော်တို့ကို

နှိမ်ချဆက်ဆံတာတွေ..

ကျွန်တော်တို့ရဲ့ အဆုံးအဖြတ်ဟာ

Report card ပေါ်ကအဆင့်သာလျှင်ဖြစ်တယ်လို့

ကျွန်တော်ထင်ခဲ့တာတွင်

အားလုံးဟာ 

"ဟာသ". ..လိုဖြစ်နေတယ်


ကံကြမ္မာရဲ့အဆုံးအဖြတ်ဟာ

အဆင့်သက်မှတ်ချက်တွေထက်

ပိုအရေးကြီးတယ်ဆိုတာသိလာတဲ့အခါ..


ဘဝပေးအခြေအနေနဲ့

မိဘရဲ့ထောက်ပံ့ပေးနိုင်မှုတွေဟာ

အတန်းထဲမှာ ပထမရတာထက်

ပိုအရေးကြီးတယ်ဆိုတာ...


ပညာရေးမှာမထူးချွန်ပေမယ့်

လူတိုင်းဟာ တခြားတခုခုမှာ

ထူးချွန်နိုင်တယ်ဆိုတာ...


ဘဝမှာ ကိုယ်ယုံကြည်ရာကိုသာ

သေချာကြိုးစားရင် 

အဆင့်၁,မရလည်းကိစ္စမရှိဘူးဆိုတာ

သိလာတဲ့အချိန်မှာ...


ကျွန်တော့် သားသမီးတွေကို

အတန်းထဲမှာ ပထမရဖို့ 

အသည်းအသန်ကြိုးစားခိုင်းပြီး

အပူလောင်နေတဲ့မိဘတွေထဲ

ကျွန်တော် မပါတော့ဘူး...


ကျွန်တော့်အမေလိုဘဲ

ကျွန်တော့် သားသမီးတွေကို

စကားတခွန်းပဲကျွန်တော် အမြဲပြောတယ်


🚩.."အဆင့် ၁ရဖို့ထက် 

လူကောင်းဖြစ်အောင် ကြိုးစားပါ


🚩..အဆင့်၁ ရဖို့ထက်

လူရာဝင်အောင် လူဝင်ဆံ့အောင်ပိုကြိုးစားပါ


🚩..အတန်းထဲမှာ မျက်နှာရဖို့ထက်

A. ဆိုတဲ့အခန်းမှာနေရဖို့ထက်

ပြင်ပလောကမှာ အောင်မြင်စွာရပ်တည်ဖို့

အမြဲကြိုးစားပါ"........

Crd


Credit to original writer

🚩🚩🚩

Comments

Popular posts from this blog

ချောတယ်လို့